Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် မုံလှဇာတိဖွား ဆရာတော်ကြီး မာကုတင်ဝင်းအား မုံလှရွာမှ ဘာသာတူများက ဂုဏ်ပြုဆိုကြိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်မစ္ဆားတရားပြုလုပ်ပေးခြင်း

    မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်း သည် မုံလှဇာတိဖွားဖြစ်ပါသည်။ မုံလှဇာတိ ဖွားဖြစ်သော ဆရာတော်ကြီးအား မုံလှရွာမှ ဘာသာတူများက ဂုဏ်ပြုပွဲနှင့် ကျေးဇူးတင် မစ္ဆားတရားကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၉-၃၀ ရက်နေ့များက ပြုလုပ်ပေးခဲ့ကြပါသည်။
    ၂၉ ရက်နေ့ ညနေက မုံလှရွာမှ ဘာသာတူများက ဆရာတော်ကြီးအား နွေး ထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပါသည်။
    ညပိုင်းတွင်  ဆရာတော်ကြီး အ တွက် ဂုဏ်ပြုဖျော်ဖြေပွဲတော်ကို လုပ် ဆောင်ခဲ့ပါသည်။
    မုံလှရွာ ဘာသာတူများ အားလုံး ကိုယ်စား ဘာသာတူတစ်ဦးမှ ဆရာတော် ကြီးအတွက် ဂုဏ်ပြု သြဘာစာကိုဖတ်ကြား ခဲ့ပါသည်။
    ဆရာတော်ကြီး မာကုတင်ဝင်းမှ လည်း ကျေးဇူးတင်စကားနှင့်အတူ ယခုလို ဆရာတော်ဖြစ်ရခြင်းဟာ မုံလှရွာမှ ဘိုးဘွား များ၊ ဆရာသမားများနှင့် ရှေးခေတ်သာသ နာပြု ဘုန်းတော်ကြီးများကြောင့် ဖြစ် ကြောင်း၊ မုံလှရွာမှာ ငယ်စဉ်ကလေးဘဝက တစ်အိမ်နှင့် တစ်အိမ် ရန်ဖြစ်သည်ဟူ၍ မကြားဘူးကြောင်း၊ ညစဉ် ညတိုင်း အိမ် တိုင်း၌ စိပ်ပုတီးစိပ်သံများသာ ကြားခဲ့ရဖူး ကြောင်း၊ ထိုကဲ့သို့ ဘိုးဘွားများက ဘုရား တရား ကိုင်းရှိုင်းခဲ့ကြတဲ့အတွက် ယနေ့လို သူတော်စင်များ များစွာဖြစ်ပေါ်လာခဲ့ရပြီး ထိုကဲ့သို့  ကောင်းမွန်တဲ့ အမွေကို ယနေ့ လူငယ်များအား  လက်ဆင့် ကမ်းနိုင်ဖို့ရန် အတွက် လိုအပ်ကြောင်းများကိုလည်း ပြော ကြားခဲ့ပါသည်။
    ဆရာတော်ကြီးအား ဂုဏ်ပြုဖျော် ဖြေရာ၌ ကျောင်းထိုင်ဘုန်းတော်ကြီး နီ ကောလားစ် ပြုံးချိုအပါအဝင် သက်ထွေး၊ လူငယ်၊ မိခင် စသည့် အဖွဲ့အသီးသီးက အဆို၊ အကများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ပါ သည်။
    ၂၀၁၉ ခုနှစ် ဇွန်လ (၃၀)ရက်နေ့ နံနက် (၇း၀၀)နာရီက ကျေးဇူးတင်မစ္ဆား တရားနှင့်အတူ ယေဇူးရွှေနှလုံးတော် ပွဲ တော်ကို မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း ဦးဆောင်ကာ ပူဇော်၍ သြဝါဒ တရားရေ အေးကိုလည်း တိုက်ကျွေးခဲ့ပါသည်။
    မစ္ဆားတရားအတွင်း ကာဒီနယ်ကြီး ချားလ်စ်ဘိုမှလည်း မုံလှရွာမှ ဘာသာတူ များအား ဆုံးမသြဝါဒစကား အနည်းငယ်ကို မြွက်ကြားရာ အရာရာကို လှပစေသည့် အရာမှာ ဘုရားသခင်သာ ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားများအပေါ်သနား ကြင်နာသည့်အတိုင်း ကျွန်ုပ်တို့ လူသားများ အချင်းချင်း၊ ရွာသူရွာသားများ အချင်းချင်း ဘယ်နေရာ ဘယ်ဒေသရောက်ရောက်တစ် ဦးအပေါ်တစ်ဦး သနားကြင်နာကြပြီးကူညီရိုင်းပင်းကြရန်လိုအပ်ကြောင်း၊ သနားခြင်း ဟာမွန်မြတ်သည့်အရာ ဖြစ်ကြောင်းကိုမြွက် ကြားခဲ့ပါသည်။
