Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံ

၂၀၂၁ - ၂၀၂၃ အမှတ်တံဆိပ်

ကက်သလစ်သာသနာလုံးဆိုင်ရာ ဓမ္မညီလာခံ ၂၀၂၁ - ၂၀၂၃ အမှတ်တံဆိပ်
ကက်သလစ်သာသနာ တစ်ခုလုံးနဲ့ဆိုင်တဲ့ ဓမ္မညီလာခံ ၂၀၂၁ - ၂၀၂၃ အတွက် ဖော်ပြထားတဲ့ အမှတ်တံဆိပ်မှာ တွေ့ရတာကတော့ သစ်ပင် သစ်ကိုင်းနဲ့တူတဲ့ပုံ၊ နေနဲ့တူတဲ့ပုံ၊ အရောင်စုံတောက်ပနေတဲ့လူစုနဲ့ ပုံရဲ့အောက်ခြေကစာသားများပဲဖြစ်ပါတယ်။
ဂုဏ်သရေမြင့်မြတ်ပြီး ကြီးမားတဲ့သစ်ပင်၊ ဥာဏ်ပညာတော်၊ အလင်းနဲ့ပြည့်ဝတဲ့ သစ်ပင်ဟာ ကောင်းကင်သို့ လှမ်း၍လက်ကမ်းနေပါတယ်။
ဒီအပင်ဟာ အသက်နဲ့ မျှော်လင့်ခြင်းအတွက် နက်ရှိုင်းတဲ့အမှတ်လက္ခဏာ တစ်ခုဖြစ်ပြီး ခရစ်တော်ရဲ့ကားတိုင်တော်ကိုဖော်ပြနေပါတယ်။
ဒီအပင်က နေကဲ့သို့ထွန်းလင်းတောက်ပနေတဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးကို ပင့်ဆောင်ထားနေတယ်။
အလျားလိုက်ရှိနေတဲ့ အကိုင်းများကတော့ လက်တစ်စုံကိုဖွင့်ဟကြိုဆိုနေတာနဲ့တူပါတယ်။ တစ်ချိန်တည်းမှာပဲ ငှက်ရဲ့အတောင်ပံများနဲ့တူနေတယ်။
ဒါကတော့ သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။
အသက်ရဲ့အပင်၊ ကိုယ်တော်မြတ်စက္ကရမင်တူးနဲ့ သန့်ရှင်းသောဝိညာဥ်တော်ရဲ့အတောင်ပံအောက်မှာရှိနေတဲ့ ဘုရားရဲ့လူမျိုးတော်ဟာ အသက်မဲ့ငြိမ်သက်နေတာမဟုတ်ဘူးဆိုတာကိုလည်းတွေ့ရပါတယ်။ သာသနာ့ညီလာခံ (Synod) - "အတူတကွခရီးပြုခြင်း" ဆိုတဲ့ အတိုင်း ဘုရားရဲ့လူမျိုးတော်ဟာ ရွေ့လျားလှုပ်ရှားလျှက်ရှိပါတယ်။ အသက်ရဲ့အပင်ကမှုတ်သွင်းပေးလိုက်တဲ့ အသက်တာရှိခြင်းနဲ့ အသက်ရဲ့အပင် ဟာ အတူတကွပြုသောခရီးကိုစတင်ရာ နေရာဖြစ်ခြင်း ဆိုတဲ့ တက်ကြွလျှက်ရှိသောဘုံအင်အားဖြင့် သူတို့တတွေဟာစည်းရုံးလျှက်ရှိနေကြပါတယ်။
ဆေးရောင်ခြယ်ထားတဲ့ လူရုပ်ပုံ ၁၅ ခုက မတူကွဲပြားတဲ့အခြေအနေ၊ အသက်အရွယ်၊ မျိုးစပ် များနဲ့ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းနဲ့တူပါတယ်။ တောက်ပတဲ့ဆေးရောင်များနဲ့ ဝမ်းမြောက်ခြင်းရဲ့အမှတ်လက္ခဏာများက ဒီအဖွဲ့အစည်းရဲ့ ပေါင်းစည်းမှုကိုအားဖြည့်ပေးနေပါတယ်။
အားလုံးအတူ ခြေလျင်ခရီးပြုနေကြတဲ့ ဒီအဖွဲ့မှာ အထက်မှအောက်ခြေသို့ဆင့်ကဲအုပ်ချုပ်မှုစနစ် (Hierarchy) ဆိုတာမရှိပါဘူး။ လူငယ်၊ အသက်အရွယ်ကြီးရင့်သူ၊ အမျိုးသမီး၊ အမျိုးသား၊ ဆယ်ကျော်သက်၊ ကလေးငယ်များ၊ သာမန်ဘာသာဝင်များ၊ သစ္စာသုံးပါးခံသီလသည်များ၊ မိဘများ၊ ချစ်သူစုံတွဲများနဲ့ လူပျို အပျိုများရဲ့ အရှေ့မှာ ဆရာတော် ရဟန်း သီလရှင်များ ရှိနေတာမဟုတ်ပဲ သူတို့အားလုံးနဲ့အတူ သူတို့ရဲ့ကြားမှာရှိနေတာဖြစ်ပါတယ်။
ရှင်မာတေဦး ၁၁:၂၅ မှာ "ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည်ပညာရှိသူတို့အား ဤအရာများကိုထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ပါ၏။" လို့ ယေဇူးကိုယ်တော်မိန့်တော်မူခဲ့တဲ့အတိုင်း သဘာဝကျကျပဲ ကလေးသူငယ်များပြီးနောက် ဆယ်ကျော်သက်များကသာ ခရီးပြုခြင်းကိုဦးဆောင်နေကြတာဖြစ်ပါတယ်။
ရုပ်ပုံတွေရဲ့အောက်ခြေမှာပါတဲ့ "အတူတကွပေါင်းစည်းမှု၊ ပါဝင်လှုက်ရှားလုပ်ဆောင်မှု၊ သာသနာပြုခြင်း" (Communion, Participation, Mission) စတဲ့ ကြွေးကြော်သံများကတော့ သာသနာတော်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ဓမ္မညီလာခံ ၂၀၂၁ - ၂၀၂၃ ကို ပြီးမြောက်သည်အထိ အတူတကွခရီးပြုနေသော သာသနာတော်အဖြစ် တူညီသောဦးတည်ချက်သို့ ချီတက်နေခြင်းကို ခွန်အားဖြည့်တင်းပေးနေခြင်း၊ မီးမောင်းထိုးပြနေခြင်းပဲဖြစ်ပါတယ်။
Source: Vatican News

2021-11-14 21:26:12
NEWS AND EVENTS