Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ချမ်းသာရွာသို့ မာရိယာ၏ သာသနာပြု ဖရန်စစ္စကင်း သီလရှင်အသင်းဂိုဏ်း
ရောက်ရှိခြင်း နှစ်(၁၀၀)ပြည့်ဂျူဘီလီကျင်းပ

    မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်းရှိ ရေဦးဇုံ၊ ချမ်းသာကျေး ရွာသို့ မာရိယာ၏ သာသနာပြု ဖရန်စစ္စကင်း သီလရှင် အသင်းဂိုဏ်း ရောက်ရှိခြင်း နှစ် (၁၀၀) ပြည့် ရာပြည့် ဂျူဘီလီအခမ်းအနား၊ ချမ်းသာရွာ ဘုရားကျောင်း နှစ်(၁၂၅)ပြည့် နှင့် ဘုန်းတော်ကြီး ကျောင်းဆောင်သစ် ဖွင့် ပွဲအခမ်းအနားကို မတ်လ ၃၁ နှင့် ဧပြီ ၁ ရက်နေ့တို့က ကျင်းပခဲ့ပါသည်။
    ပထမဦးစွာ သီလရှင် ကျောင်းဝင်း အတွင်း၌ ဂျူဘီလီ အထိမ်းအမှတ် သစ်ပင် ကို ကာဒီနယ်ချာစ်းဘိုနှင့် ဆရာတော်ကြီး နီကောလာစ်းမန်ထန်းတို့မှ ဦးဆောင်ကာ ကောင်းချီးပေး၍ ဖရန်စ္စကင်းသီလရှင်များမှ သစ်ပင်အား မြေချစိုက်ပျိုးခဲ့ပါသည်။ ထို့ နောက် ဂျူဘီလီအထိမ်းအမှတ် ကျောက် တိုင်ဖြစ်သော စိန်ဂျိုးဇက် ဆင်းတုတော်ကို ဆရာတော်ကြီးများမှ ဖဲကြိုးဖြတ်ကာ ကောင်းချီးပေး၍ ဖွင့်လှစ် ပေးခဲ့ပါသည်။ ဂျူဘီလီပွဲတော်သို့ ရန်ကုန် ကက်သလစ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီ နယ် ချာလ်းစ်ဘို၊ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး နီ ကောလားစ် မန်ထန်း၊ သာသ နာအသီးသီးမှ ဘုန်းတော်ကြီးများ၊ အနယ် နယ်အရပ်ရပ်မှ ဖရန်စစ္စကင်း အသင်းဂိုဏ်းဝင်များ၊ ကိုရင် များနှင့် ဓမ္မမိတ်ဆွေများပါ ဝင်တက်ရောက်ခဲ့ ကြပါသည်။
    ဂျူဘီလီမစ္ဆား တရားတော်မြတ်ကို ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်ကာ ပူ ဇော်ခဲ့ပါသည်။ ကာဒီနယ် ချာလ်းစ်ဘိုမှ သြဝါဒမြွက်ကြားရာ၌ ယခုလိုမျိုး ဖရန်စစ္စ ကင်းသီလရှင်တွေရဲ့ နှစ် (၁၀၀)ပြည့် ဂျူဘီ လီကို ကျင်းပပြီး ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းကြရာ၌ သီလရှင် ကျောင်းဆောင်ကြီး အဆောင်အတွက် ကျေးဇူးတင်ချီးမွမ်းမှုမျိုးမဟုတ်ဘဲ ကျောင်းတော်ကြီးမှရရှိခဲ့သော များပြားလှတဲ့ ကျေးဇူးတော်များအတွက် သာ ဘုရားရှင်ကို ကျေးဇူးတင်ချီးမွမ်းရန် သာမက ဘုရားရှင် ပေးသနားသည့် ကျေး ဇူးတော်များကို မျှဝေပေး ခဲ့ကြတဲ့ သီလရှင် များကို အောက်မေ့သတိရပြီး ကျေးဇူးတင် ခြင်းဖြစ်ကြောင်း၊ သီလရှင်များသည် ဘာ သာတူများအတွက် ဘုရားရှင်ရဲ့ ကျေးဇူး တော်များကို လက်တွေ့ခံစားစေပြီး ဘာ သာတူများအတွက် အကျိုးပြုတဲ့ လုပ်ငန်း တွေကို လုပ်ဆောင် ပေးခဲ့ကြသူများဖြစ်တဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။ မစ္ဆား တရားအပြီးတွင် ပွဲတော်ဖြစ်မြောက်ရေးနှင့် ဂျူဘီလီ ကျောက်တိုင်အား လှူဒါန်းခဲ့ကြ သော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်း လွှာများလည်း ချီးမြှင့်ပေးခဲ့ပါတယ်။ အဲ့ဒီ နောက် ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ် များ ပါဝင်ခဲ့ပြီးပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
    ချမ်းသာရွာသို့ ဖရန်စစ္စကင်သီလ ရှင်ကျောင်း စတင်ရောက်ရှိခဲ့ပုံမှာ ၁၈၈၂ ခုနှစ်က ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ကျခဲ့သော ဘုန်းတော်ကြီး ဂျိုးဇက် ဖိုးသည် ချမ်းသာရွာ၌  တာဝန်ကျစဉ် သီလ ရှင်များထားရန် ဆန္ဒရှိခဲ့သူ တစ်ဦးဖြစ် ပါ တယ်။ သို့သော် ၎င်းသည် ကျန်းမာရေး အခြေအနေအရ စိန်ဂျွန်းမနော်ယမံကျောင်း တွင် အနားယူ နေချိန် Fr. Clament မှ ချမ်းသာရွာကျောင်းထိုင်အဖြစ်ရောက်ရှိလာပြီး ၎င်းက Fr.ဂျိုး ဇက်ဖိုးထံမှ အကြံဥာဏ်များရ ယူ ကာ Fr.ဂျိုးဇက်ဖိုး၏ ကိုယ်ပိုင်ငွေကြေးနှင့် အလှူ ငွေများကိုပေါင်းကာ သီလရှင် ကျောင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်း တစ်ခုကိုပါ ဆောက်လုပ်ပေးခဲ့ပါတယ်။ ၁၉၀၂ ခုနှစ်မှာ ချမ်းသာရွာမှ ဝင်လိုသူ မိန်းကလေး အချို့အား သီလရှင်ဖြစ်ရန် မန္တလေး မြို့သို့ ပို့ထား၍ အစိုးရ လက်မှတ်ရ သင်တန်းများတက်ကာ အစိုးရ ဆရာဖြစ် ဘွဲ့များရရှိခဲ့ပါတယ်။ မစေလှီ ၊ မငြိမ်းမယ်နဲ့ မဂွန်းပုံတို့မှာ ပထမဦးဆုံးရွေးကောက်ခြင်း ခံရသော မိန်းကလေးများ ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ်မှာ Fr. ဂျိုးဇက်ဖိုး ပျံလွန်တော်မူခဲ့ ပါတယ်။ ၎င်းကွယ်လွန်ပြီးနောက် ၁၉၁၉ ခုနှစ် ဇန်နဝါရီ လ (၁၅) ရက်နေ့မှာ မာရိယာ ၏ ဖရန်စစ္စကင်း သီလရှင်များ ကျောင်း စိန်ဂျိုးဇက် ကွန်ဗင့်ကို ဆရာတော်ကြီး Foulquier ဦးဆောင်ကာ ကြီးကျယ်ခမ်းနား စွာဖြင့် ကောင်းချီးပေးဖွင့်လှစ်ခဲ့ပါတယ်။ သီလရှင်ကျောင်း ဖွင့်လှစ်ပြီးသည်နှင့်တပြိုင် နက် သီလရှင်များဟာ ၎င်းတို့၏ အဓိက လုပ်ငန်းဖြစ်သော စာသင်ကျောင်းနှင့် ဆေး ပေးခန်းများကို စတင် ဖွင့်လှစ်ခဲ့ကြပါသည်။
    ထိုစဉ်က ချမ်းသာရွာ၌ အစိုးရ စာသင်ကျောင်းများ မရှိသေးပါ။ သီလရှင် များဟာ ၎င်းတို့၏ သီလရှင်ကျောင်းဝင်း အတွင်းမှာပဲ စာသင်ခန်းများဖွင့်လှစ်ပြီး အစိုးရဆရာဖြစ် ဘွဲ့ယူထားသည့် မြန်မာ တိုင်းရင်းသား သီလရှင်များက ဦးဆောင် ကာ သင်ကြား ပေးခဲ့ကြပါတယ်။ ချမ်းသာ ရွာမှ ကလေးငယ်များအပြင် အနီးအနားရှိ ဗုဒ္ဓရွာမှ ကလေးများလည်း