Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ (အောက်တိုဘာ၂၀၂၁-၂၀၂၃)

အတွက်အခြေခံသိရမည့်အချက်များ

ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ (အောက်တိုဘာ၂၀၂၁-၂၀၂၃)

အတွက်အခြေခံသိရမည့်အချက်များ


နိဒါန်း

၁။ Synod၏ အဓိပ္ပါယ်

၂။ Synod ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်

၃။ ညီလာခံ ခေါင်းစဉ်

၄။ ညီလာခံ၏ အရေးကြီး ဝေါဟာရ သုံးမျိုး

၅။ ညီလာခံ အဆင့်အဆင့်

၆။ မည်သူတို့ ပါဝင်ဆွေးနွေးနိုင်သနည်း

၇။ ဆွေးနွေးမှု ပုံစံ

၈။ တွေ့ဆုံဆွေးနွေးမှုတွင် ထားရမည့် စိတ်နေသဘောထား

၉။ အန္တရာယ်များကို သတိထားရှောင်ခြင်း

၁၀။ ဆွေးနွေးနိုင်သည့် ပုံစံများ

နိဒါန်း

၁။ကက်သလစ်သာသနာလုံးဆိုင်ရာဓမ္မညီလာခံ၌ဘုရားသခင်၏သာသနာတော်ကြီးအားဖိတ်ခေါ်သည်။ စည်းဝေးမှုပြုသောအသင်းတော်အဖို့ တစ်လုံးတစ်ဝတည်း၊ အားလုံးပါဝင်နေရေး၊ သာသနာပြုရေးဟူသော လမ်းကြောင်းဖြင့် (၂၀၂၁)ခုနှစ် အောက်တိုဘာလ (၉)ရက် (၁၀)ရက်တွင် ရောမမြို့၌လည်းကောင်း၊ အောက်တိုဘာလ(၁၇)ရက်နေ့၌ ကမ္ဘာတဝန်းရှိသာသနာအသီးသီးတွင်လည်းကောင်း ဓမ္မညီလာခံကြီးကို ခမ်းနားစွာဖွင့်လှစ်မည်ဖြစ်သည်။ (၂၀၂၃)ခုနှစ် အောက်တိုဘာလတွင် ဆရာတော်ကြီးများ၏ (၁၆)ကြိမ်မြောက် ပုံမှန်အထွေထွေဓမ္မညီလာခံကို ကနဦးကျင်းပမည်ဖြစ်ကာ၊(၁) ထိုညီလာခံ၏ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မှုအဆင့် အနေနှင့် ဆရာတော်တပိုင်သာသနာနယ်အသီးသီးက ဆက်လက်ပါဝင် လုပ်ဆောင်ကြရန်ဖြစ်သည်။

(cf. EC. arts. ၁၉-၂၀)

ဤဖိတ်ခေါ်ချက်နှင့်အတူ ရဟန်းမင်းကြီးအရှင်သူမြတ်က ကက်သလစ်သာသနာတခုလုံးအား သာသနာတော်၏အသက်တာနှင့် သာသနာပြုလုပ်ငန်းအတွက် ထိထိမိမိရှိသော ဦးတည်ချက်ဖြစ်သည့် ဘုရားသခင်မျှော်မှန်းသည့် တိုင်ပင်နှီးနှောမှုပြုသော တတိယထောင်စုနှစ် အသင်းတော်” (၂)ကို

