Synod 2021 - 2023
Questions (ဖြေဆိုရန်မေးခွန်းများ)
မေးခွန်းများအား (၁၅. ၀၃. ၂၀၂၂) နောက်ဆုံးထား၍ ဖြေဆိုပေးရန်
(၁)ကျွန်ုပ်တို့၏ ဒေသဆိုင်ရာ သာသနာတော်တွင် ”အတူလျှောက်လှမ်း”သူတို့မှာ မည်သူတို့ ဖြစ်သနည်း။
(1) In our local Church, who are those who “walk together”?


(၂)မည်သူတို့မှာ ဝေးကွာနေသယောင် ဖြစ်နေကြပါသနည်း။
(2) Who are those who seem further apart?



(၃) ခရီးဖော်များအဖြစ် တိုးတက်ကြီးထွားစေဖို့ ကျွန်ုပ်တို့သည် မည်သို့ဖိတ်ခေါ် ခကြရသနည်း။
(3) How are we called to grow as companions?


(၄) မည်သည့်အဖွဲ့အစည်းများ၊ သီးခြားပုဂ္ဂိုလ်များသည် ဝိုင်းပြင်ပ၌ ချန်ထား ခံကြရပါသနည်း။
(4) What groups or individuals are left on the margins?


(၅) ကျွန်ုပ်တို့ တခါတရံ မသိကျိုးကျွန် ပြုမိသော အသံများအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့ စကားပြောတော် မူပါသနည်း။
(5) How is God speaking to us through voices we sometimes ignore?



(၆) လူဝတ်ကြောင်များ (အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်လူရွယ်များ) အား မည်သို့ နားထောင်ပေး ပါသနည်း။
(6) How are the laity listened to, especially women and young people?


(၇) ကျွန်ုပ်တို့၏ နာထောင်ပေးခြင်းကို မည်သည့်အရာက လွယ်ကူချောမော စေသနည်း။
(7) What facilitates or inhibits our listening? How well do we listen to those on the peripheries?



(၈) ဝိုင်းပြင်ရောက် နေသူများအား ကျွန်ုပ်တို့မည်သို့ ကောင်းကောင်းနားထောင် ပေးသနည်း။
(8) How is the contribution of consecrated men and women integrated?



(၉) ကျွန်ုပ်တို့နှင့် အမြင်မတူသော သူတို့အား နားထောင် ပေးနိုင်စွမ်းရှိဖို့ မည်သည့် ကန့်သတ်ချက်အချို့ ရှိသနည်း။
(9) What are some limitations in our ability to listen, especially to those who have different views than our own?



(၁၀) လူနည်းစုများ၊ အထူးသဖြင့် ဆင်းရဲခြင်း၊ ခွဲခြားခံရခြင်း၊ (သို့) လူမှုအသိုင်းအဝိုင်းမှ ထုတ်ပယ်ခံရခြင်းကို ကြုံတွေ့နေရသော သူတို့၏ အသံအတွက် နေရာရှိပါသလား။
(10) What space is there for the voice of minorities, especially people who experience poverty, marginalization, or social exclusion?


(၁၁) ကျွန်ုပ်တို့၏ သာသနာတွင်း၌ လည်းကောင်း၊ လူ့အသိုင်းအဝိုင်း၌ လည်းကောင်း ရဲဝံ့စွာ ပွင့်လင်းစွာ တာဝန်ယူစိတ်ရှိစွာ ပြောဆိုနိုင်ဖို့ မည်သည့်အရာများက အားပေးသနည်း။ မည်သည့်အရာများကိ အဟန့်အတား ဖြစ်စေသနည်း။
(11) What enables or hinders speaking up courageously, candidly, and responsibly in our local Church and in society?


(၁၂) ကျွန်ုပ်တို့အဖို့ အရေးကြီးသော အရာကို မည်သည့်အချိန်တွင် မည်ကဲ့သို့ ကျွန်ုပ်တို့ ပြောဆိုနိုင်ကြပါသနည်း။
(12) When and how do we manage to say what is important to us?



(၁၃) (ကက်ကသလစ် လူထုဆက်သွယ်ရေးနှင့် သာမက) ပြင်ပလူထု ဆက်သွယ်ရေးစနစ်နှင့် ကျွန်ုပ်တို့ကြား မည်သည့်ဆက်ဆံရေးမျိုး ရှိသနည်း။
(13) How does the relationship with the local media work (not only Catholic media)?



