Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တောင်ကြီး ဂိုဏ်းချုပ်သာသနာ အခြေခံမီဒီယာသင်တန်းပြုလုပ်

တောင်ကြီးသာသနာ လူထုဆက် သွယ်ရေး (Signis) မှ ပြုလုပ်သော အခြေခံ မီဒီယာသင်တန်းကို ၂၀၁၉ခုနှစ် စက်တင် ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ တောင်ကြီးမြို့၊ ဂနိုင်ရေးရပ်ကွက်၊ စိန်အန် ထော်နီကျောင်းတွင် ကျင်းပခဲ့ပါသည်။ သင် တန်းသို့ တိုက်နယ်အသီးသီးမှ လူငယ် မောင်မယ်များ ၃၅ ဦး တက်ရောက်ခဲဲ့ကြ သည်။
    သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ လူငယ်များ သတင်းအရေးအသား တတ်လာစေရန်၊ Social Media ကို အကျိုး ရှိရှိ အသုံးပြုတတ်စေလာရန်နှင့်  သတင်း တစ်ပုဒ်ကို အမှားအမှန်ခွဲခြား သိမြင်လာစေ ရန် ဖြစ်သည်ဟု TCYC / OSC Director မှ အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
    သင်တန်းပထမနေ့ ၁၃ ရက်နေ့ တွင် သံလွင်သွေးချင်း သတင်းဂျာနယ် အယ်ဒီတာဖြစ်သော ဆရာမဒေါ်မြဝန်းရံက အခြေခံသတင်းရေးသားနည်း၊ သတင်းယူ နည်း၊ မီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးနှင့် Facebook ကို မှန်ကန်အကျိုးရှိစွာ အသုံးပြု ရန် နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ သည်။
    ၁၄ ရက်နေ့တွင် Mong Pan Youth အဖွဲ့မှ ကိုမျိုးလှိုင်ဝင်းက မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်း၊ ဖုန်းဖြင့် ဗွီဒီယိုဖန်တီး ပြုလုပ်ခြင်းနှင့် ဓါတ်ပုံတစ်ပုံ၏ အရည်အ သွေးကောင်းမွန်လာစေရန် တည်းဖြတ်ပေး ခြင်းကို အခြေခံမှစ၍ လက်တွေ့နှင့်တကွ သင််ကြားပေးခဲ့သည်။
    ထို့နောက် ၁၅ ရက်နေ့ နံနက် တွင် တောင်ကြီးသာသနာ ဆရာတော် Basilio Athai က လူငယ်မစ္ဆားကို ဦးဆောင် ပူဇော်ပေးသွားခဲ့သည်။ မစ္ဆားအပြီး၌ ဆရာ တော်ဘုရားသည် လူငယ်များနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။
OSC TGI


2019-10-03 23:48:56
NEWS AND EVENTS