ထောက်ရှုရန် ဖိတ်ခေါ်သည်။

ဒုတိယဗာတီကန်ကောင်စီက အကြံပြုသော အသင်းတော်၏ နိုးကြား သစ်လွင်မှုခရီးစဉ်သည် လက်ဆောင်မွန်နှင့် လက်တွေ့လုပ်ဆောင်မှုတရပ်ဖြစ်သည်။ အတူတကွခရီးပြုခြင်း၊ ထောက်ရှုခြင်းတို့ဖြင့် အသင်းတော်သည် အတွေ့အကြုံများအရ တလုံးတ၀တည်းရှိမှုကို စဉ်ဆက်မပြတ် သင်ယူနိုင်ပြီး၊ ပူးပေါင်းပါဝင်မှုကို ပိုင်ဆိုင်ရရှိကာ သာသနာပြုလုပ်ငန်းအတွက် မိမိကိုယ်ကို တံခါးဖွင့်ထားနိုင်မည်ဖြစ်သည်။ အသင်းတော်၏ ပင်ကိုယ်သဘာ၀ဖြစ်သော ဘုရားဖူးခရီးသည်ဖြစ်မှုနှင့် ဘုရားသခင်၏ သာသနာပြု လူမျိုးတော်ဖြစ်ခြင်းကိုဖော်ပြကာ ထိရောက်သောစွမ်းဆောင်မှုတို့အတွက် ကျွန်ုပ်တို့၏အတူတကွခရီးပြုမှုက အထောက်အကူဖြစ်စေသည်။

၂။ယနေ့ခေတ် သာသနာနယ်လေးတခုမှသည် ကမ္ဘာလုံးဆိုင်ရာသာသနာကြီးအထိ အမျိုးမျိုးသောအဆင့်၌ ဧဝံဂေလိတရားတော်နှင့်အညီ ဘုရားသခင်အပ်နှင်းထားသော သတင်းကောင်းဝေမျှခြင်းကို မည်ကဲ့သို့လုပ်ဆောင်မည်နည်း၊ ဝိညာဉ်တော်ကြီးထွားစေသော

အသင်းတော်၏ခြေလှမ်းများက မည်ကဲ့သို့နည်း ဆိုသော အခြေခံမေး

ခွန်းများက ကျွန်ုပ်တို့ကိုနိုးကြားစေပြီး လမ်းညွှန်မှုပေးသည်။ ထိုအရာများအတွက် ဝိညာဉ်တော်ကို ကျွန်ုပ်တို့အတူ တကွ နားစွင့်ဖို့လိုသည်။ မိမိလိုရာသို့ တိုက်ခတ်ကာ အသံကိုသာကြားနိုင်ပြီး မည်သည့်နေရာကလာ၍ မည်သည့်နေရာသို့ သွားသည်ကိုမသိနိုင်သော လေပမာ ဝိညာဉ်တော်သည်ဖြစ်၏” (ယော ၃း၈) ဝိညာဉ်တော်ကို လမ်းဖွင့်ပေးထားခြင်းက ကျွန်ုပ်တို့အား ခရီးလမ်းတလျှောက် ပြုပြင်ပြောင်းလဲစေမှာသေခြာသည်။ ထို့ကြောင့် ဓမ္မညီလာခံကျင်းပစဉ်အတွင်း စိတ်နှလုံးပြောင်းလဲခြင်းနှင့်အတူ တဆင့်ချင်း ပိုမိုရင့်ကျက်သော အသက်တာကို ရရှိဖို့ ဝိညာဉ်တော်၏ နှိုးဆော်မှုကို အခွင့်အရေးပေးရပေမည်။ ဤဦးတည်ချက်များသည် အသင်းတော်၏အသက်တာ စွမ်းရည်နှင်၊့ ဆေးကြောခြင်းမင်္ဂလာနှင့် ခရစ္စမားအားပေးမင်္ဂလာခံယူပြီးသူ ကျွန်ုပ်တို့ပါဝင်လုပ်ဆောင်ရမည်ဖြစ်သော သတင်းကောင်းဝေမျှခြင်း အစွမ်းအတွက် အထူးပင်အရေးကြီးသည်။

- ဝိညာဉ်တော်မြတ်သည် အသင်းတော်သမိုင်း၌လည်းကောင်း၊ ယနေ့အခါသမယ၌လည်းကောင်း အသင်းတော်အား လမ်းညွှန်ကာ ကျွန်ုပ်တို့ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား သက်သေခံများအဖြစ်အဘယ်သို့စည်းရုံးခေါ်ဆောင်သည်ကို ပြန်လည်စဉ်းစားခြင်း၊

