Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကက်သလစ်ဆရာတော်ကြီးများအား

ကာဒီနယ်ချားလ်စ်ဘိုမှ တိုက်တွန်းနှိုးဆော်ခြင်း

 

 

မြန်မာနိုင်ငံ၊ တောင်ငူကက်သလစ်ဂိုဏ်းအုပ်သာသနာရှိ လိပ်သိုမြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့က ကျင်းပခဲ့သော မွန်ဆီညော်ဂျွန်ဂေါဒီ၏ ဆရာတော်သိက္ခာခံယူခြင်းအခမ်းအနား၌ အာရှဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကက်သလစ်သာသနာတော်၏ခေါင်းဆောင်များ၊ အထူးသဖြင့် ဆရာတော်ကြီး များသည် လူတို့၏ ဝိညာဉ်ရေးရာလိုအပ်ချက်များကိုသာမက သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကိုလည်း အာရုံစိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာရှတိုက်ရှိ ကက်သလစ်သာသနာတော်ကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာအနက်မှ ဆင်းရဲနွမ်းပါး မှုများ၊ ပြင်ပကမ္ဘာနှင့်အလှမ်းဝေးကွာနေမှုများကို ဖြေရှင်းကြရန်နှင့် သာသနာပြုစိတ်ဓာတ် ထက်သန်မှုရှိကြရန်အတွက် သာသနာ့ခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

 ကျွန်ုပ်တိုရဲ့ ဘာသာဝင်တွေဟာ ဆင်းရဲကြပါတယ်။ ဆင်းရဲခြင်းကြောင့် သူတို့တွေဒုက္ခရောက်နေတယ်၊ ​​ပြင်ပကမ္ဘာနဲ့အလှမ်းဝေးနေတယ်။ ပြင်ပကမ္ဘာနဲ့ အမြန်ဆုံးထိတွေ့မှု ရှိအောင် ဆောင်ရွက်ရပါလိမ့်မယ်။ နောင်လာမယ့်မျိုးဆက်သစ်ဟာ ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ လူTop of Form

သားအရင်းအမြစ်ဖွံ့ဖြိုးမှုဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ တောင်ငူသာသနာဟာ ပထဝီအနေအထားအရရော အတတ်ပညာပိုင်းအရရော အလှမ်းဝေးကွာနေမှုတွေ အဆုံးသတ်သွားရေးကို အလေးထားဆောင်ရွက်ကြဖို့ ရဟန်းတော်များကိုလည်း အနူးအညွတ်တိုက်တွန်းလိုပါတယ်။  လူတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးကြပါ” ဟု တိုက်တွန်းအားပေးခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က “သာသနာပြုရာမှာ တော်ရုံလေးပဲလုပ်ပြီးတော့ကျေနပ်နေတာမျိုးမဟုတ်ဘဲ အတွေးအခေါ်အသစ်တွေလုပ်ဆောင်ချက် အသစ်တွေ၊ မျှော်မှန်းချက်အသစ်တွေကို ရှာဖွေဖော်ထုတ်တဲ့ သာသနာပြုတွေဖြစ်ကြဖို့” နှိုးဆော်ထားကြောင်းကိုလည်း ဝေမျှခဲ့ပါသည်။

ဆရာတော်ကြီးတစ်ပါးဆိုသည်မှာ မိမိ၏သာသနာအတွက် သိုးထိန်းတစ်ပါး၊ ပရောဖက်တစ်ပါး၊ စည်းလုံးညီညွတ်မှု၏အမှတ်လက္ခဏာနှင့် ကြိုတင်စီစဉ်ဆောင်ရွက်တတ်သူတစ်ဦး ဖြစ်သည်ဟု ကာဒီနယ်ချားလ်စ်ဘို ကပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ၌သာသနာပြုခဲ့သော၊ အထူးသဖြင့် ရဟန်းမင်းကြီးအသိအမှတ်ပြုအသင်းဂိုဏ်းမှ သာသနာပြုပုဂ္ဂိုလ်များအား တောင်ငူဂိုဏ်းအုပ်သာသနာတွင် သွေးသွန်းအနစ်နာခံပေးဆပ်မှုများ အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

"သူတို့ထဲက ရာနဲ့ချီပြီး ဒီကိုသာသနာလာပြုကြတယ်၊ ဒီမှာပဲ သေဆုံးခဲ့ကြတယ်၊ သူတို့ဟာ ကြီးမားတဲ့စွန့်လွှတ်အနစ်နာခံမှုဘဝကိုနေထိုင်ခဲ့တယ်၊ စစ်ပွဲအတွင်းမှာနေထိုင်ခဲ့တယ်၊ ထောင်ထဲမှာ နေခဲ့ရတယ်၊ တချို့ကတော့ အာဇာနည်တွေအဖြစ် အသက်ပေးခဲ့ကြရတယ်” ဟုဆိုသည်။ မြန်မာနိုင်ငံတွင် (၂၈) နှစ်တာ သာသနာပြုခဲ့ပြီး (၁၉၅၃) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်တွင် အသတ်ခံခဲ့ရသော အီတလီဘုန်းတော်ကြီးအဲလ်ဖရက်တိုခရီမိုနဲဆီ၏ ဓမ္မအာဇာနည်အဖြစ်ကိုလည်း ကိုးကားပြောကြားသွားခဲ့သည်။

လတ်တလောဖြစ်ပွားနေသော Covid – 19 ကပ်ရောဂါကြောင့် မစ္ဆားတရားတော်၌ လူ (၃၀) ခန့်သာ ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားများကိုလည်း အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

 


2020-12-02 01:47:00
NEWS AND EVENTS