Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မှန်ကန်သေချာသော ခရစ်ယာန်တို့၏မျှော်လင့်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် နိုဝင်ဘာလ (၂) ရက်၊ ကွယ်လွန်သူတို့အဖို့ ဆုတောင်းရသောနေ့တွင် ရဟန်းမင်းကြီးဆိုင်ရာ တူတိုးနစ်ကောလိပ်ရှိ စန္တာမာရီယားသချုØင်း၌ မစ္ဆားတရားဟောကြားခဲ့သည်။
ဤယနေ့ဖတ်ရှုရသော ပထမကျမ်းစာတွင် ပရောဖက်ယောဘက “ငါ့ကိုရွေးနုတ်သော သခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍လည်းကောင်း” ဟူသော ယုံမှားဖွယ်မရှိ သေချာမှုကိုဖော်ပြခဲ့သည်။ ယောဘသည် စိတ်အားငယ်မှုကို ပို၍ပို၍ခံစားနေရပြီး၊ ထိုအချိန်၌ပင် “သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ့်မျက်စိနှင့်ဖူးမြင်မည်” ဟူသော အာမခံချက်လည်းရှိခဲ့ကြောင်းကို ရဟန်းမင်းကြီးက ရှင်းပြခဲ့သည်။
ရဟန်းမင်းကြီးက ဤအာမခံချက်သည် ဘ၀၏နောက်ဆုံးအချိန်များ၌ ရောက်လာတတ်သည့် ခရစ်ယာန်မျှော်လင့်ခြင်းဖြစ်ကြောင်း၊ ဤကျေးဇူးတော်ကို ကျွန်ုပ်တို့မပိုင်ဆိုင်နိုင်သဖြင့်  “အိုဘုရားသခင်၊ ကျွန်ုပ်အား မျှော်လင့်ခြင်းကို ပေးသနားတော်မူပါ” ဟူ၍ တောင်းလျှောက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့အား ဘ၀အဓိပ္ပာယ်ကိုပေးပြီး ထာ၀ရပျော်ရွှင်ခြင်းဆီသို့ ဆွဲခေါ်သွားသည်။ ကျွန်ုပ်တို့ ဝမ်းမြောက်နေချိန်၊ အခက်အခဲများကြုံတွေ့ရချိန်နှင့် သေဆုံးချိန်များ၌ “ငါ့ကိုရွေးနုတ်သောသခင်ကို ငါသည် ကိုယ့်မျက်စိနှင့်ဖူးမြင်မည်” ဟူ၍ ထပ်ခါတလဲလဲ ရွတ်ဆိုနေရမည်ဖြစ်သည်။ ကျွန်ုပ်တို့အား မျှော်လင့်ချက်ပျက်သုဉ်းစေသော ဆိုးရွားသည့်အရာများစွာရှိသော်လည်း ပရောဖက်ယောဘ၏အသံကို ပြန်လည်ကြားနာ ကြရမည်ဖြစ်ကြောင်း အားပေးခဲ့သည်။
မျှော်လင့်ခြင်းသည် ဘုရားပေးကျေးဇူးတော်ဖြစ်သည်။ ရှင်ယောဟန်ဧဝံဂေလိကျမ်းတွင် သခင်ယေဇူးက “ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည် ငါ့ထံသို့လာလိမ့်မည်၊ ငါ့ထံသို့လာသောသူကိုလည်း ငါသည်နှင်ထုတ်လိမ့်မည်မဟုတ်” ဟူသော ကတိတော်သည် သခင်ယေဇူးထံသို့ရောက်ရှိရန် မျှော်လင့်ခြင်းအကြောင်းပင်ဖြစ်သည်။
မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့အား စိတ်ပျက်စေလိမ့်မည်မဟုတ်။ ကျွန်ုပ်တို့ကို လက်ခံကြိုဆိုနေသည့်၊ ကျောက်ဆူးကဲ့သို့အားကိုးမှီတွယ်ရာလည်းဖြစ်သည့် ယေဇူးသခင် ရှိသည်ဟူသောအသိစိတ်ဖြင့် သင်တို့၏လက်ထဲ၌ ကြိုးကိုမြဲမြဲဆွဲကိုင်ထားလျက် မျှော်လင့်ခြင်း၌ ရှင်သန်နေထိုင်ကြရပေမည်။
ကွယ်လွန်သွားကြပြီဖြစ်သော ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများကို ယနေ့ကဲ့သို့ သတိရအောက်မေ့ခြင်းသည် သင်္ချိုင်းများကိုကြည့်လျက် အထက်သို့မော့ကြည့်ပြီး “ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍၊ ငါ့ဘက်၌နေသောဘုရားသခင်ကို ငါမြင်မည်၊ သူတစ်ပါးမြင်သည်သာမက ငါသည် ကိုယ့်မျက်စိနှင့်ဖူးမြင်မည်”ဟူ၍ ပရောဖက် ယောဘကဲ့သို့ ရွတ်ဆိုနိုင်ကြရန် အထောက်အကူပြုပါလိမ့်မည်။ ၎င်းသည် ခွန်အားဖြစ်၍ ကျွန်ုပ်တို့အား မျှော်လင့်ခြင်းပါရမီကိုပေးသော လက်ဆောင်မွန်ဖြစ်သည်။ ဘုရားသခင်သည် ဤကျေးဇူးတော်အား ကျွန်ုပ်တို့အားလုံးကို ပေးသနားတော်မူပါစေ။
ဤမျှော်လင့်ခြင်းသည် ဩဝါဒတွင်မြွက်ကြားရာ၌ ရဟန်းမင်းကြီးအရှင်သူမြတ်က ပေးလိုက်သော အဓိကသတင်းစကားဖြစ်သည်။
ထို့နောက် ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဗာတိကန်သချုØင်းနှင့် စိန်ပီတာဘာစီလီကာဘုရားကျောင်း၏မြေအောက်ခန်းရှိ ပျံလွန်တော်မူပြီးသော ရဟန်းမင်းကြီးများ၏ အုတ်ဂူများတွင်လည်းကောင်း သွားရောက်ဆုတောင်းခဲ့သည်။

Source: Vatican News


2020-11-03 01:00:05
NEWS AND EVENTS