- အသင်းတော်၏ ဆင့်ကဲပြောင်းလဲဖြစ်တည်မှုအတွက် ပါဝင်ကြရန် တဦးစီကိုဖိတ်ခေါ်သည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို

အပယ်ခံဟုခံစားနေရသူများကို ရှာဖွေဖော်ထုတ်ရန်နှင့် ယင်းတို့သည်

လည်း ဘုရားလူမျိုးတော်အဝင်ဖြစ်ကြောင်း အသံပြုနိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်သည်။

- လူသားထုတရပ်လုံး၏ အကျိုးအတွက်နှင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် ဝိညာဉ်တော်က လွတ်လပ်စွာ သွန်းလောင်းပေးသော မတူကွဲပြားသည့်ကျေးဇူးတော်အသီးသီး၏

ကြွယ်၀မှုကို အသိအမှတ်ပြုခြင်း၊ အလေးထားခြင်း၊

- သတင်းကောင်းဝေမျှရမည့်ဝတ္တရားကို ထမ်းဆောင်ခြင်း၊ ပိုမိုလှပသော နေချင့်စဖွယ် လူ့ကမ္ဘာကိုအားထုတ်တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်နိုင်သည့်နည်းလမ်းများကို ရှာဖွေခြင်း၊

- ဧဝံဂေလိတရားတော်၌ အခြေခံအစမပြုသည့် ယိုးယွင်းဖောက်ပြန်သောအလေ့အကျင့်များနှင့် အခြေအမြစ်မရှိသော အစွဲအလမ်းများကို ပြောင်းလဲပစ်ရန် ကြိုးစားအားထုတ်ခြင်း၊ အသင်းတော်ကြီးသည် မိမိတာဝန်နှင့်အခွင့်အာဏာကို မည်သို့အသုံးချလျက်ရှိကြောင်း၊ အဖွဲ့အစည်းများအား တည်ဆောက်မှုကို မည်သို့စီမံခန့်ခွဲနေကြောင်း ကိုဖော်ထုတ်စမ်းစစ်ခြင်း၊

- ခရစ်ယာန်အသင်းအဖွဲ့များအား လက်ခံဆက်ဆံနိုင်သော၊ ပူးပေါင်းပါဝင်ခွင့်ပေးသော၊ အဖွဲ့အစည်းများအဖြစ် ပြန်လည်သင့်မြတ်ရေးစကားဝိုင်းများ၊

အကျိုးပြုလုပ်ငန်းများ ကုသခြင်း ဒီမိုကရေစီပြန်လည် တည်ဆောက်ခြင်း၌

ပူးပေါင်းပါဝင်လုပ်ဆောင်ခွင့်နှင့် မိဿဟာရဖွဲ့ကာ ညီအစ်ကိုမောင်နှမဖြစ်မှုကို

တိုးတက်စေရေးတို့ကို လက်ခံအသိအမှတ်ပြုခြင်း၊

- အသင်းကွဲသောခရစ်ယာန်ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ၊ အခြားလူမှုရေးအဖွဲ့အစည်းသိုင်းအဝန်းများ၊ ဘာသာရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ အများအကျိုးသယ်ပိုးနေသောထင်ရှားသည့်အဖွဲများနှင့်

နွေးထွေးသော ဆက်ဆံရေးကို ပြန်လည်တိုးတက်ကြီးထွားစေခြင်း၊

- ဓမ္မညီလာခံကြီး၏ အတွေ့အကြုံများမှ ပေါ်ထွက်လာသော အသီးအပွင့်များကို ကမ္ဘာအဆင့်၊ နိုင်ငံအဆင့်၊ ဒေသအဆင့် စသည်ဖြင့် အောက်ခြေအဆင့်ထိတိုင်အောင် ရောက်ရှိခံစားနိုင်ရေးကိုအလေးထားကာ အသိအမှတ်ပြုလုပ်ဆောင်ခြင်း။

 

