Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံဆိုင်ရာဗာတီကန်သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ချန်အင်နန် မှ 
မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း

    မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု တင်ဝင်း၏ ဂိုဏ်းချုပ်ဆရာတော် လည်ဆွဲ အပ်နှင်းပွဲအပြီး၌ ဗာတီကန် သံအမတ်သည် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများနှင့် သီးခြားတွေ့ဆုံခြင်းပြုလုပ်ခဲ့ပါသည်။
    မန္တလေး သာသနာမှ ဘုန်းတော် ကြီးများမှ ဗာတီကန် သံအမတ်ကြီး အား နွေးထွေးစွာ ဖြင့်ကြိုဆိုကြောင်း၊ ယခုလို တွေ့ဆုံခွင့် ပေးသည့်အတွက် ဝမ်းသာ ကျေနပ် ဂုဏ်ယူကြပါကြောင်း၊ ဆရာတော် အသစ်နှင့် အပြည့်အ၀ ပူးပေါင်းကြပါမည်ဟု ကတိပြုပါကြောင်း၊ ဆရာတော်သစ်၏ လုပ် ငန်းဆောင်တာများ အောင်မြင်ဖို့ရန် အ တွက်လည်း ဆုတောင်းခြင်းဖြင့်လည်း ပါ ၀င် မည်ဟု ကတိပြုကြောင်း ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ဗာတီကန် သံအ မတ်အား ဘုန်းတော်ကြီးများမှ တစ်ပါးချင်း မိမိတို့ကိုယ်ကို မိတ်ဆက်ခဲ့ကြပါသည်။
    ထို့နောက် ဆရာတော်ကြီး မာကု တင်ဝင်း ရေးဆွဲထားသည့် သာသနာ ဖွဲ့ စည်းပုံကို ဖါသာရ် ပီတာစိန်လှိုင်ဦး မှ တင် ပြခဲ့ပါသည်။
    ဗာတီကန် သံအမတ်ကြီးမှလည်း မြန်မာဘာသာစကားဖြင့် 'မင်္ဂလာ' ပါဟု နှုတ်ခွန်း ဆက်သခဲ့ပါသည်။ ပထမဦ်းဆုံး အနေဖြင့် မန္တလေးသာသနာမှ ဘုန်းတော် ကြီးများအား ကျေးဇူးတင်ကြောင်းကို ပြော ကြားခဲ့ပါသည်။ ဖါသာရ် ဒေါမိနစ် ဂြိုလ်တု အား မွန်ဆီညော် အဖြစ်ခန့်အပ်ခံရသည့် အတွက်လည်း ဂုဏ်ယူပါကြောင်း ဂုဏ်ပြ စကားဆိုခဲ့သည်။  မန္တလေးသာသနာ အ တွက် အရမ်းရှည်ကြာခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ သည့် အတွက် ဘုန်းတော်ကြီးများ အနေ ဖြင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များတွင် စိတ်ရှည်စွာဖြင့် ပူးပေါင်း ပါဝင်ပေးကြ ဖို့ရန် လည်း မှာကြားခဲ့ပါသည်။
    ထိုင်းနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ကြွရောက်မည် ဖြစ်သောကြောင့် ပြင်ဆင် နေကြကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ ခရီး စဉ် အောင်မြင်ရေးအတွက်လည်း ဆု တောင်းပေးကြပါရန် မေတ္တာ ရပ်ခံခဲ့သည်။
    ဘုန်း တော်ကြီးများအနေဖြင့် သန့် ရှင်းတဲ့ ဘ၀ကို ရှင်သန်ရမှာ ဖြစ်ကြောင်း၊ ရဟန်းဘ၀ဟာ ၀န်ထမ်း၊ အလုပ်သမား ဘ၀များနှင့် မတူကြောင်း၊ ဘုန်းတော်ကြီး များ လုပ်နေကြရတဲ့ အလုပ်က ဘုန်းကြီး တွေရဲ့ သန့်ရှင်းတဲ့ ဘ၀နဲ့ ဆက်စပ် မူတည် ကြောင်း၊ သန့်ရှင်းတဲ့ဘ၀ကိုရှင်သန်ဖို့ရန် အတွက် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ထားကြောင်း၊ စီမွန်ပေတရူးဟာ တစ်ညလုံး ငါးဖမ်းချိန် တစ်ကောင်မှမရှိခဲ့ကြောင်း၊ သ ခင် ခရစ်တော်မှ ရေနက်ရာသို့ ရွှေ့လော့ ဆိုတဲ့ အမိန့်တော်ကို နာခံတဲ့အခါမှာ ငါး အများကြီး မိ၍လှေနစ်လုနီးပါး ဖြစ်ခဲ့ရ ကြောင်း၊ ခရစ်တော်ရဲ့ရှေ့တော်မှာ ဒူး ထောက်ပြီး ကျွန်ုပ်ဟာ အပြစ်သားဖြစ် ကြောင်း ထွက်သွားခွင့်ပေးဖို့ရန် တောင်းဆို သည့်အခါ ခရစ်တော်က လူကိုဖမ်းသော တံငါ ဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်း၊ ဘုန်းတော်ကြီးများ အားလုံးကို ခေါ်တော်မူ ခြင်းနဲ့အတူ ကိုယ့်ကိုခေါ်ထားတဲ့ သခင် ရှေ့မှာ ကျွန်ုပ်တို့သည် အပြစ်သားပါ ဟု ၀န်ခံဖို့လိုကြောင်း၊ ခရစ်တော်ဟာ ကျွန်ုပ်တို့ ကို သူ့နောက်သို့ လိုက်စေချင်ကြောင်း၊ ကျွန်ုပ် တို့ဟာ အပြစ်သား ဖြစ်တဲ့အတွက် အကျင့်ပြောင်းလဲဖို့ရန် ဖိတ်ခေါ်နေကြောင်း၊ အပြစ်ရှိပြီး အသင်းတော်က ရဟန္တာ တင် မြှောက် ထားသူတွေဟာ လုံးဝအပြစ်ကင်း ပြီးပြည့်စုံသူတွေ မဟုတ်ခဲ့ကြကြောင်း၊ အ ပြစ်သား ဖြစ်ပေမယ့် ကြိုးစားခဲ့ကြကြောင်း၊အသင်းတော်ရဲ့ ပုံသက်သေဆိုးတွေကို ပုပ် ရဟန်းမင်းကြီးကလည်း အသိအမှတ်ပြု ကြောင်းများ မြွက်ကြား၍ သခင်ခရစ်တော်၏ ခေါ်သံနောက်ကိုလိုက်ဖို့၊ ဘ၀သစ်ကို စဖို့ ရန်အတွက် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
    ထို့နောက် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်အား လက်ဆောင် ပစ္စည်း ပေးအပ်ခဲ့ကြပြီးနောက် တွေ့ဆုံမှု ပြီးဆုံးခဲ့ပါသည်။
News & Photo:
Pinky (MDY-OSC)


2019-09-11 00:04:02
NEWS AND EVENTS