(၁၄) ခရစ်ယာန် အဖွဲ့အစည်းကိုယ်စား မည်သူက ပြောဆိုပေးသနည်း။ ထိုသူများကို မည်သို့ ရွေးချယ်သနည်း။
(14) Who speaks on behalf of the Christian community, and how are they chosen?


(၁၅) ကျွန်ုပ်တို့၏ ”အတူတကွ ခရီးနှင်မှု” အား ဆုတောင်းမေတ္တာနှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့က ကျွန်ုပ်တို့၏ အတူတကွ ရှင်သန်မှုနှင့် သာသနာပြုမှုအတွက် မည်ကဲ့သို့လှုံ့ဆော်၊ လမ်းညွှန်ပေးသနည်း။ ၎င်းတို့သည် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့ မည်သို့ လှုံ့ဆော်ပေးသနည်း။
(15) How do prayer and liturgical celebrations actually inspire and guide our common life and mission in our community? How do they inspire the most important decisions?


(၁၆) ဝတ်ပြုကိုးကွယ်မှုများ၌ ယုံကြည်သူများ အင်တိုက်အားတိုက် ပါဝင်နိုင်ရန် ကျွန်ုပ်တို့မည်သို့ အားပေးလုပ်ဆောင်သနည်း။
(16) How do we promote the active participation of all the faithful in the liturgy?


(၁၇) နှုတ်ကပတ်တော် အမှုတော်ဆောင်နှင့် ယဇ်ပလ္လင် အမှုတော်ဆောင်ခြင်းတို့အတွက် မည်သည့်နေရာပေးပါသနည်း။
(17) What space is given to participating in the ministries of lector and acolyte?


(၁၈) ကျွန်ုပ်တို့သည် သာသနာပြု တပည့်တော်များဖြစ်သောကြောင့် သာသနာပြုလုပ်ငန်းတွင် ဆေးကြောခြင်းမင်္ဂလာခံယူပြီးသူ တဦးချင်းစီသည် ဦးဆောင်လုပ်ဆောင်သူများအဖြစ် မည်ကဲ့သို့ဖိတ်ခေါ်ခံကြရသနည်း။
(18) Since we are all missionary disciples, how is every baptised person called to participate in the mission of the Church?


(၁၉) ဆေးကြောခြင်းခံယူပြီးသူများသည် သာသနာပြုလုပ်ငန်းတွင် အင်တိုက်အားတိုက် မပါဝင်နိုင်စေရန် မည်သည့်အရာများက တားဆီးထားပါသနည်း။
(19) What hinders the baptised from being active in mission?



(၂၀) သာသနာပြုလုပ်ငန်း၏ မည်သည့်နယ်ပယ်များကို ကျွန်ုပ်တို့ လျစ်လျူရှုထားပါသနည်း။
(20) What areas of mission are we neglecting?



(၂၁) အဖွဲ့အစည်းအနေနှင့် အဖွဲ့အစည်း၏ ကောင်းကျိုးဖြစ်သော (လူမှုရေးနှင့် နိုင်ငံရေး နယ်ပယ်၌လည်းကောင်း၊ သိပ္ပံဆိုင်ရာစူးစမ်းရှာဖွေမှုနှင့် သင်ကြားရေး နယ်ပယ်၌လည်ကောင်း၊ လူမှုရေးရာတရားမျှတမှု တိုးတက်စေရေး လုပ်ဆောင်မှုများ၌လည်းကောင်း၊ လူ့အခွင့်အရေးများကို အကာအကွယ်ပေးမှု၌လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၌လည်းကောင်း စသည်ဖြင့်) ဆက်ကပ်လုပ်ဆောင်နေကြသော မိမိအသင်းသူ / သား များအား မည်သို့ကူညီထောက်ပံ့သနည်း။
(21)How does the community support its members who serve society in various ways (social and political involvement, scientific research, education, promoting social justice, protecting human rights, caring for the environment, etc.)?


(၂၂) သာသနာပြုနည်းလမ်းဖြင့် လူ့အသိုင်းအဝိုင်းအား အစေခံမှုများကိုဘာသာဝင်တို့ လက်တွေ့လုပ်ဆောင်ရှင်သန်နိုင်ဖို့အတွက် သာသနာတော်က သူတို့အား မည်သို့ကူညီပေးသနည်း။
(22)How does the Church help these members to live out their service to society in a missionary way?