၁။ Synod၏ အဓိပ္ပါယ်

ဘုရား၏ လူမျိုးတော်များ အတူတကွ ခရီးပြုခြင်း

Synodality ၏ အဓိပ္ပါယ်

ခရစ်တော် ဘုရားရှင်၏ ဖိတ်ခေါ်တော်မူခြင်းဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်ဖြင့် ဧဝံဂေလိ သတင်းကောင်းကို သက်သေခံရန် အတူတကွ စုရုံးခရီးပြုနေကြသော ဘုရား၏ လူမျိုးတော်များ

၂။ Synod ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်

စာတမ်း ထုတ်ဝေပြုစုရန်သည် အဓိကမဟုတ်ပါ။ ရေရှည် ခရီးဆက်ရမည့် အသင်းတော်၏ ရှေ့ရေးအတွက် အတူတကွ စုပေါင်း၍ စဉ်းစား သုံးသပ် ဆုံးဖြတ်နိုင်ရန်အတွက် အခွင့်အရေး ဖေါ်ဆောင်ပေးခြင်း ဖြစ်သည်။

ဆေးကြောခြင်း မင်္ဂလာခံယူထားသော ဘုရား၏ လူမျိုးတော်များသည် မိမိတို့ တည်ရှိရာ သာသနာဒေသ အသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ လုပ်ဆောင်မှုအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီး၌ ကျားမ မရွေး၊ ကြီးငယ်မခွဲခြား၊ တစ်ဦး၏ အသံကို တစ်ဦး နားထောင်၍ ဝိညာဉ်တော် ဘုရား၏ တိုက်တွန်း နှိုးဆော်မှုကို နားထောင်ကြရမည် ဖြစ်သည်။

ဆေးကြောခြင်း မင်္ဂလာ၊ ခရစ္စမတ် အားပေးခြင်း မင်္ဂလာကို ခံယူထားကြသော သူတိုင်း၌ ဝိညာဉ်တော် ဘုရား၏ ကျေးဇူးတော်များ ရှိ၍ ထို ဘာသာတူတို့နှင့် အတူတကွ တိုင်ပင်ဆွေးနွေးလုပ်ဆောင်ခြင်းဖြင့်သာ အသင်းတော်၏ လုပ်ပိုင်ခွင့် အာဏာကို မှန်ကန်စွာ တည်ရှိစေရန် ဖြစ်သည်။

ညီလာခံ အတောအတွင်း၌ နှုတ်ကပတ်တော်ကို၎င်း၊ ရှေးထုံးထမ်းစဉ်လာ များကိုသော်လည်းကောင်း၊ တစ်ဦး၏အသံကို တစ်ဦးနားထောက်၍သော်လည်းကောင်း၊ အသင်းတော်၏ သာသနာပြုမှု ကိစ္စများအတွက် ထောက်ရှုသုံးသပ်ခြင်း၊ ပါဝင်ဆွေးနွေးခြင်း၊ ဝေမျှတာဝန်ယူဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်မှာစကား

ဆေးကြောခြင်း ခံယူထားသော သူတိုင်းသည် အသင်းတော်၌လည်းကောင်း၊ လူမှုဆက်ဆံရေးများ၌သော်လည်းကောင်း၊ ပြောင်းလဲပြုပြင်ရေး ကိစ္စများ၌ မိမိတို့ ကိုယ်စီ၌ တာဝန်ရှိသည်ဟု ခံယူရ၊ ပါဝင်ရမည်။ ဤသို့ ပြုပြင်တိုးတက်ပြောင်းလဲရန်အတွက် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်းကောင်း ပြောင်းလဲရန်လည်း အထူးလိုအပ်ပါသည်။

၃။ ညီလာခံ ခေါင်းစဉ်

*အတူတကွ ခရီးပြုနေသော အသင်းတော် *

+တစ်လုံးတစ်ဝတည်း ရှိခြင်း

+ပူးပေါင်းပါဝင်ခြင်း၊

+သာသနာပြုခြင်း

၄။ ညီလာခံ၏ အရေးကြီး ဝေါဟာရ သုံးမျိုး

(က) တစ်လုံးတစ်ဝတည်းရှိခြင်း

ဤအချက်သည် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ ပေါင်းစည်းမှု မေတ္တာတရားပေါ်တွင် အခြေပြုပါသည်။