    ဆရာတော်ကြီး၏ မယ်တော် ဖရန် စ္စကားဒေါ်သန်းတင်ကလည်း “ဘုရားသခင် က ဆရာတော်အားချစ်လို့ ဆရာတော်အဖြစ် ရွေးချယ်လိုက်တော့ ပျော်ပြီး ဝမ်းသာပါ တယ်။ ဆရာတော် ငယ်စဉ်က ဘယ်နေရာ မှာမှ မဆုံးမ မသွန်ခဲ့ရဘူး ။ ဘုရားကျောင်း သွား၊ စာသင်ကျောင်းသွားဆိုပြီး ဆုံးမပြောဆိုခဲ့ရတာမျိုးမရှိခဲ့ဘူး။ သူ့အသိနဲ့သူအကုန် လုပ်သွားတာ။ ဘုန်းကြီးလုပ်ကျောင်းသွား မယ်ဆိုတော့လည်း အမေတို့တောင်မသိရ ဘူး။ သူ့ဘာသာသူ ကျောင်းထိုင်ဘုန်းကြီးကိုပြောလာခဲ့ပြီး အဖေကျုပ်တော့ဘုန်းကြီးလုပ်ကျောင်းသွားမယ် ဘုန်းဘုန်းကိုလည်း ပြောထားပြီးပြီဆိုပြီး ဆရာတော်၏ ဖခင်ကို ထိုကဲ့သို့သာ ပြောပြခဲ့ခြင်းဖြစ်ကြောင်း၊သား ဖြစ်သူ ဘုန်းကြီးကျောင်းသွားချိန် မိခင်ဖြစ် သူတစ်ယောက်အနေနဲ့ လွမ်းလို့ ငိုခဲ့ရ ကြောင်း၊ ဘုန်းကြီးကျောင်းသွားသည့် အ ချိန်မှ ယနေ့ချိန်ထိ ဘုရားရှင်ထံ ဆုတောင်း ခြင်းများဖြင့် ပါဝင်ခဲ့ကြောင်းများကို ပြောပြခဲ့ ပါသည်။
    မုံလှရွာသားတစ်ဦးဖြစ်သူ ဦးဌေး အောင်မှလည်း ဆရာတော်ကြီး မာကုတင် ဝင်းသည် ငယ်စဉ် ကလေးဘဝကတည်းက အေးအေးလူလူ နေတတ်သည့်သူ တစ် ယောက်ဖြစ်ကြောင်း၊ ယခုလို မုံလှရွာကနေ ကာဒီနယ်တစ်ပါး၊ ဂိုဏ်းချုပ်ဆရာတော်တစ် ပါးပေါ်ထွက်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်း သာကြောင်း၊ မုံလှရွာ ဆရာတော်ဂုဏ်ပြုပွဲ အတွက် ကုန်ကျစရိတ်များကိုလည်း ရှိလွန်း လို့လှူတာမဟုတ်ပဲ အလိုလို လှူချင်သည့် စိတ်ပေါက်သည့်အတွက် လှူဒါန်းရခြင်းဖြစ် ကြောင်း၊ ယခုပွဲသာမဟုတ် မုံလှရွာ ဆေး ခန်းကိုလည်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကို ပြောပြခဲ့ပါသည်။
    ထိုဂုဏ်ပြုပွဲတော်သို့ မုံလှရွာ ဇာ တိဖွား ရန်ကုန် ဂိုဏ်းချုပ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ် ဘိုနှင့်အတူ ရန်ကုန်ဂိုဏ်းချုပ် သာသနာ လက်ထောက်ဆရာတော် ဂျွန်စောယော ဟန်လည်း ပါဝင်တက်ရောက်ခဲ့သည့်အပြင် မုံလှရွာဇာတိဖွား ရဟန်းတော်များ၊ သီလ ရှင်များ (၁၉)ပါးနှင့် မုံလှရွာ၌ တာဝန်ကျ ခဲ့သော ရဟန်းတော်များ၊ သီလရှင်များ အားလုံးအပါအဝင် အပါး (၃၀) ကျော်ပါဝင်ခဲ့ ကြပါသည်။ ရဟန်းသီလရှင်များ အပြင် တ နယ်တကျေး၌ သွားရောက်ကာ အလုပ်လုပ် နေကြသော သူများလည်း မိမိတို့အရပ် ဒေသသို့ ပြန်လာ၍ ဆရာတော်ကြီးအား ဂုဏ်ပြုနှုတ်ဆက်ခြင်း၌ ပါဝင်ခဲ့ကြပါသည်။
Pinky (MDY-OSC / RVA Myanmar Service)


2019-08-19 23:50:38
NEWS AND EVENTS