Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံလမ်းပြမြေပုံ

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံလမ်းပြမြေပုံ
၁။ ၂၀၂၁ခုနှစ် အောက်တိုဘာ (၈)ရက်
- ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံကျင်းပရေးဗဟိုအမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း
- ကြားခံဆက်သွယ်ရေးတာဝန်ခံ (Contact persons) ခန့်အပ်ခြင်း
၂။၂၀၂၁ခုနှစ် အောက်တိုဘာ (၁၂)ရက်
- ရဟန်းတော်များ၊ သူတော်စင်ဂိုဏ်းများ၊ လူဝတ်ကြောင် အဖွဲ့အစည်းများနှင့် Zoomမှတစ်ဆင့် ဓမ္မညီလာခံကြီးအကြောင်း ဝေမျှဆွေးနွေးခြင်း
၃။ ၂၀၂၁ခုနှစ် အောက်တိုဘာ (၁၃)ရက်
- ကော်မရှင်များ၊ Institutesများနှင့် Zoomမှတစ်ဆင့် ဓမ္မညီလာခံကြီးအကြောင်း ဝေမျှဆွေးနွေးခြင်း
၄။ ၂၀၂၁ခုနှစ် အောက်တိုဘာ (၁၇)ရက်
- ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံဖွင့်ပွဲအား သာသနာအသီးသီး၌Zoom၊ In personများဖြင့် ပြုလုပ်ခြင်း
၅။ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း
- ဓမ္မညီလာခံဆိုင်ရာ ကြိုတင်ပြင်ဆင်မှုစာတမ်းများ (Preparatory Document, Vademecum) များကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း
- ဓမ္မညီလာခံဆိုင်ရာလမ်းညွန်ချက်များ၊ မေးခွန်းများ ပေးပို့ခြင်း
၆။ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၉)ရက်
- ဓမ္မညီလာခံကျင်းပရေးဗဟိုအဖွဲ့ဝင် ဇုံအုပ်များ၊ Chancellor, V. G., စာတမ်းဘာသာပြန်သူ၊ ပြန်ကြားရေးတာဝန်ခံများသည် Zoomမှတစ်ဆင့် ဆွေးနွေးခြင်း
၇။ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၁၁)ရက်
- ဓမ္မညီလာခံကျင်းပရေးဗဟိုအဖွဲ့ဝင် ဇုံအုပ်များ၊ Chancellor, V. G., စာတမ်းဘာသာပြန်သူ၊ ပြန်ကြားရေးတာဝန်ခံများသည် In personတွေ့ဆုံ၍ သာသနာအသီးသီးအတွက် အထောက်အကူပြုပို့ချရေး စီမံကိန်း ရေးဆွဲခြင်း၊ ရက်သတ်မှတ်ခြင်း
၈။ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၁၅)ရက်
- ပဲခူးဇုံအတွက် (နံနက် ၁၀ နာရီ မှ ၁၂ နာရီ) အထောက်အကူပြု သင်တန်းပို့ချခြင်း (Zoom)
- မအူပင်ဇုံအတွက် (ညနေ ၃ နာရီ မှ ၅ နာရီ) အတွက်အထောက်အကူပြု သင်တန်းပို့ချခြင်း (Zoom)
၉။ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၁၉)ရက်
- (နံနက် ၉ နာရီ မှ ၁၂ နာရီ ) ရန်ကုန်ဇုံအတွက် အထောက်အကူပြုသင်တန်းပို့ချခြင်း (In persons)
၁၀။ ၂၀၂၁ခုနှစ် နိုဝင်ဘာ (၂၇)ရက်
- ဘုန်းတော်ကြီးတစ်ပိုင်သာသနာမှ ဗဟိုအမှုတော်ဆောင်အဖွဲ့ (Team)ဖွဲ့စည်းခြင်း၊ ကြားခံဆက်သွယ်ရေးတာဝန်ခံ(Contact persons) ခန့်အပ်ခြင်းနှင့် Parish Road Map ရေးဆွဲခြင်း၊