သားတော်ဘုရားသည် သန့်ရှင်းသော ဝိညာဉ်တော်၌ ကျွန်ုပ်တို့အား ခမည်းတော်ဘုရားနှင့် ပြန်လည်၍ မိတ်သဟာယဖြစ်စေသည်။ ကျွန်ုပ်တို့ အချင်းချင်းလည်း ကျေအေး သင့်မြတ်၍ ပိုမိုစည်းလုံးကြရမည် ဖြစ်သည်။

(ခ) ပူးပေါင်းပါဝင်ခြင်း

ဘုရားသခင်၏ လူမျိုးတော်ဖြစ်ကြသော လူဝတ်ကြောင်၊ သူတော်စဉ်များနှင့် သိက္ခာ အဆင့်ဆင့် ခံယူထားကြသောသူများသည် တစ်ဦး၏ အသံကို တစ်ဦး လေးလေးစားစားနားထောင်ကြရန်ဖြစ်သည်။ လာမည့် တတိယထောင်စုနှစ် အတွက် ပြင်ဆင်ရန်ဖြစ်သည်။

ဆုတောင်းခြင်း၊ နားထောင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဆွေးနွေးခြင်း၊ စဉ်းစားသုံးသပ်ခြင်း၊ အကြံညာဏ်ပေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို အတူတကွ ဆုံးဖြတ် အကောင်အထည်ဖေါ်ကြခြင်းဖြစ်သည်။

(ဂ) သာသနာပြုခြင်း

အသင်းတော်သည် ဧဝံဂေလိသတင်းကောင်းဖြန့်ဝေရန် မိမိတည်ရှိသည့် ရှင်သန်သော ဘဝ ပတ်ဝန်းကျင်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူသတ္တဝါအပေါင်းအား မျှဝေ သက်သေခံရန်ဖြစ်ပါသည်။ အထူးသဖြင့် ဝိညာဉ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့၌ နောက်ကျနေသူများနှင့် ဝေးလံခေါင်းပါးသော အရပ်ဒေသများရှိ သူများအထိ ရောက်ရှိရန် ဖြစ်သည်။

 

၅။ ညီလာခံ အဆင့်အဆင့်

(က) ဆရာတော်ကြီးများ အဖွဲ့ချုပ်အဆင့်

၎င်းအဆင့်တွင် တိုင်းပြည်တွင်းရှိ ကက်သလစ်ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာများမှ ဆရာတော်ကြီးများသည် မိမိတို့ သာသနာနယ်ပယ်ရှိ ဘာသာတူ လူကြီး၊ လူငယ်၊ ကျားမ မရွေး၊ သူတော်စင်များ သာမန် ဘာသာတူအားလုံး၊ ဆင်းရဲ ချမ်းသာ မရွေး၊ တောမြို့ မခွဲခြားဘဲ အားလုံးကို ပါဝင်ဆွေးနွေးစေပြီး အသင်းတော်ကြီး ပိုမို စည်းလုံး တိုးတက်စေရန် အကြံညာဏ်များ ရယူစုဆောင်းပြုစု၍ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM)သို့ ၂၀၂၂ခုနှစ် ဇန္နဝါရီ ၃၁ရက်နေ့ နောက်ဆုံးထား၍ ပို့ရပါမည်။ မေးခွန်းများကို CBCM OSC website တွင်လည်းကောင်း၊ မိမိတို့ သက်ဆိုင်ရာ သာသနာအသီးသီး၏ ကျောင်းထိုင် ဘုန်းတော်ကြီးထံတွင်လည်းကောင်း ရရှိနိုင်ပါသည်။

ရရှိလာသော အကြံပြုချက်များ၊ အဖြေလွှာများကို ဆရာတော်ကြီးများအဖွဲ့ချုပ်မှ သုံးသပ် စီစစ်ပြီး ၂၀၂၂ခုနှစ် ဧပြီလ မတိုင်မှီ အာရှတိုက် ဆရာတော်ကြီးများအဖွဲ့ချုပ်(FABC)သို့ ပို့ဆောင်ရမည်ဖြစ်ပါသည်။ ဤအဆင့်တွင် ယုံကြည်သူများထံမှ တစ်ဆင့်

