Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘုရားမိခင်မာရိယာ၏ကူညီစောင်မတော်မူခြင်းဖြင့်

ဤနှစ်သစ်တွင် ဝိညာဉ်ရေး၌ တိုးပွားရှင်သန်ကြပါစေ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဇန်နဝါရီလ () ရက်နေ့၊ ဘုရား၏မယ်တော်မာရိယာပွဲနေ့၌ အပျိုစင်မာရိယာ၏ မိခင်စိတ်ဖြင့်စောင့်ရှောက်မှုသည် ဘုရားသခင်ပေးထားသည့်အချိန်ကို ငြိမ်းချမ်းရေးနှင့်ကမ္ဘာကြီးကိုတည်ဆောက်ရာ၌ အသုံးပြုကြရန်အတွက် ကျွန်ုပ်တို့အား တွန်းအားပေးနေကြောင်းနှင့် ကျွန်ုပ်တို့၏ လူမှုရေး/ဝိညာဉ်ရေးဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဘုရားပေးထားသောအချိန်ကို အကျိုးရှိရှိအသုံးပြုသင့်ကြောင်း မြွက်ကြားခဲ့သည်။

 ဒီအချိန်ကာလဟာ အမုန်းတရားတွေနဲ့ ကွဲပြားခြားနားမှုတွေ ပြေလည်သွားရမယ့်အချိန်၊ ကျွန်ုပ်တို့ကိုယ်ကို ညီအစ်ကိုမောင်နှမတွေအဖြစ်နဲ့ တွေ့ကြုံခံစားကြရမယ့်အချိန်၊ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ကြရမယ့်အချိန်၊ ဘုရားသခင်ဖန်ဆင်းထားတဲ့အရာသတ္တဝါတွေကို ဂရုစိုက်ကြရမယ့်အချိန်၊  ဖျက်ဆီးရမယ့်အချိန်မဟုတ်ဘဲ တည်ဆောက်ကြရမယ့်အချိန်၊ အရာရာကိုကြီးထွားရှင်သန်အောင် လုပ်ရမယ့်အချိန်၊ ငြိမ်းချမ်းခြင်းရှိရမယ့်အချိန် ဖြစ်တယ်

ရဟန်းမင်းကြီးသည် စိန့်ဂျိုးဇက်၊ ကညာစင်မာရိယာနှင့် မယ်တော်၏လက်ထဲမှ သူငယ်တော်ယေဇူးလေးရှိရာ ဖွားမြင်တော်မူခြင်းမြင်ကွင်းသို့ ညွှန်ပြလျက်

ကျွန်ုပ်တို့ အခုမြင်နေရတဲ့အတိုင်းပဲ သူငယ်တော်ယေဇူးလေးက နွားစားခွက်ထဲမှာရှိနေတာ မဟုတ်ဘူး။ မယ်တော်ရဲ့လက်ထဲမှာရှိနေတာ။ ဒီမြင်ကွင်းကိုကြည့်ခြင်းအားဖြင့် မယ်တော်က ကျွန်မရဲ့သားလေးကို ကျွန်မရဲ့လက်ထဲမှာ ပွေ့ဖက်ထားပါရစေဆိုပြီး ပြောနေသလိုပါပဲ။  မယ်တော်မာရိယာက သူမရဲ့သားဖြစ်သူကို ချစ်လွန်းလို့  ကာကွယ်စောင့်ရှောက်ခဲ့သလိုမျိုး ကျွန်ုပ်တို့ကိုလည်း သူမရဲ့လက်ထဲမှာ ထွေးပွေ့ချင်တာဖြစ်တယ်။ မယ်တော်ဟာ သားတော် ယေဇူးလေးကို ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့အတိုင်းပဲ ကျွန်ုပ်တို့ကိုလည်း နူးညံ့သိမ်မွေ့လှတဲ့ မိခင်မေတ္တာတွေနဲ့ ကြည့်ရှုစောင့်ရှောက်နေတာဖြစ်တယ်။ ဘုရားရဲ့မိခင်ဖြစ်သလို ကျွန်ုပ်တို့ရဲ့မိခင် လည်းဖြစ်တော်မူတဲ့ မယ်တော်မာရိယာရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ကျွန်ုပ်တို့အပ်နှင်း ထားကြတဲ့ ဒီ (၂၀၂၁) ကို  လူသားချင်း စာနာထောက်ထားမှုနဲ့ငြိမ်းချမ်းရေးနှစ် ဖြစ်စေဖို့၊ ယုံကြည်မှုနဲ့ မျှော်လင့်ခြင်းတွေပြည့်နှက်နေတဲ့နှစ်ဖြစ်စေဖို့အတွက် ကျွန်ုပ်တို့တစ်ဦးချင်းစီက သေချာစေကြရမယ်။

