Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စတုတ္ထအကြိမ်မြောက် သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

    စတုတ္ထအကြိမ်မြောက် သာသနာ ပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲကို PMS National office မှကြီးမှူး၍ ဇူလိုင်လ ၂၃ရက်နေ့ ယနေ့တွင် ရန်ကုန်မြို့ရှိကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက် (CBCM ) ၌စတင်ကျင်းပ ခဲ့သည်။
    ဖွင့်ပွဲ မစ္ဆားတရားတော်မြတ်ကို ရန်ကုန်ဂိုဏ်းချုပ် ဆရာတော် Bp.John Saw  Yaw  Han မှ  ဦးဆောင်ပူဇော်ပေးခဲ့ သည်။
    မစ္ဆားတရားတော်မြတ်ပြီးနောက် ဆရာတော်မှ '' What the commemoration of the 100 anniversary of the Apostolic letter MAXIMUM ILLUD means to the Church in Myanmar '' ခေါင်းစဉ်ဖြင့် ပို့ချပေးခဲ့သည်။
    ဆက်လက်၍ Fr. Abraham Thein Lwin မှ '' Personal Encounter with Jesus '' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Fr. B. Ne Ne မှ '' The main challenges and urgent needs of Myanmar Catholic Mission '' ခေါင်းစဉ်ဖြင့်လည်းကောင်းပို့ချဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် သာသ နာပြန့်ပွားရေးစိပ်ပုတီးကို အတူတကွ စိပ်ခဲ့ ကြသည်။
    ထို့နောက် PMS National Director နှင့် PMS Diocesan Directors များသီးသန့်အစည်းအဝေးကိုပြုလုပ်ကာ သာသနာ ပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။
    ဆွေးနွေးပွဲ တတိယနေ့တွင် အဖ ကာဒီနယ် အဖကာဒီနယ်လ် ချားလ်စ်ဘိုမှ တက်ရောက် အားပေးကာ မစ္ဆားတရား တော်မြတ် ဦးဆောင် ပူဇော်ပေးခဲ့သည်။ မစ္ဆားတရားပြီးနောက် Dr. Edmund Chia နှင့် Dr. Gemma Cruz တို့မှ The Bible on the Mission of the Church, Jesus Christ: Foundation of the Church's Mission, Laity and Women in the Mission of the Church ခေါင်းစဉ်များဖြင့် ဆက်လက် ပို့ချဆွေးနွေးပေးခဲ့သည်။ ထို့ နောက်တွင် Best practice of Missionary Childhood ကို ကလေးဂိုဏ်းအုပ်သာသနာ၊ ဟားခါးဂိုဏ်အုပ်သာသနာ၊ တောင်ငူဂိုဏ်း အုပ်သာသနာနှင့် လွိုင်ကော်ဂိုဏ်းအုပ်သာ သနာတို့မှ တင်ပြပေးခဲ့သည်။
Pyone Pyone Aung


2019-08-19 03:24:01
NEWS AND EVENTS