Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၃၀)ကြိမ်မြောက်သာမန်တနင်္ဂနွေ
အောက်တိုဘာ ၂၅၊ ၂၀၂၀

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊
    လွတ်မြောက်ခြင်း၏သခင်၊ ထာ၀ရတည်တော်မူသောမေတ္တာတော်ရှင် ဘုရားသခင်ရဲ့ ဘုန်း ကြီးတဲ့နာမတော်ကို အမှီပြုပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ လိုအပ်ဆန္ဒများပြည့်၀ပါစေလို့ ကျွန်ုပ်ဆန္ဒပြုပါတယ်။ စိန်ခေါ်မှုအမျိုးမျိုးကြုံတွေ့နေရတဲ့ ဒီလိုအချိန်ကာလမျိုးမှာ ခိုင်မာတဲ့ယုံ ကြည်ခြင်းကြောင့် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးများတည်ကြည်ရဲရင့်ကြပါစေ။ တမန်တော်ကြီး ရှင်ပေါလု နဲ့အတူ ]]ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်မည်နည်း}} (ရောမ ၈း၃၁)လို့ ဝမ်းမြောက်စွာ ကြွေးကြော်ကြပါစို့။
    ကိုဗစ်ကပ်ရောဂါရဲ့ဖိစီးမှုဒဏ် ဆက်လက်ခံနေရတဲ့အချိန်မှာ မြန်မာပြည်သူပြည်သားတွေနဲ့ အတူ မြန်မာပြည်ကက်သလစ်သာသနာတော်ဟာ စိတ်ပျက်အားလျော့ခြင်းအမှောင်ထုကို ကရုဏာ တရားနဲ့ တိုက်ဖျက်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ တရားနာသူတွေဆာလောင်နေတာကို မြင် တွေ့တော်မူတဲ့ ယေဇူးသခင်ဟာ လူငါးထောင်ကို ကျွေးမွေးခဲ့သလိုမျိုး မြန်မာပြည်ကက်သလစ် သာသနာတော်ဟာလည်း အရေးပေါ်လိုအပ်နေတဲ့သူတွေကို အကူအညီပေးဖို့ ကြိုးစားနေပါ တယ်။ အခုလာမယ့်လတွေမှာ အနည်းဆုံး မိသားစု(၅၀)ကို လိုအပ်တာတွေကူညီထောက်ပံ့ပေးဖို့ သာသနာအုပ်စုတစ်ခုစီတိုင်းကို မေတ္တာရပ်ခံထားပါတယ်။ အဲဒီလိုလုပ်နိုင်ရင် ကက်သလစ်သာသ နာတော်ဟာ အိမ်ထောင်စုထောင်ပေါင်းများစွာကို ကူညီထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။
    ကျွန်ုပ်တို့မှာရှိတဲ့ အဆောက်အဦးတွေကိုလည်း ကွာရန်တင်းစင်တာတွေအဖြစ် အသုံးပြုဖို့ ပေးထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆက်ကပ်ကြမယ်သူတွေ၊ သီလရှင်တွေ၊ ရဟန်းဖြစ်သင်ကျောင်းသားတွေကို ကျေးဇူးအထူးတင်ပါတယ်။ ကက်သလစ်သာ သနာတော်ဟာ လူအများဒုက္ခရောက်နေချိန်မှာ ဒီအတိုင်း တိတ်တိတ်ကလေးနေလို့ မရပါဘူး။ ပုပ် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ရဲ့ နောက်ဆုံးစာချွန်တော်ထဲမှာ ရေးထားတဲ့ ]]ထိခိုက်နာ ကျင်နေတဲ့လူသားတွေအတွက် ကောင်းသောဆမာရီတန်လို ပြုမူကျင့်ကြံကြပါ၊ ကိုယ့်ရဲ့အပြုအမူ အားဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြပါ}}ဆိုတဲ့တိုက်တွန်းချက်အတိုင်း ကျွန်ုပ်တို့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