ရဟန်းမင်းကြီးအရှင်သူမြတ်က ယခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၏ခေါင်းစဉ်ဖြစ်သော ငြိမ်းချမ်းရေး လမ်းကြောင်းအဖြစ် စောင့်ရှောက်ထိန်းသိမ်းမှုကို ပြန်လည်ပြောကြားရာ၌ တစ်ပါးသူ၏ အခက်အခဲ ပြဿနာများကို စိတ်ဝင်စားမှုရှိကြရန်နှင့် သူတို့၏စိုးရိမ်ပူပန်မှုများကိုလည်း မျှဝေခံစား ကြရန်လိုအပ်ကြောင်းကို ကိုရိုနာကူးစက်ရောဂါ အပါအဝင် ပြီးခဲ့သည့်နှစ်၏အခက်အခဲများက ကျွန်ုပ်တို့အား သင်ကြားပေးခဲ့သည်ဟု ဆိုသည်။

၎င်းသည် ငြိမ်းချမ်းရေးကိုဦးတည်စေသော သဘောထားဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ ကျွန်ုပ်တို့တစ်ဦးချင်းစီက ငြိမ်းချမ်းရေးဖြစ်ထွန်းစေကြဖို့ ဖိတ်ခေါ်ခြင်းခံကြရတယ်။ ကျွန်ုပ်တို့  ဒါကို လျစ်လျူရှုထားလို့မရဘူး။ ကျွန်ုပ်တို့နေထိုင်ရာအရပ်ဒေသမှာ ငြိမ်းချမ်းရေးကို နေ့စဉ်နေ့တိုင်း ဖြစ်ထွန်းစေကြရပါမယ်။ ဒီငြိမ်းချမ်းရေးကို ကျွန်ုပ်တို့နဲ့ပဲ အစပြုရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အတွင်းထဲမှာ၊ ကျွန်ုပ်တို့ရဲ့နှလုံးသားထဲမှာ၊ မိမိတို့ကိုယ်ကိုနဲ့ရော မိမိတို့အနီးအနားမှာ ရှိသူတွေနဲ့ရော ငြိမ်းချမ်းမှုရှိရမယ်ဟုဆို၍ငြိမ်းချမ်းခြင်း၏အရှင်သခင်” (Is 9: 6) ကိုမွေးဖွားသန့်စင် ပေးပြီးနောက် နူးညံ့သိမ်မွေ့လှသည့် သူမ၏လက်များဖြင့် ပွေ့ဖက်ထားတော်မူသော အပျိုစင်မာရိယာသည် ကောင်းကင်ဘုံမှ အဖိုးထိုက်လှသောငြိမ်းချမ်းရေးကို ကျွန်ုပ်တို့အတွက် တောင်းလျှောက်ပေး တော်မူပါစေ ဟု ဆုတောင်းခဲ့သည်။

ငြိမ်းချမ်းရေးဆိုသည်မှာ ဘုရားသခင်မှပေးသနားသည့် ဆုကျေးဇူးတစ်ခုဖြစ်၍၊ ဤကျေးဇူးတော်ကို ဘုရားသခင်ထံ မရပ်မနားတောင်းလျှောက်သင့်ပေသည်။  ၎င်းသည် စိတ်ရှည်ခြင်းနှင့် လေးလေးစားစား စကားပြောဆိုခြင်းဖြင့် တည်တံ့စေပြီး၊ အမှန်တရား၊ တရားမျှတခြင်းနှင့် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ထားသည်ဖြစ်၍ တစ်ဦးချင်းစီအတွက်သော်လည်းကောင်း၊ လူအများအတွက်သော်လည်းကောင်း တရားဝင်ဖြစ်သောရည်မှန်းချက်များကို အစဉ်အမြဲ အာရုံစိုက်လေ့ရှိသည်။

အမျိုးသား/အမျိုးသမီးတွေရဲ့ နှလုံးသားမှာ၊ မိသားစုတွေမှာ၊ အလုပ်ခွင်တွေမှာ၊ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံတွေကြားမှာ ငြိမ်းချမ်းရေးစိုးမိုးနိုင်လိမ့်မယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးကို လိုလားကြတယ်။ ဒါက ဘုရားပေးလက်ဆောင်ပဲ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က (၂၀၂၁) ခုနှစ်မှာလူသားတိုင်းသည် တည်ငြိမ်အေးချမ်းသော ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေ ဟု ဆန္ဒပြုဆုတောင်းပေးရင်း သတင်းစကားကို နိဂုံးချုပ်ခဲ့သည်။

