Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
Our Beloved Bishop Stephen Tjephe returns to his Father's house
May you rest in peace... amen...
12:15 nn, 16.12.2020
လွိုင်ကော်ကက်သလစ်သာသနာပိုင်၊ ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းတျေးဖဲသည် (၁၆-၁၂-၂၀၂၀) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁၂း၁၅) နာရီအချိန်တွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါသည်။
****************************
ဆေးကုသခံယူမှုအခြေအနေ -
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ ညနေ (၅း၀၀) နာရီအချိန်မှစ၍ လွိုင်ကော် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုကို ခံယူနေသော ဆရာတော်ဘုရားသည် ယနေ့ (၁၆-၁၂-၂၀၂၀) အချိန်အထိ သတိမေ့မြောလျက်ရှိပြီး၊ အောက်ဆီဂျင်ပေးစက်ဖြင့်သာ အသက်ရှူနေရပါသည်။ ဦးနှောက်သွေးကြော ပေါက်ခြင်း၏ အကျိုးဆက်အဖြစ် ဆရာတော်ဘုရား၏ ခန္ဓာကိုယ် ဘယ်ဖက်ခြမ်းသည် လေဖျန်းသွားခဲ့ပါသည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့မှစ၍ ဆရာတော်ဘုရား၏ အသက်ရှူနှုန်းသည် အနည်းငယ်တိုးတက်လာ၍ သွေးတိုးနှင့် ဆီးချိုမြင့်တက်မှုကို အနည်းငယ်ထိန်းချုပ်နိုင်ခဲ့ပါသည်။ သို့သော် ယနေ့ (၁၆-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၈း၀၀) နာရီအချိန်မှစ၍ အသက်ရှူရန် ပြန်လည်ခက်ခဲလာပြီး နေ့လည် (၁၂း၁၅) နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါသည်။
ဆရာတော်ဘုရားအား ရန်ကုန် (သို့) နေပြည်တော် (သို့) နိုင်ငံရပ်ခြားသို့ ပင့်ဆောင်၍ ဆေးကုသပေးနိုင်ရန် ကြိုးစားစီစဉ်သော်လည်း ဆရာတော်ဘုရား၏ လက်ရှိအခြေအနေသည် လွန်စွာပင်စိုးရိမ်ရသော အနေအထား၌ ရှိနေသည့်အတွက် ခရီးသွားလာရန် အခြေအနေ မပေးသေးသည့်အပြင် ခွဲစိပ်ကုသပေးမည့် သက်ဆိုင်ရာ သမားတော်ကြီးများနှင့် ဆရာဝန်ကြီးများတို့မှလည်း ထိုအခြေအနေမျိုး၌ ခွဲစိပ်ကုသပေးရန် အခက်အခဲများ ရှိနေခြင်းကြောင့် ရှေ့ဆက်ဆေးကုသရန် နှောင့်နှေးခဲ့ရပါသည်။
ဆရာတော်ဘုရား ကျန်းမာရေး အမြန်ဆုံးကောင်းမွန်လာစေရန်အတွက် အစွမ်းကုန် ဆေးကုသပေးခဲ့သော လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ သမားတော်များ၊ ဆရာဝန်များနှင့် သူနာပြုများတို့ကို လွိုင်ကော်ကက်သလစ်သာသနာတော်မှ အထူးကျေးဇူးတင်ရှိပါသည်။
ကျေးဇူးရှင် ဆရာတော်ဘုရားအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြသောသူများ၊ ကျေးဇူးရှင်များ၊ ကယားပြည့်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာများ စသည့် ကြီးငယ်ပုဂ္ဂိုလ်အားလုံးတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
ဆရာတော်ဘုရား၏ ဝိညာဉ်အတွက် ဆက်လက်ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံပါသည်။
****************************
BIODATA OF BISHOP STEPHEN TJEPHE ဆရာတော်ကြီး စတီးဖင်း တျေးဖဲ၏ ထေရုပ္ပတ္တိ
 ဆရာတော်ကြီး စတီးဖင်း တျေးဖဲသည် ၁၉၅၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့တွင် အဖ ဦးပလူးရယ်၊ အမိ ဒေါ်သူးမြာတို့မှ မွေးဖွားသန့်စင်ခဲ့ပြီး မွေးချင်း (၆) ဦးအနက်၊ တတိယမြောက် သားရတနာဖြစ်ပါသည်။ ဆရာတော်သည် ကယားလူမျိုးဖြစ်ပြီး၊ မွေးရပ်ဇာတိမှာ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး အုပ်စု၊ ရွှေတန်ဆောင်းကျေးရွာဖြစ်ပါသည်။
 ဆရာတော်သည် ၁၉၅၈ ခုနှစ်တွင် ရွှေတန်ဆောင်းကျေးရွာမှ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူ ရွာသစ်ကျေးရွာအုပ်စု၊ သေးဆူလဲရွာသစ် (ဒေါနို့ကူး)သို့ မိသားစုဝင်များနှင့်အတူ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။
 ဆရာတော်သည် ဆေးကြောခြင်းစက္ကရာမင်းတူးကို ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့တွင် ရွှေတန် ဆောင်းကျေးရွာ၌လည်းကောင်း၊ ခရစ္စမားအားပေးခြင်း စက္ကရာမင်းတူးကို ၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် သေးဆူလဲရွာသစ်၌လည်းကောင်း ခံယူခဲ့ပါသည်။
 ဆရာတော်သည် အခြေခံပညာမူလတန်းကို အ.မ.က (သေးဆူလဲရွာသစ်) ကျောင်းတွင်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းကို အ.လ.က (ဒီးမော့ဆို) ကျောင်းတွင်လည်းကောင်း၊ အခြေခံ ပညာအထက် တန်းကို အမှတ် (၇) အ.ထ.က တောင်ကြီးတွင်လည်းကောင်း ပညာဆည်းပူးခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပါသည်။