- ဝိညာဉ်တော်ဘုရား၏ အသံကို နားထောင်ခြင်း

- လူမျိုးမရွေး၊ ဒေသမရွေး သတင်းအချက်အလက်များ ရောက်စေရန် ဆောင်ရွက်ခြင်း

- ရိုးရာယဉ်ကျေးမှု မတူကွဲပြားမှုများကို လက်ခံဆောင်ရွက်ခြင်း

- လူတန်းစား မျိုးစုံ ပါဝင်နိုင်ရန် ဆောင်ရွက်ခြင်း

- လူတိုင်း ပါဝင်ဆောင်ရွက်ရန် ဝတ္တရားရှိကြောင်း ဆော်ဩခြင်း

- တဦး၏ အခွင့်အရေး ဂုဏ်သိက္ခာ၊ အကြံဥာဏ်ကို လေးစားခြင်း

- အားနည်း၊ အားသာချက် ထောက်ပြမှုများကို ကျေးဇူးတင်စွာ လက်ခံတတ်ခြင်း၊

- လူနည်းစုတို့၏ အသံကို အလေးထားခြင်း

- ပွင့်လင်းမြင်သာမှုရှိခြင်း

- တရားမျှတမှုရှိခြင်း

စသည်တို့သည် အရေးတယူပြုရမည့် အချက်များ ဖြစ်သည်။

(ခ) တိုက်ကြီးများ အဆင့်တွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ  ပေးပို့သော အကြံပြုချက် အဖြေလွှာများကို စီစစ်အနှစ်ချုပ်ပြီး ၂၀၂၃ခုနှစ် မတ်လတွင် ဆရာတော်ကြီးများ ဓမ္မညီလာခံဆိုင်ရာ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ ပို့ဆောင်သွားရမည်ဖြစ်သည်။

(ဂ) တစ်ကမ္ဘာလုံးဆိုင်ရာအဆင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြီး၊ နောက်ဆုံး ကြေညာ စာတမ်းကို ထုတ်ပြန်သွားမည်ဖြစ်သည်။

 

၆။ မည်သူတို့ ပါဝင်ဆွေးနွေးနိုင်သနည်း

ဆေးကြောခြင်း ခံယူထားသော ခရစ်ယာန်တိုင်း ပါဝင်ဆွေးနွေးနိုင်သည်။ ဆွေးနွေးရမည်။

ခရစ်ယာန်မဟုတ်သော ဓမ္မမိတ်ဆွေများသည်လည်း ကူညီပံပိုး အကြံပြုချက်များ ပြုလုပ်နိုင်သည်။ ဖိတ်ခေါ်ပါသည်။

၇။ ဆွေးနွေးမှု ပုံစံ

ဆုတောင်းခြင်း၊ ထောက်ရှုခြင်း၊ တစ်ဦး၏ အတွေးသဘောထားကို တစ်ဦး အာရုံပြုခြင်း၊ တစ်ဦးနှင့် တစ်ဦး စစ်မှန်သော၊ အဓိပ္ပါယ်ရှိသော၊ ကြိုဆိုသော နည်းလမ်းများဖြင့် အပြန်အလှန် ပြောဆို နားထောင်ခြင်းတို့ဖြစ်သည်။

 

၈။ တွေ့ဆုံဆွေးနွေးမှုတွင် ထားရမည့် စိတ်နေသဘောထား

(၁) တစ်ဦးနှင့် တစ်ဦး ပြောဆို ကြားနာနိုင်ရန် အချိန်မျှဝေပေးပါ။

(၂) ရဲရဲဝံဝံ ပြောပါ။ နိမ့်ချစွာ နားထောင်ပါ။ အပြန်အလှန် ငြင်းခုံသော နေရာမဟုတ်ကြောင်း သတိအမြဲပြုပါ။ ဝိညာဉ်တော်၏ နိုးဆော်မှုကို ကြားနာသော နေရာဟု ခံယူပါ။