အန်ဂျေလူးမေတ္တာဆိုပြီးနောက် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ပြန်ပေးဆွဲခြင်းခံခဲ့ရသော နိုင်ဂျီးရီးယားနိုင်ငံ၊ Owerri ဂိုဏ်းအုပ်ဆရာတော်မိုးဇက်အတွက် ဆုတောင်းပေးကြရန် ရဟန်းမင်းကြီးက တောင်းဆိုခဲ့သည်။ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးတစ်ပါးကဆရာတော် မိုးဇက်အသတ်ခံခဲ့ရပြီဟူသည့်သတင်းကို  အတည်မပြုရသေးကြောင်းနှင့် ၎င်း၏ ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက်ဆုတောင်းပေးကြရန် တောင်းခံထားကြောင်းကိုလည်း  ပြောကြား ခဲ့သည်။ တစ်ဆက်တည်းပင် နိုင်ဂျီးရီးယားမှာ အလားတူလုပ်ရပ်မျိုးကို ကျူးလွန်ခံရတဲ့သူအားလုံး ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်လွတ်မြောက်နိုင်ဖို့နဲ့ တိုင်းပြည်အတွင်း လုံခြုံမှု၊ သဟဇာတနဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ရရှိ နိုင်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းကြစို့ ဟူ၍ ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် မကြာသေးမီက Yemen ၌အကြမ်းဖက်မှုများပိုမိုများပြားလာခြင်းအတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း ဆုတောင်းပေးခဲ့သည်။ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင်  Yemen တောင်ပိုင်း အေဒင်မြို့ရှိ လေဆိပ်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၂၅) ဦး သေဆုံးပြီး (၁၁၀)ဦး ဒဏ်ရာရခဲ့သည်။

ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီ ငြိမ်းချမ်းရေးပေးပို့နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ အတွက် ကျွန်ုပ်ဆုတောင်းပေးပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ Yemen မှ ကလေးများကို လည်း ထည့်သွင်းစဉ်းစားကြပါစို့။ ပညာရေးမရှိ၊ ဆေးဝါးမရှိ၊ ဆာလောင်မွတ်သိပ်မှုတွေပဲရှိနေတယ်။ Yemen အတွက် အတူတကွဆုတောင်းကြပါစို့ဟူ၍ တိုက်တွန်းခဲ့သည်။

ဇန်နဝါရီလ ()ရက်နေ့ မနက်စောစောအချိန်တွင် ကာဒီနယ် Pietro Parolin က စိန့်ပီတာ ဘာစီလီကာ၌ ပွဲနေ့မစ္ဆားတရားတော်ကို ပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် တင်ပါးရိုးအာရုံကြောနာကျင်ကိုက်ခဲမှုဒဏ်ကြောင့် စီစဉ်ထားသည့်အတိုင်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ဗာတီကန်သတင်းဌာနမှ ပြောကြားခဲ့သည်။

မစ္ဆားတရားတော်တွင် ရဟန်းမင်းကြီးပြင်ဆင်ထားသည့် ဩဝါဒကို ကာဒီနယ်က ဖတ်ကြားပေးခဲ့သည်။ ၎င်းဩဝါဒတွင် စိန့်ဖရန်စစ်ကမာရိယာသည် ဘုန်းတန်ခိုးတော်၏အရှင်သခင်ကို ကျွန်ုပ်တို့၏ နောင်တော်ဖြစ်စေသည်ကို နှစ်သက်ကြောင်း ဖော်ပြထားသည်။

မာရိယာက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ကြားမှာ ပေါင်းကူးပေးတဲ့ တံတားတစ်စင်းမျှသာမဟုတ်ဘူး။ ဒါ့ထက်ပိုပြီးအရေးပါတယ်။ သူမဟာ ဘုရားသခင်က ကျွန်ုပ်တို့လူသားတွေဆီကိုရောက်နိုင်တဲ့ လမ်းဖြစ်သလို ဘုရားသခင်ဆီရောက်ဖို့ ကျွန်ုပ်တို့ သွားရမယ့်လမ်းဖြစ်တယ်ဟု ရဟန်းမင်းကြီးက ရေးသားခဲ့သည်။

ဘုရားသခင်အလိုရှိတော်မူတဲ့နည်းလမ်းအတိုင်း ကိုယ်တော်ရဲ့ကြင်နာသနားခြင်း၊ ရင်းနှီးချစ်ခင်ခြင်းနဲ့ ဇာတိပကတိအရ ကျွန်ုပ်တို့ဟာ မာရိယာမှတစ်ဆင့် ဘုရားသခင်နဲ့တွေ့ဆုံနိုင်တယ်။ ဘာကြောင့်လဲ ဆိုရင် ယေဇူးက စိတ်ကူးယဉ်အတွေးလေးတစ်ခုမဟုတ်ဘူး၊ သူငယ်တော်ယေဇူးလေးက အစစ်အမှန်ဖြစ်တယ်၊ လူ့ဇာတိအဖြစ်ကို ယူတော်မူခဲ့တယ်။  အမျိုးသမီးတစ်ဦးကနေ မွေးဖွားလာခဲ့ပြီး တိတ်တဆိတ်ကြီးပြင်းလာခဲ့တယ်

Source: CBCP News

 


2021-01-05 02:55:21
NEWS AND EVENTS