 ဆရာတော်သည် ၁၉၇၀ ခုနှစ်တွင် စိန်ထရေးဇာ ရဟန်းဖြစ်သင်ကျောင်း (တောင်ကြီး) သို့ စတင်ဝင်ရောက် ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ဒဿနိကဗေဒပညာရပ်နှင့် ဓမ္မသင်္ဂြိုလ်ပညာရပ်များကို ရန်ကုန် မြို့ရှိ စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ်တွင် လေ့လာသင်ယူဆည်းပူးခဲ့ပါသည်။ ရဟန်းလောင်း စတီးဖင်း တျေးဖဲသည် ကက်သလစ်ရဟန်းတော်များ တတ်သိသင်ယူအပ်သော ပညာရပ်များကို ဆည်းပူးလေ့လာ သင်ယူတတ်မြောက်ပြီးသည့်နောက်
- ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ကက်သလစ်သာသနာပိုင်၊ ဂိုဏ်းချုပ်ဆရာ တော်ကြီး မန်းဂေဗြယ်၏ လက်တော်မှ ဒီကင်သိက္ခာကို စိန်မေရီ ဘုရားရှိခိုးကျောင်း၌လည်းကောင်း၊
- ၁၉၈၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် တောင်ကြီး ကက်သလစ်သာသနာပိုင်၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျေ ဘီ ဂိုဘားတို၏ လက်တော်မှ ထာဝရ ရဟန်းသိက္ခာကို သေးဆူလဲရွာသစ်၌လည်းကောင်း ခံယူခဲ့ ပါသည်။
 ဆရာတော် စတီးဖင်းတျေးဖဲသည် လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ဖရူဆို၊ ဖယ်ခုံနှင့် ဒီးမော့ဆို စသည့် တိုက်နယ်များတွင် (၄) နှစ်တာ သာသနာ့အမှုတော်ကို ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ အမေရိကန်နိုင်ငံ၊ New York မြို့ရှိ၊ St. Joseph’s Catholic Major Seminary တွင် Dogma tထူးပြု ဘာသာရပ်ကို သွားရောက်ဆည်းပူးလေ့လာကာ M.A (TH) ဘွဲ့ကို ရယူခဲ့ပါသည်။
 ထို့နောက် ရန်ကုန်မြို့ရှိ စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ်တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ (၈) နှစ် တိုင်တိုင် စာချဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀ဝ၂ ခုနှစ်အထိ ဒီးမော့ဆို ကျောင်းထိုင်ဘုန်းတော် ကြီးအဖြစ်လည်းကောင်း သာသနာ့အမှုတော်ကို ထမ်းခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်မှ ၂၀ဝ၃ ခုနှစ်အထိ ဖိလိပိုင် နိုင်ငံသို့ သွားရောက်ကာ Counselling & Spiritual Direction ပညာရပ်များကို သင်ယူလေ့လာခဲ့ပါသည်။
 ၎င်းနောက် ၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အထိ ရန်ကုန်မြို့ရှိ လွိုင်ကော်ကက်သလစ်သာသနာပိုင် သာသနာ့ ရိပ်သာတွင် တာဝန်ခံဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊ ၂၀ဝ၆ ခုနှစ်မှ ၂၀ဝ၉ ခုနှစ်အထိ ဒေါညေးခူ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း သာသနာ့အမှုတော်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆက်ကပ်အစေတော်ခံခဲ့ပါသည်။
 ၂၀ဝ၉ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဘဲနဲဒစ် (၁၆) မှ ဖာသာရ် စတီးဖင်းတျေးဖဲအား လွိုင်ကော်ကက်သလစ်သာသနာတော်အတွက် အကူဆရာတော်အဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ကြေညာခဲ့ပြီး၊ ၂၀ဝ၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စား လှယ်တော် His Grace Salvatore Pennacchio မှတဆင့် ဆရာတော်ဘိသိတ်မင်္ဂလာကို အပ်နှင်းခဲ့ပါသည်။
 ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ဆရာတော်ကြီး ဆိုတေးရိုဖားမော(ငြိမ်း) သည် ကျန်းမာရေးကြောင့် လွိုင်ကော်ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးအဖြစ်မှ အနားယူသွားခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်မှ ဆရာတော် စတီးဖင်းတျေးဖဲအား လွိုင်ကော်ကက်သလစ်သာသနာပိုင်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးအဖြစ် ခန့်အပ်တင်မြှောက်ကြောင်း ကြေညာခဲ့ပါသည်။
 ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် His Grace Paul Tschang In-Nam မှ ဆရာတော်စတီးဖင်းအား ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်းတော်ကြီး၌ ပလ္လင်အပ်နှင်းကာ လွိုင်ကော်ကက်သလစ်သာသနာပိုင်၊ ဂိုဏ်းအုပ်ဆရာတော်ကြီးတစ်ပါး၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အရပ်ရပ်ကို ဆရာတော်ကြီး ဆိုတေးရိုဖားမော (ငြိမ်း)ထံမှ တရားဝင်လွှဲပြောင်းအပ်နှင်းပေးခဲ့ ပါသည်။

2020-12-16 01:56:08
NEWS AND EVENTS