Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

 မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်အမှူးပြုသော ခရစ္စမတ်နှင့် နှစ်သစ်အကြို မိဿဟာရပွဲများ

    ကချင်ပြည်နယ်၊ ကက်သလစ် သာသနာ၊ မြစ်ကြီးနား ဂိုဏ်းအုပ် ဆရာ တော်ကြီး ဖရန်စစ် ဒေါ့တန် အမှူးပြုသော ခရစ္စမတ်နှင့် နှစ်သစ်အကြိုဂုဏ်ပြုမိတ်ဆုံစားပွဲကို ၂၀၁၈ ခု ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် စိန်ကိုလန်ဘန် ကာသီဒြယ် ဘုရားကျောင်းဝင်း၊ သာသနာ့ အကျိုးဆောင် ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။
    မိတ်ဆုံစားပွဲသို့ ကချင်ပြည်နယ် ၀န်ကြီးချူပ် ဒေါက်တာ ခက်အောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများနှင့် ပြည် နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြစ်ကြီးနားသာသနာ ဂိုဏ်းချူပ် ဆရာ တော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် ဘုန်းကြီး စစ္စတာများ၊ ဘာသာပေါင်းစုံမှ အသင်း တော်ဆရာ ဆရာမများ၊ ငြိမ်းချမ်းမေတ္တာ အဖွဲ့မှ လူကြီးများ၊ သာသနာ့အကျိုးဆောင် လူကြီး မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြ ပါသည်။
    ကချင်ပြည်နယ် ၀န်ကြီးချူပ် ဒေါက်တာ ခက်အောင်နှင့် ဂိုဏ်းအုပ် ဆရာတော် ဖရန်စစ်ဒေါ့တန်တို့ မိန့်ခွန်း ပြောကြားရာ ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်းရန် လူမျိုးဘာသာ မခွဲခြားပဲ အား လုံး စည်းလုံး ညီညွတ်ဖို့ အထူး လိုအပ်ပြီး၊ ဒီခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလမှစကာ စည်းလုံး ညီညွတ်ရန် ကြိုးစားကြဖို့နှင့် မူးယစ်ဆေးဝါး ပြဿနာ အမြန်ဆုံး ပ ပျောက်ရန် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ နှစ်ဦး စလုံး တစ်ညီတညွတ်တည်း ပြောကြားခဲ့ကြ ပါသည်။
    ယနေ့ နံနက်ပိုင်းတွင်လည်း ခရစ္စ မတ် နှင့် နှစ်သစ်အကြို အထိမ်း အမှတ် အဖြစ် မြစ်ကြီးနားဇုံနယ်မှ ဗုဒ္ဓ ရဟန်း သံ ဃာတော်များအား ခရစ်မတ် လက်ဆောင် ပေးခြင်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကိုလည်း ကျင်းပ ခဲ့ပါသည်။

NEWS AND EVENTS