Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွက်

အသိပေးလမ်းညွန်ချက်

ရဟန်းတော်များ၊
သူတော်စင်များ၊
ယုံကြည်သူဘာသာဝင်များ
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ
ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွက် အသိပေးလမ်းညွန်ချက်
၁။ တတိယထောင်စုနှစ်အတွက် ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံကြီးအား ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၂၀၂၃ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်း၌ ပြုလုပ်လျှက် ရှိရာ ရဟန်းရှင်လူ လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန် တက်ကြွစွာပါဝင်လျှက်ရှိနေပါသည်။
၂။ ဒုတိယထောင်စုနှစ်များအတွင်း ကက်သလစ်သာသနာတော်ကြီး၏ ရှင်သန်ရပ်တည်ခဲ့မှုတွင် အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ်ပြုပြင် တိုးတက်မှုများပြုလုပ်နိုင်ရန်အတွက် နေရာပေါင်းစုံ၊ ဘဝမျိုးစုံမှသာသနာပြုများ ဘာသာဝင်သားသမီးများနှင့်ဓမ္မမိတ်ေဆွများ၏ ခံစားမှု အသံများ၊ ပါဝင်ဆွေးနွေးမှုအသံများ၊ အကြံပြုချက်များကို လေးစားတန်ဘိုးထားစွာ နားထောင်၍ အနာဂတ်သာသနာ့ခရီးအတွက် သုံးသပ်နိုင်ရန်ဖြစ်ပါသည်။
၃။ ဓမ္မညီလာခံကျင်းပရေးဗဟို(ဗာတီကန်)မှ ဘာသာတူများပိုမိုတက်ကြွစွာပါဝင်နိုင်ရေးအတွက် နိုင်ငံအသီးသီး၏ အကြံပြုသုံးသပ်ချက်များ ပေးပို့ရမည့်ရက်အား ၂၀၂၂ခုနှစ် သြဂုတ်လ ၁၅ရက်နေ့ အထိ နောက်ဆုတ် သတ်မှတ်၍ အချိန် ၄လ ထပ်မံ တိုးပေးခဲ့ပါသည်။
၄။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) မှလည်း မြန်မာနိုင်ငံတွင်းရှိ ကက်သလစ် ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာများ၏ အကြံပေးသုံးသပ်ချက်များ ပေးပို့အပ်နှံရမည့် ရက်အားလည်း ၂၀၂၂ခုနှစ် မေလကုန် အထိ ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါသည်။
၅။ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ မြန်မာနိုင်ငံဆရာတော်ကြီးများအဖွဲ့ချုပ်သို့ သတ်မှတ်ချိန် အမှီ အနှှစ်ချုပ်များပေးပို့နိုင်ရန်အတွက်၊ ရန်ကုန်ကက်သလစ်သာသနာအတွင်းရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှလည်း မိမိတို့၏အနှစ်ချုပ်သုံးသပ်ချက်များကို ၂၀၂၂ခုနှစ် ဧပြီလ ၁၅ရက်နေ့ နောက်ဆုံးထား၍ ကြားခံဆက်သွယ်ရေးတာဝန်ခံများြဖစ်သော Rev. Fr. ဆလိုင်းမီကာအဲလ် (၀၉၂၅၀၀၁၃၈၆၆/ secygn@gmail.com) နှင့် Rev. Fr. စောဟေလာရီ (၀၉၇၆၂၁၂၂၃၅၅/ bpjohnsec@ gmail.com ) ထံသို့ မပျက်မကွက် ပေးပို့ကြပါရန် အထူးမေတ္တာ ရပ်ခံ အပ်ပါသည်။
၆။ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ မိမိတို့အစီအစဉ်များနှင့် သာသနာအမှုတော်၊ လူမှုဖွံ့ဖြိုးရေး ဆောင်ရွက်နေကြသော သူတော်စင်ဂိုဏ်းများ၊ အဖွဲ့အစည်းများအနေဖြင့် နံပါတ် ၅ တွင် ဖေါ်ပြပါ ကြားခံဆက်သွယ်ရေးတာဝန်ခံများ (contact persons) ထံသို့မိမိတို့၏ အကြံပြု ဆွေးနွေးချက်များကို တိုက်ရိုက်ပေးပို့နိုင်ပါသည်။
၇။ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပိုင္သာသနာ (Parish) များ နှင့်ချိတ်ဆက်၍ အတူတကွလုပ်ဆောင်နေကြသော သာသနာ့အမှုတော်ဆောင်များ၊ သူတော်စင်များ၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာသာသနာအသီးသီး၏ အစီအစဉ်များတွင် ပူးပေါင်းပါဝင် အကြံပြုဆွေးနွေးကြရမည်ဖြစ်ပါသည်။

2021-11-15 23:33:29
NEWS AND EVENTS