Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကုတင်ဝင်းအား
ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း

    မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာဆရာတော်အသစ် မာကုတင်ဝင်း အား ဂိုဏ်းချုပ် ဆရာတော်ကြီးလည်ဆွဲ အပ်နှင်းခြင်းကို ၂၀၁၉ ခု သြဂုတ်လ ၂၅ ရက်နေ့ ၊ နံနက် (၇း၀၀) နာရီအချိန်တွင် ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်း တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ပွဲတော်မစ္ဆားတရား၌ မြန်မာနိုင်ငံ ဆိုင်ရာ ဗာတီကန်သံအမတ် ဂိုဏ်းချုပ် ဆ ရာတော်ကြီး ပေါလ်ချန်အင်နန်၊ မန္တလေး ဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ ဂိုဏ်း အုပ် သာသနာများမှ ဆရာတော်များ၊ ဘုန်း တော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များနှင့် ဘာသာတူ ဓမ္မမိတ်ဆွေများ ပါဝင်ခဲ့ပါသည်။
    မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာ ဆရာတော်အသစ် မာကုတင်ဝင်း အတွက် ဂိုဏ်းချုပ် ဆရာတော်ကြီး လည်ဆွဲ သည် ထူးခြားသည့် တာဝန်ဝတ္တရားနှင့် အ ဓိပ္ပာယ်များစွာပါဝင်သည့်ကြောင်းကို ဗာတီ ကန် သံအမတ်ကြီးမှ မြွတ်ကြားခဲ့ပါသည်။
    ဂိုဏ်းချုပ် ဆရာတော်လည်ဆွဲ၏ ပထဦးဆုံး အဓိပ္ပာယ်မှာ ပျောက်သောသိုးကို ရှာတွေ့ပြီးပခုံးပေါ်ပြန်တင်လာခဲ့သည့် ဖခင် ကဲ့သို့ အမိသာသနာတော်ကြီးကို ပြန်လည် ဂုဏ်ဆောင်ပေးတဲ့ သိုးထိန်းကောင်းပုံကို အတုယူဖို့ ပုံသက်သေဖြစ်ပါသည်။
    ဂိုဏ်းချုပ်ဆရာတော် အသစ်ဟာ သူ့ရဲ့ သိုးတွေကို ကြည့်ပြီး သူ့ရဲ့ သိုးတွေ အတွက် အသက်ကိုစတေးခံဖို့ အဆင့်သင့် ရှိတဲ့ သိုးထိန်းတော်မြတ်ရဲ့ စံနမူနာကို ယူ ရန်လည်းဖြစ်သည်။
    ဂိုဏ်းချုပ် ဆရာတော် လည်ဆွဲ သည် သံပေတရူး၏ အရိုက်အရာကို ဆက် ခံသည့် ပုပ်ရဟန်းမင်းကြီးနှင့် တစ်လုံးတစ်ဝ တည်း တည်ရှိခြင်း အမှတ်လက္ခဏာအဖြစ်လည်းဖော်ပြနေခြင်းဖြစ်ပါသည်။
    ကိုယ်တော်ဟာ အသက်ရှင်တော် မူသော ဘုရား၏ သားတော် ခရစ္စတူး ဖြစ် ပါသည်ဟု ပေတရူးက ၀န်ခံသည့် အခါ သခင် ယေဇူးက ယောန၏သား စီမွန် သင် သည် မင်္ဂလာရှိ၏။ ဤကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို ငါသည် တည်ဆောက် မည်။ ဤအသင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ ကောင်းကင် နိုင်ငံတော်၏ သော့ကို သင့်အား ငါပေးမည်။ ဤမြေကြီး ပေါ်မှာ သင်ချည်နှောင်သမျှသည် ကောင်း ကင် နိုင်ငံတော်၌ ချည်နှောင်လျှက်ရှိပြီးဤ မြေကြီးပေါ်မှာ သင်ဖြေလွှတ် သမျှသည် ကောင်းကင်နိုင်ငံတော်၌ ဖြေလွှတ်လျှက်ရှိ လိမ့်မည် ဟုမိန့်တော်မူခဲ့ပါသည်။
    ယုံကြည်သူသားသမီးများအတွက် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ယုံ ကြည်ခြင်းနှင့် တလုံးတ၀တည်း တည်ရှိ ခြင်းကို ဖော်ပြသည့် ထာဝရတည်သော မြင် နိုင်သော အရင်းအမြစ်လည်းဖြစ်ပါသည်။
    ဂိုဏ်းချုပ်ဆရာတော် လည်ဆွဲ သည် ဆရာတော်များ အကြား၌ ပိုမိုကြီးမား လေးနက်သည့် တာဝန်ဝတ္တရားများရှိခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာ တစ်ခုလည်း ဖြစ်ပါသည်။
    ဂိုဏ်းချုပ်ဆရာတော် တစ်ပါးသည် အိမ်နီးချင်း ဂိုဏ်းအုပ်သာသနာများ အပေါ် ကြည့်ရှု့ စောင့်ရှောက်ပေးရမည့် တာဝန် ၀တ္တရားနှင့်အခွင့်အာဏာလည်း ရှိသည့် အ ကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ် ဆရာတော်ကြီး ပေါလ် ချန် အင် နန်က မြွတ်ကြား တော်မူခဲ့ပါသည်။
    ဂိုဏ်းချုပ်ဆရာတော်ကြီး လည်ဆွဲ ကို သိုးငယ်တစ်ကောင်၏ သိုးအမွှေးများမှ ရက်လုပ်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာတစ် ၀ှမ်း၌ အသစ်ခန့်အပ်ခဲ့သည့် ဂိုဏ်းချုပ် ဆရာတော်များ ဖြစ်လာမည့် ဂိုဏ်းချုပ် ဆရာတော်သစ်များအားလုံးအတွက် ဇွန်လ (၂၉) ရက်၊ စိန်ပီတာနှင့် စိန်ပေါလ် ပွဲနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကိုယ်တိုင် ထိုဂိုဏ်းချုပ်ဆရာတော် လည် ဆွဲများအား ကောင်းချီးပေးခဲ့ခြင်း ဖြစ်ပါ သည်။
Photos News – Pinky
MDY-OSC


2019-09-11 00:00:17
NEWS AND EVENTS