Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက်

ငြိမ်းချမ်းစွာဆုတောင်းလမ်းလျှောက်ခြင်း။

 
(20.2.2021)
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ကက်သလစ်ခရစ်ယာန်များစုပေါင်း၍ အမိမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် ငြိမ်းချမ်းစွာ ဆုတောင်းလမ်းလျှောက်ခြင်းကို ဖေဖော်ဝါရီလ(20)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
ဆုတောင်းလမ်းလျှောက်ရာ၌ စိပ်ပုတီးစိပ်ခြင်း၊ မယ်တော်သီချင်းများသီဆိုခြင်းကိုသာလုပ်ဆောင်ခဲ့ပြီး အခြားကြွေးကြော်သံများဖြင့်
အော်ဟစ်ခြင်းမလုပ်ခဲ့ပါ။
အဆိုပါဆုတောင်းလမ်းလျှောက်ခြင်းကို ဘာသာဝင်များမှ ကမကထလုပ်ဦးဆောင်ပြီး ရဟန်း ၊ကိုရင်၊ သီလရှင် တချို့တို့လည်းလိုက်ပါခဲ့ကာ လမ်းလျှောက်ဆုတောင်းသူလူအင်အားစုစုပေါင်း (500) ကျော်ပါဝင်ခဲ့ပါသည်။
News -Pinky
Photo- Aung Myo Htike

2021-03-21 22:45:16
NEWS AND EVENTS