    ဒီနေ့ ဖတ်ရှုကြားနာခဲ့ရတဲ့ကျမ်းစကားတွေဟာ ခရစ်ယာန်ဘာသာရဲ့အနှစ်သာရကို ဖော်ပြ နေပါတယ်။ သူပေးတဲ့သတင်းစကားကလည်း အရမ်းကို ရိုးရှင်းပါတယ်။ ဘုရားသခင်ဟာ မေတ္တာ တော်ရှင်ဖြစ်တယ်။ ဘုရားသခင်ကို သင်ယုံကြည်တယ်ဆိုရင် သင်တို့အချင်းချင်းမေတ္တာပြကြပါ။ ဘုရားသခင်ဟာ မိမိကိုယ်ကို ပေါ်လွင်ထင်ရှားအောင် မပြသခင်တုန်းက လူတွေက ဘုရားသခင် ဆိုရင် ကြောက်ဖို့ကောင်းတဲ့အရှင်၊ လူသတ်ပြီး ယဇ်ပူဇော်ဖို့ တောင်းခံတဲ့အရှင်လို့တောင်မှ တွေး ထင်ခဲ့ကြပါတယ်။ လူတိုင်းလူတိုင်းဟာ ဘုရားသခင်ရဲ့ရှေ့မှောက်တော်ရောက်ရင် စိုးရိမ်ကြောက် လန့်နေခဲ့ကြတယ်။ ဓမ္မဟောင်းကျမ်းထဲက ဘုရားသခင်ကို အမျက်တော်ကြီးတဲ့ဘုရား၊ သွေးဆာ နေတဲ့ဘုရား၊ ကလဲ့စားချေတတ်တဲ့ဘုရား၊ လူမျိုးတစ်စုက နောက်လူမျိုးတစ်စုကို သတ်ဖြတ်တဲ့နေ ရာမှာ ဝင်ကူညီပေးတဲ့ဘုရားလို့ ပြောကြသူတွေ ဒီခေတ်ကာလမှာတောင် ရှိနေပါသေးတယ်။
    ဂျူးလူမျိုးတွေက ဘုရားသခင်ဆိုရင် သနားညှာတာစိတ်ကင်းမဲ့စွာနဲ့ ပညတ်ဥပဒေထုတ်သူ အဖြစ် ရှုမြင်ကြပါတယ်။ ဓမ္မဟောင်းကျမ်းရဲ့ပထမကျမ်း(၅)စောင် (Tသမah) မှာ ပညတ်ချက်(၆၀၀) ကျော် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဝတ်စုတ်ပြဲလို့ ချုပ်တာကအစ ရန်သူကို သတ်တာ အဆုံး အရာရာကို ]]ပညတ်တော်}}တွေနဲ့ ထိန်းချုပ်ထားခဲ့တယ်။ သတ်ဖြတ်ခြင်းနဲ့ပတ်သက်လို့ အခု လိုပညတ်ထားခဲ့တယ်။ ]]မျက်လုံးတစ်လုံးအစား မျက်လုံးတစ်လုံးကို ပေးလျော်စေ၊ သွားတစ်ချောင်း အစား သွားတစ်ချောင်းကို ပေးလျော်စေ၊ သတ်ဖြတ်မှုအတွက် ကလဲ့စားချေစေ၊ သင်၏ရန်သူကို မည်သည့်အခါမျှ ခွင့်မလွှတ်စေရ}}လို့ ဆိုထားပါတယ်။
    ဒါတွေဟာ လူတို့စိတ်ကူးနဲ့ ထုလုပ်ထားတဲ့ ဘုရားအတုအယောင်တွေသာဖြစ်ပါတယ်။ ရှင် ပေါလုဟာ အဲဒီအချက်ကို ဒုတိယကျမ်းထဲမှာ ထောက်ပြထားပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက ပရိုတက်စတင့်တရားဟောဆရာအတော်များများက ဘုရားသခင်ဟာ လူသန်းပေါင်းများစွာကို ငရဲမီးထဲမှာ ပစ်ချဖို့ စိတ်ထက်သန်နေတဲ့ဘုရားဖြစ်ကြောင်း ဆက်လက်ဟောကြားနေကြပါတယ်။ ကမ္ဘာတစ်ခုလုံးကို ကိုဗစ်ကပ်ရောဂါကျရောက်တော့ အမုန်းတရားနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်စေလို့ ခရစ်ယာန်သမ္မာကျမ်းစာကို ကိုယ်လိုရာဆွဲပြီး အဓိပ္ပာယ်ဖွင့်နေကြပါတယ်။ ကမ္ဘာကုန်တော့မယ့် အကြောင်း၊ ဘုရားသခင်ဟာ ရွေးကောက်ထားတဲ့သူတစ်စုကို ကယ်တင်ပြီး ကျန်တဲ့သူအားလုံးကို ပစ်ပယ်မယ့်အကြောင်း ဟောကြားနေတဲ့တရားဟောဆရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ပုပ် ရဟန်းမင်းကြီးကတော့ ဘုရားသခင်ဟာ ကရုဏာတော်ရှင်၊ မေတ္တာတော်ရှင် ဖြစ်တော်မူကြောင်း၊ လူသားတို့နဲ့ အနီးစပ်ဆုံးတည်ရှိနေတော်မူကြောင်းကိုသာ အစဉ်တစိုက် သွန်သင်နေပါတယ်။ ကိုဗစ်ကာလအလွန်မှာ အသစ်တစ်ဖန်ပြောင်းလဲလာတဲ့ကမ္ဘာဖြစ်ဖို့ တရားမျှတခြင်းရဲ့အရှင် ဘုရား သခင်က အလိုတော်ရှိပါတယ်။ ဆီနာအီတောင်ပေါ်မှာ မိုးဇက်ကြုံတွေ့ခဲ့ရတဲ့ ဘုရားသခင်ဟာ မိမိကိုယ်ကို အခုလို ဖော်ပြခဲ့ပါတယ်။
]]ငါသည် သင်၏ဘုရားသခင် ထာ၀ရဘုရားဖြစ်တော်မူ၏။
မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်သောဘုရား}}လို့ မိန့်တော်မူခဲ့ပါတယ်။
    ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဒါဟာ အမှန်တရားပါပဲ။ ကျွန်ုပ်တို့ဘ၀မှာ စိတ်ပျက်အား ငယ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အခါမှာ ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့အတွက် ဖြေဆေးဖြစ်ပါစေ။ မျှော် လင့်ချက်မဲ့တဲ့မီးလျှံ၊ ရောဂါနဲ့ သေခြင်းမီးလျှံကြားကနေ ဘုရားသခင်က ]]ငါသည် သင့်အား သင်၏ အမိဝမ်းထဲမှ ခေါ်လေပြီ}}လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီဘုရားသခင်အပေါ် ကျွန်ုပ်တို့ယုံကြည်ခြင်း ရှိရပါမယ်။ ကျွန်ုပ်တို့ရဲ့ဘုရားသခင်ဟာ အနားမနေဘဲ ကြွယ်၀တဲ့မေတ္တာတော်ကို ပြသနေတဲ့ ဘုရားဖြစ်ပါတယ်။ ဝမ်းနည်းခြင်းအမှောင်ထုကြီးစိုးတဲ့ကာလမှာ က်ိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ အပေါ် မိခင်မေတ္တာနဲ့ အခုလိုမိန့်ကြားထားပါတယ်။
]]မိန်းမသည် မိမိ၏နို့စို့သူငယ်ကို မေ့လျော့နိုင်ပါသလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။}} (ဟေ ၄၉း၁၅)