(၂၃) သာသနာပြုခြင်းဆိုင်ရာ ရွေးချယ်မှုများအား မည်သို့ရှာဖွေလုပ်ဆောင်သနည်း။ မည်သူတို့ပါဝင်သနည်း။
(23) How is discernment about missionary choices made and by whom?


(၂၄) ကျွန်ုပ်တို့၏ အဖွဲ့အစည်းတွင် မတူကွဲပြားသူတို့သည် အတူတကွစုဝေးကာ အပြန်အလှန်စကားပြောဆိုမှုကို မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နေကြပါသနည်း။
(24) To what extent do diverse peoples in our community come together for dialogue?


(၂၅) ကျွန်ုပ်တို့၏သာသနာနယ်အသီးသီးတွင် မည်သည့်နေရာ၊ မည်သည့် နည်းလမ်းများဖြင့် အပြန်အလန်ပြောဆိုဆက်ဆံမှုပြုကြသနည်း။
(25) What are the places and means of dialogue within our local Church?


(၂၆) မတူညီသောအမြင်များ၊ ဆန့်ကျင်မှုများနှင့် အခက်အခဲများကို ကျွန်ုပ်တို့မည်သို့ထုတ်ဖော် လက်ခံကြပါသနည်း။
(26)How do we promote collaboration with neighbouring dioceses, religious communities in the area, lay associations and movements, etc.?



(၂၇) ကျွန်ုပ်တို့၏ အိမ်နီးချင်း ဆရာတော်တပိုင်သာသနာများနှင့်လည်းကောင်း၊ ထိုနေရာရှိ သူတော်စင်အဖွဲ့အစည်းများနှင့် သူတော်စင်အချင်းချင်းတို့ကြား၌လည်းကောင်း၊ လူဝတ်ကြောင် ဘာသာဝင်များ၏ အဖွဲ့အစည်းများ၊ လှုပ်ရှားမှုများနှင့် ၎င်းတို့အချင်းချင်း ကြား၌လည်းကောင်း ပူးပေါင်းဆောင်ရွက်မှုကို ကျွန်ုပ်တို့မည်သို့ တိုးတက်စေသနည်း။
(27) How are divergences of vision, or conflicts and difficulties addressed?


(၂၈) သာသနာတော်နှင့် လူအဖွဲ့အစည်း၌ မည်သည့်ပြဿနာထူးမျိုးကို ကျွန်ုပ်တို့ ပိုမိုအာရုံစိုက်ဖို့ လိုသနည်း။
(28) What particular issues in the Church and society do we need to pay more attention to?



(၂၉) အခြားဘာသာဝင်များနှင့် မည်သည့်ဘာသာဝင်မျှမဟုတ်သူများနှင့်အတူ ပူးပေါင်းဆက်ကပ် ဆောင်ရွက်မှုတို့မှ မည်သည့် အပြန်အလှန်ပြောဆိုဆက်ဆံမှုဆိုင်ရာ အတွေ့အကြုံများကို ကျွန်ုပ်တို့ရရှိသနည်း။
(29) What experiences of dialogue and collaboration do we have with believers of other religions and with those who have no religious affiliation?



(၃၀) သာသနာတော်သည် အခြားလူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများဖြစ်သည့် နိုင်ငံရေး၊ စီးပွါးရေး၊ ယဉ်ကျေးမှု၊ အရပ်သားအဖွဲ့အစည်း၊ ဆင်းရဲသူဆင်းရဲသားများတို့နှင့် မည်သို့အပြန်အလှန် ဆက်ဆံမှုပြုပါသနည်း။
(30) How does the Church dialogue with and learn from other sectors of society: the spheres of politics, economics, culture, civil society, and people who live in poverty?


(၃၁) အခြားခရစ်ယာန်အသင်းများမှ ညီအစ်ကို မောင်နှမများနှင့် ကျွန်ုပ်တို့ မည်သည့် ဆက်ဆံရေးမျိုး ရှိကြသနည်း။
(31)What relationships does our Church community have with members of other Christian traditions and denominations?


(၃၂) ကျွန်ုပ်တို့မည်သည့်အရာကို ဝေမျှကြ၍ မည်ကဲ့သို့အတူတကွခရီးပြုကြပါသနည်း။ ဤ ”အတူတကွခရီးပြုခြင်း” မှ မည်သည့်အသီးအပွင့်များကို ကျွန်ုပ်တို့ရယူကြသနည်း။ မည်သည့်အခက်အခဲများ ရှိပါသနည်း။
(32) What do we share and how do we journey together? What fruits have we drawn from walking together? What are the difficulties?