(၃) ဆွေးနွေးမှုများသည် အတွေးအမြင်သစ်များ ဖြစ်စေသည်ကို သတိပြုပြီး သူတစ်ပါး၏ အသံသည် မိမိ အတွေးအမြင်ကို ပြောင်းလဲစေလျှင် ပြောင်းလဲနိုင်ရန် အသင့်ရှိရမည်။

(၄) လိုအပ်ပါက နည်းလမ်းသစ်များကို လက်ခံရန်အတွက် နည်းလမ်းဟောင်းများကို စွန့်လွှတ်နိုင်ရမည်။

(၅) အတူတကွ ဆွေးနွေးခြင်း အကြံပြုခြင်းများ၌ ဘုရားသခင်ပါရှိနေသည်ကို သတိပြုရမည်။

(၆) ဘုရားသခင်သည် မိမိလူမျိုးတို့၏ ငိုးကြွေးသံကို နားထောင်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း တစ်ဦး၏ အသံကို တစ်ဦး နားထောင်ခြင်းဖြင့် ဘုရားသခင်ကို အတုယူနေခြင်းဖြစ်သည်။

(၇) ဆွေးနွေးမှုကို အဟန့်အတားဖြစ်စေသော အစွဲအလန်းများ၊ ပုံသေကားချပ်များကို စွန့်ပစ်ရပါမည်။

(၈) အရာရာတွင် မိမိသာ အကောင်းဆုံး၊ အသိဆုံး ဟူသော သဘောထားမျိုးကို ကျော်လွှာရပါမည်။

(၉) တစ်ကိုယ်ကောင်းဆန်စွာ တစ်ဦးတည်း လုပ်ဆောင်တတ်သော၊ တစ်ပါးသူ ပါဝင်မှုကို အားမပေးသော စိတ်ဓါတ်များကို ကုစားရပါမည်။

(၁၀) လက်တွေ့ဘဝနှင့် သဟဇတကျသော အကြံအစည်များဖြစ်ရန် လိုအပ်ပါသည်။

(၁၁) ကျွန်ုပ်တို့၏ ပါဝင်ဆွေးနွေးမှုသည် အနာဂတ်အသင်းတော်အတွက် မျှော်လင့်ရာဖြစ်ရန်။

(၁၂) ညီလာခံအချိန်ကာလသည် အနာဂတ်ကာလကို မျှော်တွေး၍ ပုံရိပ်ဖေါ်ခြင်းဖြစ်သည်။

သို့ဖြစ်၍

- အတွေးအမြင်သစ်များ တည်ဆောက် အကောင်အထည်ဖော်ရန်

- အားလုံး၏ ပါဝင်နိုင်မှုကို အလေးထားရန်

- စိတ်သဘောထားကြီးမှုကို မွေးရန်

- လူတိုင်း၏ အသံကို အချိန်ပေး နားထောင်ရန်

- တတိယထောင်စုနှစ် ခရီးစဉ်အတွက် ပြင်ဆင်ခြင်းကို နားလည်ရန်

- အတူတကွ ပူးတွဲ တာဝန်ယူတတ်ရန်

- ခရစ်ယာန် ဂိုဏ်းပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ဓမ္မမိတ်ဆွေများနှင့် ပိုမိုထိတွေ့ရင်းနှီးမှု တည်ဆောင်ရန် တို့ဖြစ်ပါသည်။

 

၉။ အန္တရာယ်များကို သတိထားရှောင်ခြင်း

- ဘုရား၏ အသံကို နားထောင်၍ ဘုရား၏ ဦးဆောင်မှုကို လိုက်ရမည့်အစား မိမိအသံကိုသာ နားထောင်ပြီး မိမိလုပ်ဆောင်ချင်သည့် အရာများကို လုပ်ဆောင်ခြင်း

