Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

 

လွိုင်ကော်ဂိုဏ်းအုပ်ဆရာတော် စတီးဖင်းတျေးဖဲ၏
ကျန်းမာရေးအခြေအနေ
 
 

 

ခရစ်သက္ကရာဇ် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်၊ စနေနေ့၊ ညနေ ၄း၅၀တွင် ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်၏ညွှန်ကြားချက်အရ ချက်ချင်း လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။ ဆေးရုံးကြီးသို့ရောက်ရှိချိန်တွင် အရေးပေါ်အခြေအနေဖြစ်သဖြင့် ဆက်လက်၍ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ နှလုံးခုန်နှုန်းတိုင်တာခြင်း၊ ဓါတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဓါတ်မှန်ရိုက်ခြင်းမပြုလုပ်ခင်တွင် အန်ခြင်းကြောင့် သတိမေ့မျောသွားခဲ့ပါသည်။ ဓါတ်မှန်၏ရလဒ်ကြောင့် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ဆရာတော်ကြီးသည် ဆီးချိုရောဂါအခံရှိပါသည်။ ယခုမှာ သွေးတိုးတက်၍ ဦးနှောက်သွေးကြောပေါက်သွားပါသဖြင့် ရောဂါဝေဒနာ ကြီးမားလှပါသည်။ စိုးရိမ်းရသော အခြေအနေ၌ ဘုရားရှင်၏လက်တော်၌အပ်နှံပြီး ရဟန်းတော်များမှ ကျန်းမာခြင်းပရိတ်တော်ဆီလူးမှတ်၍ ဆုတောင်းပေးခဲ့ကြပါသည်။ ဆေးရုံးကြီးတွင်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သမားတော်များနှင့် သူနာပြုများ အကောင်းဆုံး ကုသပေးနေကြပါသည်။
၆.၁၂.၂၀၂၀၊ တနင်္ဂနွေနေ့။
ဆရာတော်ကြီး စတီးဖင်းတျေးဖဲ၏ ကျန်းမာရေးအခြေအနေမှာ သတိမေ့မျောလျက် ဆေးဝါးကုသမှုကို ခံယူနေဆဲ ဖြစ်ပါသည်။ ဆရာတော်ကြီးဆိုတေးရို ဖာမောသည်လည်း သွားရောက်ကြည့်ရှုခဲ့သည်နည်းတူ ပြည်နယ်အစိုးရဆိုင်ရာ ပုဂ္ဂိုလ်များ၊ ရပ်ဖက်အဖွဲ့အစည်းဆိုင်ရာ လူကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဘာသာတူများနှင့် ဆရာတော်ကြီး၏ ဆွေမျိုးသားချင်းများ လာရောက် ကြည့်ရှုအားပေးကြလျက် ဆုတောင်းပေးခဲ့ကြပါသည်။
ဆရာတော်ကြီး စတီးဖင်းတျေးဖဲ၏ ကျန်းမာရေးပြန်လည်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းလျက် ရှိကြပါသည်။ ဆက်လက်၍လည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာနိုင်ရေးအတွက် ဝိုင်းဝန်းဆုတောင်းပေးစေလိုပါသည်။
သင်တို့တစ်ဦးစီ၏ ဆုတောင်းမေတ္တာများအတွက် ကျေးဇူးတင်ပါသည်။
သင်တို့ကို ဘုရားသခင်ကောင်းကြီးပေးတော်မူပါစေ။
ကျေးဇူးအထူးတင်ရှိလျှက်...... ဆက်လက်ဆုတောင်းပေးကြရအောင်။
 
ခရစ်တော်၏နာမတော်မြတ်၌
Rev. Fr. Philip Aung Kyaw

2020-12-06 23:02:58
NEWS AND EVENTS