(၃၃) အချင်းချင်း အတူတကွလျှောက်လှမ်းကြဖို့ ခြေလှမ်းသစ်ကို ကျွန်ုပ်တို့မည်သို့စတင် နိုင်ကြမည်နည်း။
(33) How can we take the next step in walking forward with each other?


(၃၄) ရှာဖွေရမည့်ပန်းတိုင်များနှင့် ၎င်းတို့ကိုပြီးပြတ်အောင် လုပ်ဆောင်နိုင်မည့်နည်းလမ်းနှင့် လှမ်းရမည်ခြေလှမ်းများကို ကျွန်ုပ်တို့ မည်သို့ပုံဖော်သနည်း။
(34)How does our Church community identify the goals to be pursued, the way to reach them, and the steps to be taken?


(၃၅) ကျွန်ုပ်တို့၏ သာသနာငယ် အသီးသီးတွင် အခွင့်အာဏာကို မည်သို့ကျင့်သုံးပါသနည်း။
(35) How is authority or governance exercised within our local Church? 



(၃၆) အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် အတူအကွတာဝန်ယူမှုကို မည်ကဲ့သို့ လက်တွေ့ လုပ်ဆောင်နေပါသနည်း။
(36) How are teamwork and co-responsibility put into practice? 



(၃၇) မည်သူက၊ မည်ကဲ့သို့ ပြန်လည်သုံးသပ်မှုများကို လုပ်ဆောင်ပါသနည်း။
(37) How are evaluations conducted and by whom? 



(၃၈) ယုံကြည်သူတို့၏ လူဝတ်ကြောင်ဘဝ အမှုတော်ဆောင်မှုနှင့် ၎င်းတို့အတူတကွ တာဝန်ယူမှုများ တိုးတက်စေဖို့ကို မည်ကဲ့သို့ အားပေးလုပ်ဆောင်သနည်း။
(38) How are lay ministries and the responsibility of lay people promoted? 



(၃၉) ဒေသဆိုင်ရာသာသနာငယ်အဆင့်၌ ညီလာခံကျင်းပမှု၏အတွေ့အကြုံများ ခံစားရရှိပါသလား။
(39) Have we had fruitful experiences of synodality on a local level? 



(၄၀) ညီလာခံအစုအဖွဲ့ ကိုယ်ထည်ကြီးအနေနှင့် ဒေသဆိုင်ရာသာသနာအဆင့်၌ (ဆရာတော်တပိုင် သာသနာနယ်များ၊ ရဟန်းတပိုင်သာသနာနယ်များ၏ သိုးထိန်းဆိုင်ရာကောင်စီ၊ ဦးဆောင်ရဟန်းများ၏ကောင်စီ၊ စသည်ဖြင့်) မည်သို့လုပ်ဆောင်မှုများရှိသနည်း။
(40) How do synodal bodies function at the level of the local Church (Pastoral 
Councils in parishes and dioceses, Presbyteral Council, etc.)? 



(၄၁) ကျွန်ုပ်တို့၏ ပါဝင်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍများ၌ ဓမ္မညီလာခံဆိုင်ရာချဉ်းကပ်မှုကို ပိုမိတိုးတက်စေရန် ကျွန်ုပ်တို့မည်ကဲ့သို့ လုပ်ဆောင်ပါသနည်း။
(41)How can we foster a more synodal approach in our participation and leadership?


(၄၂) ဆုံးဖြတ်ချက်များချမှတ်ရာတွင် မည်သည့်နည်းလမ်းများ၊ မည်သည့်ဆင့်ကဲဖြစ်စဉ်များကို ကျွန်ုပ်တို့အသုံးပြုကြပါသနည်း။
(42)What methods and processes do we use in decision-making?



(၄၃) ၎င်းဆုံးဖြတ်ချက်အား ပိုမိုကောင်းမွန်စေဖို့ ကျွန်ုပ်တို့မည်သို့ဆောင်သနည်း။
(43) How can they be improved?



