Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ထန်အောရွာ၊ ကက်သလစ်အသင်းတော်၏ နှစ်(၅၀) ပြည့် ရွှေရတုကျောက်တိုင် စိုက်ထူခြင်း

    ဟားခါးသာသနာ၊ ခွါဟရန်းစီရင်စု၊ ထန်အောရွာသို့ ကက်သလစ် သာသနာ ရောက်ရှိခြင်းနှင့် အသင်းတော် စတင်တည် ထောင်ခြင်း နှစ်(၅၀)ပြည့်ရွှေရတုအထိမ်းအမှတ်အဖြစ် “ဂျူဗလီကျောက်တိုင်” စိုက် ထူခြင်းနှင့် ကောင်းချီးင်္ဂလာရေစက်ချခြင်း၊ (၅၃)ကြိမ်မြောက် လာအိုတူနယ် “ခရစ္စတူး ဘုရင်” ပွဲတော်ကြီး အခမ်းအနားကို Bp. Lucius Hre Kung အမှူးပြု၍ ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့မှ ၂၅ရက်နေ့အထိ ထန် အောရွာ အလယ်တန်းကျောင်း ဘောလုံးကွင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြ ပါသည်။
    ထိုပွဲတော်သို့ ဟားခါး သာသနာ ပိုင် ဆရာတော်ကြီး Lucius Hre Kung ကိုယ်တော်တိုင်နှင့် ဆရာတော်ကျောင်း တိုက်ရှိဘုန်းတော်ကြီးများ၊ ခွါဟရန်း စီရင်စု ကျောင်းထိုက်ဘုန်းတော်ကြီး Dominic Thawm Hlei Hninဦးဆောင်၍ လာအိုတူ နှင့် ဇိုတုန်းနယ် -ရေဇွာဇုံနယ်မှဘုန်းတော် ကြီးများ၊ ကိုရင်တစ်ပါးနှင့် သီလရှင်များ ရပ်နီးရပ်ဝေးမှ ဘာသာတူများနှင့် အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လေ့လာသူများစုစုပေါင်းလူဦးရေ (၁၃၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
    မတ်လ(၂၂)ရက်နေ့သည် ဧည့် ရောက်နေ့ဖြစ်ရာ ဟားခါးမြို့မှ ရောက်ရှိလာ သော ဟားခါးသာသနာပိုင်ဆရာတော်ကြီးလူးစီးယပ်ဟရယ်ကုန်းနှင့် ဘုန်းတော်ကြီး များ အဖွဲ့အား ခွါဟရန်းစီရင်စုကျောင်းထိုင်ဘုန်းတော်ကြီး Fr. Dominic ဦးဆောင်၍ ထန်အောဘာသာတူများနှင့် ကျေးရွာ လူထု များအားလုံးပေါင်း (၉၀၀) ကျော်တို့က လှော်ဗန်တိုက်ခြင်း၊ ကျမ်းစာနမ်းစေခြင်း၊ Choir သီချင်းဆိုခြင်း၊ လာအိုတူရိုးရာ အဆို အကများနှင့် ကျောင်းသူ/သားများမှ “ဆရာ တော်ကြီး သက်ရှည်ပါစေကျန်းမာပါစေ” ဟူသည့် ကြွေးကြော်သံများဖြင့် သာသနာ့ အလံကို ဝှေ့ရမ်းကာ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ဆရာတော်ကြီးနှင့်အတူ ကြွရောက် လာ သောကျေးရွာအသီးသီးမှ ရွှေပွဲလာ ဧည့်သည်တော်များကိုလည်း ထန်အော လူငယ်များမှ ရွာအလိုက် Choir-သီချင်းဖြင့် ကြိုဆိုခဲ့ကြပါသည်။
