Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

၂၀၂၂ ခုနှစ် ဇွန်လ (၂၅)ရက်နေ့ - ကမ္ဘာ့မိသားစုနေ့

၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ - အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများနေ့

 

ရက်စွဲ။ ။ ၁၃ ဇွန် ၂၀၂၂ 

 

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့

 

ရဟန်းမင်းကြီးရုံးတော် ရောမမိသားစုရေးရာကော်မရှင်မှ (၁၀)ကြိမ်မြောက် တကမ္ဘာလုံးဆိုင်ရာ မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ကို ဇွန်လ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့ထိ ကျင်းပသွားရန် စီစဉ်နေပါသည်။

ထို့အတူ အောက်တွင်ဖော်ပြထားသော နေ့ထူးနေ့မြတ်(၂)ရက်ကို ကျင်းပရန် သာသနာအသီးသီးအား နှိုးဆော် အပ်ပါသည်။

 

၂၀၂၂ ခုနှစ် ဇွန်လ (၂၅)ရက်နေ့ကို ကမ္ဘာ့မိသားစုနေ့အဖြစ် သတ်မှတ်ထားပါသည်။ အဖရဟန်းမင်းကြီး ရွေးချယ်ထား သောဆောင်ပုဒ်မှာ “မိသားစုချစ်ခြင်းဆိုသည်မှာ ခေါ်တော်မူခြင်းနှင့် သန့်ရှင်းခြင်းသို့ရောက်စေသောလမ်း” ဖြစ်သည်။

ဤနေ့တွင် မိမိတို့ဒေသအသီးသီး၏ အခြေအနေပေးနိုင်မှုအပေါ်မူတည်ပြီး မိသားစုများအား အောက်ပါအခွင့် အရေးများ ပေးရပါမည်။

မိသားစုများအားလုံးအတွက် မစ္ဆားတရားပူဇော်ပေးရန်

မိသားစုများအတွက် နေ့တဝက်သင်တန်း ပို့ချပေးပြီး အဖွဲ့လိုက်ခွဲကာ အတွေ့အကြုံများကို ဝေငှစေရန် (သို့မဟုတ်) နေ့တဝက်ဝတ်စောင့်ခြင်းပြုလုပ်ပေးပြီး အဖွဲ့လိုက်ခွဲကာ အတွေ့အကြုံများကို ဝေငှစေရန်

ဂဂ အဖွဲ့များကို ဖခင်အဖွဲ့၊ မိခင်အဖွဲ့ နှင့် သားသမီးများအဖွဲ့များ ခွဲပြီး အဖွဲ့အသီးသီးတွင် ဝေငှမှုများပြုလုပ်ရန်

 

၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ကို အဖိုးအဖွားများနှင့် သက်ကြီးရွယ်အိုများနေ့ အဖြစ်သတ်မှတ်ထားပါသည်။ အဖရဟန်းမင်းကြီး ရွေးချယ်ထားသောဆောင်ပုဒ်မှာ “ယင်းတို့သည် အိုသောအရွယ်၌ပင် အသီးသီးကြလိမ့်မည်။ 

(ဆာလံ ၉၂ါ်၁၄)” ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိဘများပွဲနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုတွင်မိဘများပွဲနေ့နှင့်အတူ အဖိုးအဖွားများနှင့် သက်ကြီး ရွယ်အိုများနေ့ကိုပါ ပူးတွဲကျင်းပရန် တိုက်တွန်းအပ်ပါသည်။ ဤနေ့တွင် အဖိုးအဖွားများ၊ သက်ကြီးရွယ်အိုများနှင့် မိဘများအတွက် မစ္ဆားတရားပူဇော်ပေးရန် ဖြစ်သည်။ မိမိတို့ဒေသအသီးသီး၏ အခြေအနေပေးနိုင်မှုအပေါ်မူတည်ပြီး သက်ကြီးရွယ်အိုများအားကန်တော့ပွဲ၊ ဂုဏ်ပြုသီချင်းများသီဆိုပေးခြင်းနှင့် အခြားအစီအစဉ်များကို ပြုလုပ်ပေးကြရန် ဖြစ်သည်။

 

 

ခရစ်တော်၏နာမတော်မြတ်၌

Fr. Augustine Moe Win Aung


2022-06-13 01:37:21
NEWS AND EVENTS