တက်ရောက်ခဲ့ ကြပါတယ်။ မူလတန်း ကျောင်းသားကျောင်း သူများ အားလုံးပေါင်း ၁၃၀ ဖြင့် စတင်ခဲ့ပါ တယ်။ ထိုမှတဆင့် တဖြည်းဖြည်းခြင်း အစိုး ရကျောင်းအဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။ သီလရှင်များသည် ပညာရေး အပြင် ကျန်းမာရေးအတွက် ဆေးပေးခန်း ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်းသို့ မလာရောက် နိုင်သော လူနာများကိုလည်း အိမ်တိုင်ရာ ရောက် ကုသမှုများကိုလည်း လုပ်ဆောင် ပေးခဲ့ကြပါတယ်။ ချမ်းသာရွာမှ ဘာသာတူ များအပြင် အနီးအနားရွာများရှိ ဗုဒ္ဓရွာများသို့ လည်း နွားလည်းဖြင့် သွားရောက် ကုသမှု များလည်း လုပ်ဆောင်ပေးခဲ့ကြပါသည်။
    ၎င်းအပြင် မိဘမဲ့ကလေးဂေဟာ တစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီး မိဘမဲ့ကလေး များကို ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ မိန်း ကလေးများ ဘဝမြှင့်တင်ပေးရေးအတွက် အချုပ် အလုပ်ခန်းနှင့် ယက်ကန်းလုပ်ငန်း တစ်ခုကိုလည်း တည်ထောင်ပေးခဲ့ပါတယ်။ ထိုသို့ လုပ်ကိုင်ရင်း ၁၉၆၂ - ၁၉၆၆ ခုနှစ် တွင် မြန်မာနိုင်ငံရေး အထိပ်တလန့်ဖြစ်ချိန် တိုင်းတစ်ပါး သာသနာပြုများအား ပြည်နှင် ဒဏ်ပေးရာ ဖရန်စစ္စကင် သီလရှင် (၇၂) ပါး ပါဝင်ပါတယ်။ ၎င်းတို့ အသင်းဂိုဏ်း၏ အကြီးအကဲများလည်း ရောမနိုင်ငံမှ မြန်မာ နိုင်ငံ ချမ်းသာရွာသို့ ကိုယ်တိုင် လာရောက် ခဲ့ဖူးပါ သည်။ ၁၉၉၅ ခုနှစ်မှာ ချမ်းသာရွာသူ Sr. Josephine Kyi သည် မြန်မာနိုင်ငံရှိ ဖရန်စစ္စကင် သီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ Provincial Superior ဖြစ်ချိန် ချမ်းသာရွာမှာ အမျိုးသမီးများ မြှင့်တင် ရေးအတွက် စက်ချုပ် စီမံကိန်းတစ်ခုကို တည် ထောင် ပေးခဲ့ပြီး ချမ်းသာရွာရေအလွန် ရှားပါးရာ သောက်သုံးရန် ရေကန်ကြီး (၅) ကန် ဆောက်လုပ်ပေးခဲ့ပါတယ်။ ဖရန်စစ္စ ကင် သီလရှင်များသည် ၎င်းတို့စတင်ရောက် ရှိသည့်နေ့မှစတင်ကာ ယနေ့တိုင် နှစ်ပေါင်း (၁၀၀) အတွင်း ၎င်းတို့အစွမ်းရှိသမျှဖြင့် ဝိညာဉ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ နေမှုဘဝများအတွက်ပါ အားသွန်ခွန်စိုက် ပေးဆပ်၍ ဆက်ကပ်နေကြတာကို တွေ့ရှိ ရပါတယ်။ ၎င်းတို့၏ပေးဆပ်မှု၊ ၎င်းတို့၏ လုပ်ဆောင်နိုင်မှုများအား ဘုရားသခင်ကို ကျေးဇူးတင်သည့်အနေဖြင့် ရာပြည့်ဂျူဘီ လီပွဲတော်အခမ်းအနားမစ္ဆားတရားကို မတ် လ ၃၁ ရက်နေ့က ဂျူဘီလီမစ္ဆားတရား ကျင်းပ ပူဇော်ခဲ့ကြပါသည်။
Pinky
( MDY-OSC , RVA Myanmar Service)


2019-05-21 02:25:59
NEWS AND EVENTS