- အများအရေးထက် မိမိအရေးကိုသာ ဦးစားပေးခြင်း

- ပြဿနာအခက်အခဲများကိုသာ ကြည့်၍ ဖြေရှင်းနိုင်သည့် အဖြေများကို ဆုံးရှုံးရခြင်း၊ နောက်တွန့်ခြင်း

- ပါဝင်သူတို့၏ စိတ်သဘောထား၊ ခံယူမှုများကို အဓိက ပြောင်းလဲရန် ကြိုးစားခြင်းထက် ဖွဲ့စည်းပုံ structures များကို ပြောင်းလဲရန် လုပ်ဆောင်ခြင်း

- အသင်းတော်၏ တည်ရှိမှုသည် လူသားများ အားလုံးအတွက်ဖြစ်သည်ဟူသော အမြင်အစား ဘာသာဝင်သူတို့၏ အရေးကိုသာ ဘောင်ခတ်၍ ရှုမြင်ခြင်း

- မိမိ၏ အယူအဆကိုသာ သူတပါး လက်ခံအောင် အတင်း ဖိအားပေးခြင်း(သူတပါး၏ အယူအဆဖြစ်သော်လည်း မှန်ကန်ကောင်းမွန်၍ လိုအပ်ပါက လက်ခံတတ်ရန်)

- ညီလာခံသည် မိမိအနိုင်ရ ဗိုလ်စွဲရန် သူတပါးကို ချေမှုန်းရသော နေရာမဟုတ်ကြောင်း သတိမမူခြင်း

- ဦးဆောင်ဆွေးနွေးလေ့ရှိသော သူတို့၏ အသံများကိုသာ နားထောင်ပြီး မပြီးသွားရန်၊ အားလုံး၏ အသံကို ကြားနိုင်ရန် ဆောင်ရွက်ခြင်း

၁၀။ ဆွေးနွေးနိုင်သည့် ပုံစံများ

- မိမိလျှောက်လှမ်းခဲ့သော ယုံကြည်ခြင်း ဘဝခရီးအကြောင်း ပြောပြခြင်း

- ဘဝရှင်သန် ပုံခြင်းတူသော နေရာ ဒေသခြင်းတူသော သူတို့၏ အစုအဖွဲ့အလိုက် အသင်းတော်အတွက် အကြံပြုခြင်း

- အတူတကွ လုပ်ဆောင်ခြင်း၊ ခရီးပြုခြင်းကို ဖေါ်ပြသော စကားစုများ ရွေးချယ်ဖေါ်ပြခြင်း

ဥပမာ- အတူ ခရီးပြုခြင်း၊ ကျွန်ုပ်တို့သည် ပေါင်းစည်းကြသည်

- လူတန်းသား အမျိုးမျိုး ပါဝင်သော အဖွဲ့အစည်း ရုပ်ပုံများ အသုံးပြု၍ မိမိတည်ရှိနေသော ပါဝင်နေရသော နေရာကို ညွန်ပြစေခြင်း

- မိမိတို့ ကိုယ်တိုင် ပန်းချီဆွဲ၍ လက်ရှိအသင်းတော် တည်ရှိခရီးပြုနေပုံကို ဖေါ်ပြပြီး မိမိရှိနေသော ပါဝင်နေသော နေရာကို ဖေါ်ပြရန်

- အတူ ခရီးပြုခြင်း ခေါင်းစဉ်ဖြင့် သီချင်း၊ ကဗျာ၊ ဆောင်းပါများရေးသားခြင်း

- အတူ ခရီးပြုခြင်း ခေါင်းစဉ်ဖြင့် ပြဇာတ်တိုများ ရေးခြင်း၊ သရုပ်ဖော်ခြင်း

- သမ္မာ ကျမ်းစာ ဖတ်ရှု၍ လူ့အဖွဲ့အစည်း၏ ပုံစံကို ဝေမျှ ပုံဖေါ်ရန်

ဥပမာ- ရှင်မာကုခရစ်ဝင်ကျမ်း ၁၀း ၄၆-၅၂, ရှင်လုကာခရစ်ဝင်ကျမ်း ၂၄း၁၃-၃၅

 

 


2021-11-15 23:31:55
NEWS AND EVENTS