Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံ တဝှမ်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု

    ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ (၂၀၁၉ ခုနှစ်) နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ နှိုးဆော်မှု စာချွန်လွှာ Laudato Si စတုတ္ထ အကြိမ်မြောက် နှစ်ပတ်လည်နေ့ တို့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် သစ်တောဦး စီးဌာန၊ မြန်မာကက်သလစ် ရွှေ့ပြောင်းသွား လာရေးနှင့် လူကုန်ကူးမှု တားဆီးတိုက် ဖျက်ရေး ကွန်ယက်နှင့် ကရုဏာလူမှုစည်း လုံး ညီညွတ်ရေးအသင်းမှ ကြီးမှူးကျင်းပ သည့် သစ်ပင်စိုက် အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ပြုလုပ်ခဲ့သည်။
    အခမ်းအနားသို့ ရန်ကုန် ကက်သ လစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရု ဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းထွန်းကြည် ရန်ကုန် သာသနာ ကရုဏာ လူမှုစည်းလုံး ညီညွတ် ရေးအသင်း ဥက္ကဋ္ဌ ဖါသာရ် ဂျိုးဇက် မောင် ဝင်းနှင့် တိုက်ကြီးမြို့နယ် သစ်တောဦးစီး တောအုပ်ကြီး ဦးဝင်းတင်တို့ တက်ရောက် အားပေးစကား ပြောကြားခဲ့ကြသည်။ သစ် ပင်စိုက်ပွဲတော်သို့ ကက်သလစ် လူငယ် အသင်းအဖွဲ့များ၊ ကလေးသူငယ်များနှင့် ကရုဏာ အသင်းဝင်များ စုစုပေါင်း ၂၀၀ ခန့် ပါဝင် စိုက်ပျိုးခဲ့ကြသည်။
    ကာဒီနယ် ချားလ်စ်ဘိုက မြန်မာ နိုင်ငံတဝှမ်း သစ်ပင်များ စိုက်ပျိုးနေကြသည် အတွက် အလွန်ကျေနပ် အားရမိကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်လည်း အ ထူး ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါလိမ့်မည်ဟု အားပေးစကားဆိုခဲ့သည်။ မြန်မာနိုင်ငံသည် အလွန် စိမ်းလန်းစိုပြေ လှပခဲ့သော်လည်း လောဘသားများက ဖျက်စီးခဲ့သည်အတွက် မြန်မာပြည်၏ မြေကြီးသည် ဒဏ်ရာဒဏ် ချက်များနှင့် ပြည့်နေကြောင်း ယခုကဲ့သို့ အ ပင်များ စိုက်ပျိုးခြင်းသည် ကမ္ဘာမြေကို ကုသနေခြင်းဖြစ်သောကြောင့် အထူး ကျေး ဇူးတင် ဝမ်းသာမိပါကြောင်း ပြောကြားခဲ့ သည်။ မှားခဲ့သမျှအတွက် ငိုကြွေးနေမည့် အစား သစ်ပင်စိုက်ခြင်းဖြင့် ဝိုင်းဝန်းလုပ် ဆောင်ကြပါစို့ဟု ဖိတ်ခေါ်ခဲ့သည်။
    ရန်ကုန် ဂိုဏ်းချုပ်သာသနာ ကရု ဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း ဥက္ကဋ္ဌ ဖါသာရ် ဂျိုးဇက် မောင်ဝင်းမှ သစ်ပင် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် အသင်း အနေနှင့် စိုက်ပျိုးခဲ့သည့် လှုပ်ရှားမှုများ အကြောင်းကိုလည်း ပြောပြခဲ့သည်။ ၂၀၁၈ ဇွန်လတွင် ပဲခူးတိုင်း အုပ်ဖိုမြို့နယ်၌ အပင် ပေါင်း ၇ ထောင်ခန့် စိုက်ခဲ့ကြောင်း နှင့် ထိုအချိန်က ဒေသခံများက ဝိုင်းဝန်း ကူညီ ခဲ့ကြကြောင်း ပြောပြသည်။
    ယခုနှစ် ၂၀၁၉ ခုနှစ် တွင် ရန်ကုန် တိုင်းဒေသကြီး အတွင်း ရွေးချယ် စိုက်ပျိုး ခဲ့ကြရာ မြေဧက ၃ ဧကပေါ်တွင် အပင် ပေါင်း ၁၆၄၀ စိုက်ပျိုးခဲ့ကြသည်။ အပင်များ အား စိုက်ပျိုးပြီး ပစ်မ ထားဘဲ ၂ နှစ်အတွက် ပြုစုစောင့်ရှောက်ပြီး မှသာ သစ်တော်ဌါနသို့ အပ်နှံရမည် ဖြစ် သည်။
    အလားတူပင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကရု ဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း၏ ဦးဆောင် လမ်းညွှန် အားပေးမှု ဖြင့် ဂိုဏ်းချုပ် ဂိုဏ်းအုပ် သာသနာ အသီး သီးတွင်လည်း သစ်ပင်စိုက်ပျိုးရေး ပွဲတော် များ ကျင်းပခဲ့ကြသည်။
CBCM OSC


2019-07-31 21:34:53
NEWS AND EVENTS