    မတ်(၂၃)ရက်နေ့သည် လာအိုတူ နယ် ကက်သလစ်ဘာသာဝင်များ၏ (၅၃) ကြိမ်မြောက် ခရစ္စတူး ဘုရင်ပွဲဖြစ်ရာ၊ ပွဲ တော်ကို ဆရာတော်ကြီးLuciusမှ ဖွင့်လှစ် ကောင်းချီးပေး၍ ဆရာတော်ကြီး ဦးဆောင် ကာ ဘုန်းတော်ကြီး(၆)ပါး ခြံရံလျက် မစ္ဆားတရားတော်မြတ်ပူဇော်ပေးခဲ့ပါသည်။
    မတ်လ(၂၄)ရက်သည် ရွှေရတုဂျူဗလီပွဲတော်နေ့ဖြစ်၍နံနက် ၈း၃၀ တွင် ဂျူဗလီကျောက်တိုင် ကောင်းချီးပေးခြင်း အ ခမ်း အနားဖြင့် ပွဲတော်ကို စတင်ဖွင့်လှစ် ခဲ့ ပါသည်။ 
    ထန်အောရွာ ကက်သလစ်အသင်း တော်အား နှစ်(၅၀) ပြည့်တိုင် ကောင်းချီး မင်္ဂလာအဖြာဖြာ သွန်းလောင်းပေးသော ဘုရားရှင်အား Choir သီချင်းဖြင့် လည်းေ ကာင်း၊ ရိုးရာဗုံမောင်း တီးခြင်းအားဖြင့် လည်းကောင်း၊ သေနတ်ဖောက်ခြင်းဖြင့် လည်းကောင်း၊ ပျော်ရွင်မှုအပြည့်ဖြင့် ချီး မွမ်းခဲ့ကြပါသည်။ ထိုအချိန်တွင်ပင် နှစ်(၅၀) ဂျူဗလီပြည့်မှီသူ ဘာသာတူ (၁၄) ဦးတို့ အား ဆရာတော်ကြီးက ဂျူဗလီတံဆိပ် ရွှေ လည်ဆွဲကိုဆွဲပေးခဲ့ပါသည်။
    ဂျူဗလီကျောက်တိုင်ဖွင့်ပွဲအခမ်းအနားအပြီး တရားထောက်များရှေ့ဆောင် ၍ ဂျူဗလီရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များဦးဆောင်ကာ နှစ် (၅၀) ဂျူဗလီ မစ္ဆား ပူဇော်မည့် မဏ္ဍပ်သို့ ဆရာတော်ကြီး နှင့် ဘုန်းတော်ကြီးများအား ပို့ဆောင် ခဲ့ကြပါ သည်။ နှစ်(၅၀) ပြည့် ဂျူဗလီကောင်းချီး မင်္ဂ လာအတွင်း နံနက် ၁၀း၀၀ နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ ဘုန်းတော်ကြီး (၈) ပါးအပါအ၀င် မစ္ဆားတရား တော်မြတ် ပူဇော်ခြင်းကို ပြုလုပ်ပေးခဲ့ကြပါသည်။
    ညနေ (၂) နာရီ အချိန်မှစ၍ ရွာ တွင်းသို့ ကိုယ်တော်မြတ် လှည့်လည်ခြင်း အခမ်းအနား ကျင်းပရာ ညနေ(၅) နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ထိုနေ့ညစာကို ဂျူဗလီရှင်များက ဧည့်ခံကျွေးမွေးခဲ့ပါသည်။
    မတ်လ (၂၅) ရက်နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် ထန်အော လူငယ်များလိုက်ပါလျက် ဆိုင်ကယ် အစီး (၂၀) ကျော်ဖြင့် ချင်းပြည်နယ် ဒုတိယ အမြင့်ဆုံး ဘွေးပါးတောင်ထိပ်သို့ တက် ရောက်ခဲ့ကြရာ တောင်ထိပ်၌ စိုက်ထူ ထားသော လက်ဝါးကားတိုင်မှ ဆရာတော် ကြီးက အရပ်လေးမျက်နှာသို့ ကောင်းချီး ပေးခဲ့ပါသည်။
နော်ဘတ်ကျော်လင်း
Hakha-OSC
NEWS AND EVENTS