(၄၄) အဆင့်ဆင့်အုပ်ချုပ်မှုပုံစံရှိသော အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်ချရာ၌ ပူးပေါင်းပါဝင်မှုတိုးတက်စေရန် ကျွန်ုပ်တို့မည်သို့ လုပ်ဆောင်ပါသနည်း။
(44) How do we promote participation in decision-making within hierarchical structures?


(၄၅) ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ချမှုနည်းလမ်းများသည် ဘုရားရှင်၏ လူမျိုးတော်အားလုံးကို နားထောင်ပေးခြင်းအမှု၌ ကျွန်ုပ်တို့အဖို့အထောက်အကူဖြစ်ပါသလား။
(45) Do our decision-making methods help us to listen to the whole People of God?


(၄၆) တိုင်ပင်ညှိနှိုင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကြား မည်သည့်ဆက်ဆံရေးမျိုးရှိပါသနည်း။
(46) What is the relationship between consultation and decision-making, and how do we put these into practice?


(၄၇) ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချမှုတို့ တိုးတက်စေဖို့အတွက် ကျွန်ုပ်တို့သည် မည်သည့်နည်းလမ်းများနှင့်အစီအစဉ်များကို အသုံးပြုကြသနည်း။
(47) What tools and procedures do we use to promote transparency and accountability?


(၄၈) အဖွဲ့လိုက်ဝိညာဉ်ရေးရာအဖြေရှာမှု၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ကြီးထွားနိုင်ကြပါသနည်း။
(48) How can we grow in communal spiritual discernment?


(၄၉) ကျွန်ုပ်တို့၏ သာသနာအဖွဲ့အစည်းသည် လူတို့အား ”အတူတကွလျှောက်လှမ်းခြင်း၊” အချင်းချင်း တစ်ဦးကို တစ်ဦး နားထောင်ပေးခြင်း၊ သာသနာပြုခြင်း၌ပါဝင်ခြင်း၊ အပြန်အလှန်စကားပြောဆက်ဆံခြင်း၊ စသည်တို့၌ တိုးတက်စေဖို့အတွက် မည်ကဲ့သို့ ပုံစံသွင်းပေးပါသနည်း။
(49) How does our church community form people to be more capable of “walking together,” listening to one another, participating in mission, and engaging in dialogue?



(၅၀) ဓမ္မညီလာခံဆိုင်ရာ နည်းလမ်းအတိုင်း အဖြေမှန်ကိုရှာဖွေခြင်းနှင့် အခွင့်အာဏာကို အသုံးပြုခြင်းတို့ကို အကောင်အထည်ပေါ်ဖို့အတွက် မည်သည့်ပုံစံသွင်းခြင်းမျိုး ရရှိသနည်း။
(50) What formation is offered to foster discernment and the exercise of authority in a synodal way?


(၅၁) ကက်သလစ် ဘာသာဝင် အနည်းစုသာ ရှိသော သင်၏ ကျေးရွာ၌ ကက်သလစ် ဘာသာဝင် မိသားစုများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းဖြင့် အခြားဘာသာဝင် အများစုနှင့် တည်ငြိမ်ပြီး ကူညီပေးတတ်သည့် ပေါင်းသင်းဆက်ဆံရေးကို မည်ကဲ့သို့ တည်ဆောင်သနည်း။

(၅၂) သင်၏ ကျေးရွာမှာ အများစု ကိုးကွယ်နေတဲ့ အခြားဘာသာဝင်များသည် လူနည်းစု ဖြစ်တဲ့ သင်၏ ကက်သလစ် ဘာသာဝင် မိသားစုများနှင့် ကက်သလစ် ဘာသာတရား၌ မည်ကဲ့သို့ တစ်လုံးတစ်ဝတည်း ပါဝင်ဆက်ဆံနေသနည်း။

(၅၃) အများစု ကိုးကွယ်နေတဲ့ အခြားဘာသာဝင်များသည် သင်၏ ကျေးရွာ၌ ”ကက်သလစ် သာသနာ” အကြောင်းကို သင်၏ ယုံကြည်ခြင်းအားဖြင့် မည်ကဲ့သို့ သိနိုင်သနည်း။

(၅၄) အများစု ကိုးကွယ်နေတဲ့ အခြားဘာသာဝင်များသည် သင်၏ ကျေးရွာ၌ ”ယေဇူး ခရစ်တော်” အကြောင်းကို သင်၏ ယုံကြည်ခြင်းအားဖြင့် မည်ကဲ့သို့ သိနိုင်သနည်း။