- ခန့်အပ်ပြီးသော ပုဂ္ဂိုလ်စာရင်းနှင့် Parish Road Map အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်ဗဟို၏ Contact persons သို့ ပို့ပေးရန်၊
- (အဖွဲ့ဝင်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှု စီစဉ်ခြင်း၊ အစည်းအဝေးမှတ်တမ်း ကောက်ယူခြင်း၊ ကျေးရွာအလိုက်တာဝန်ခံများ ရွေးချယ်ခန့်အပ်ခြင်း၊ အကြံပြုချက်များကို အနှစ်ချုပ်ပြုစုခြင်း၊ မရှင်းလင်းသည့် အချက်များကို ရန်ကုန်ဗဟိုနှင့် ချိတ်ဆက်၍ မေးမြန်းလမ်းညွန်မှု ရယူခြင်းများ ပြုလုပ်ရန် တာဝန်ရှိသည်။)
၁၁။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလကုန်
- ရဟန်းတစ်ပိုင်သာသနာ(Parish)အသီးသီးမှ မိမိတို့၏ ဘာသာသူများထံသို့ လိုအပ်သော သတင်းအချက်အလက်များ ဝေမျှပြီးဖြစ်ရမည်။
၁၂။၂၀၂၂ခုနှစ် ဇန္နဝါရီလ
- ရဟန်းတစ်ပိုင်သာသနာနယ်အတွင်းဘာသာတူများနှင့် အနည်းဆုံး တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်ရမည်။
- ရန်ကုန်ဗဟိုနှင့် zoom update ပြုလုပ်ခြင်း (Date : ၂၀၂၂ခုနှစ်ဇန္နဝါရီလ ၃၁ )
၁၃။၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ
- ရဟန်းတစ်ပိုင်သာသနာနယ်အတွင်းဘာသာတူများနှင့်အနည်းဆုံး(၂)ကြိမ်ေတွ့ဆုံ ဆွေးနွေးပြီး ဖြစ်ရမည်။
- ရန်ကုန်ဗဟိုနှင့် zoom update ပြုလုပ်ခြင်း (Date : ၂၀၂၂ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက် )
၁၄။၂၀၂၂ခုနှစ် မတ်လတစ်လလုံး
- Parish အလိုက်အကြံပြုချက်များကိုအနှစ်ချုပ်ပြုစုခြင်း
၁၅။၂၀၂၂ခုနှစ် ဧပြီလ
- ဧပြီလ၁၅ရက်နောက်ဆုံးထားပြီး Parish အနှစ်ချုပ်များကို (စာမ်က္ႏွာ (၁၀) မျက်နှာထက် မပို) ရန်ကုန်သို့ (Hard copyနှင့် soft- copy) ပေးပို့ခြင်း
၁၆။၂၀၂၂ခုနှစ် ဧပြီလ
- ဧပြီလ၁၅ရက်မှ ၂၀၂၂ခုနှစ်မေလကုန် အထိ ရန်ကုန်ဗဟိုမှ ရန်ကုန်ကက်သလစ်သာသနာ တစ်ခုလုံးအတွက် (၁၀မျက်နှာထက်မပိုသော) အနှစ်ချုပ်ပြုစု၍ မြန်မာနိုင်ငံဆရာတော်ကြီးများ အဖွဲ့ချုပ်သို့ ပေးပို့ခြင်း
မှက်ချက်
- ဓမၼညီလာခံ၏ “သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား ခိုလှုံခြင်းမေတ္တာ”အား မစ္ဆားတရားအပြီး ဖြစ်စေ၊ မိသားစုဆုတောင်းခြင်းများတွင်ြဖစ်စေ ရွက်ဆိုဆုတောင်းကြရန်၊
- ဓမ္မညီလာခံနှင့်ပတ်သက်၍ ( www.synod.va) တွင် လေ့လာနိုင်သည်၊
- မြန်မာနိုင်ငံအတွက် ဓမ္မညီလာခံဆိုင်ရာမေးခွန်းများကို
တိုက်ရိုက် ဖြေဆိုနိုင်သည်။
- ကက်သလစ်ခရစ်ယာန်မဟုတ်သောအခြားဘာသာတရားများမှ ဓမ္မမိတ်ဆွေများနှင့် အေးအတူ ပူအမျှ နေထိုင်နိုင်ရေးအကြံပြုချက်များ ပြုလုပ်နိုင်ရန်အတွက် မေးခွန်း (၄) ခုကို “အခြေခံ လမ်းညွန်ချက်နှင့်မွေးခွန်းများ” စာအုပ်၌ အချပ်ပိုအဖြစ် ထည့်သွင်းထားရှိပါသည်။

2021-11-15 23:34:28
NEWS AND EVENTS