ဘုရားသခင်ရဲ့မေတ္တာတော်ဟာ အဆိုးအကောင်းမရွေးတဲ့ မေတ္တာဖြစ်ရုံတင်မကဘဲနဲ့ နိမ့် ကျတဲ့သူတွေ၊ လမ်းပျောက်နေတဲ့သူတွေကို အထူးချစ်ခင်တော်မူတဲ့မေတ္တာမျိုးလည်းဖြစ်ပါတယ်။ ဒီ နေ့ဖတ်ရှုခဲ့တဲ့ ပထမကျမ်းမှာ အဲဒီအချက်ကို ထူးထူးခြားခြားဖော်ပြထားပါတယ်။ ]]မိဘမရှိသော သူငယ်နှင့် မုဆိုးမကို သင်တို့နှောင့်ယှက်ခြင်းတစ်စုံတစ်ခုကိုပြုလျှင် ငါ၏အမျက်တော်သည် သင် တို့အပေါ်သို့ ကျရောက်လိမ့်မည်}}လို့ ဆိုထားပါတယ်။ မှန်ပါတယ်။ ဘုရားသခင်ဟာ ဆင်းရဲတဲ့သူ တွေနဲ့ ထိခိုက်လွယ်တဲ့သူတွေ မတရားခံရတဲ့အခါ အမျက်ထွက်တော်မူပါတယ်။ ထာ၀ရဘုရား သခင်ရဲ့သားသမီးဖြစ်တဲ့ဆင်းရဲချို့တဲ့သူတွေကို ဘုရားသခင်က အကာအကွယ်ပေးထားပါတယ်။ ဆင်းရဲသားတွေအပေါ် ဖိနှိပ်တဲ့သူတွေကို ဘုရားသခင်ဖျက်ဆီးတော်မူပါလိမ့်မယ်။ ဒါနဲ့ပတ်သက် လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ]]ဆင်းရဲသားတွေကို လျစ်လျူရှုထားတဲ့သာသနာဟာ ဘုရားသခင်ရဲ့လျစ်လျူရှုခြင်းခံရပါလိမ့်မယ်}}လို့ ရှင်းရှင်းလင်းလင်းမိန့်ကြားခဲ့ပါတယ်။ ပုပ်ရဟန်း မင်းကြီးဟာ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေ၊ မုဆိုးမတွေ၊ အပယ်ခံလူတန်းစားတွေရဲ့ ဒုက္ခနဲ့ မျက် ရည်တွေကို သာသနာတော်နဲ့ ကမ္ဘာက သိအောင် ပြုလုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဆင်းရဲခြင်း ဘေး၊ စစ်ဘေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဘေးနဲ့ အသုံးမဝင်ဘူးဆိုပြီး ပစ်ပယ်ခံရတဲ့သူတွေ အကြောင်း ကမ္ဘာလူသားတွေစဉ်းစားတတ်လာဖို့ ဦးဆောင်ပြောဆိုနေသူလည်းဖြစ်ပါတယ်။
ဧဝံဂေလိသတင်းကောင်း အမည်ခံပြီး လောကီကောင်းကျိုးချမ်းသာကိုပဲ အလေးပေး ဟော ပြောယုံကြည်နေကြတဲ့ ခရစ်ယာန်တွေ၊ ချမ်းသာတဲ့နိုင်ငံတွေက ဧဝံဂေလိအသင်းတော်တွေဟာ ဆင်းရဲသားတွေကို နေရာပေးတဲ့ ကမ္ဘာသစ်ဖြစ်လာဖို့ ပြောဆိုလုပ်ဆောင်နေတဲ့ ပုပ်ရဟန်းမင်းကြီး ကို ဆိုရှယ်လစ်ဝါဒီအဖြစ် သမုတ်ကြပါတယ်။
ယခုအခါ]]ဘုရားသခင်ဟာ မေတ္တာတော်ရှင်ဖြစ်တယ်။ မေတ္တာတရားဆိုတာ ဘုရားသခင်ပါ ပဲ}}လို့ ကျွန်ုပ်တို့ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်နေကြပါပြီ။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်အတွက် ဘ၀အဓိပ္ပာယ်ဟာ ချစ်ခြင်းမေတ္တာပြဖို့ပါပဲ။ ခရစ်ယာန်တွေရဲ့အသက်တာဟာ ချစ်ခြင်းမေတ္တာပြဖို့၊ ချစ်ခြင်းမေတ္တာ၌သာ တည်နေဖို့ ဖိတ်ခေါ်ခြင်းခံရပါတယ်။ ရှင်ပေါလုကလည်း မေတ္တာတရားဟာ အရာရာကို ဆုံးဖြတ်ပေးတဲ့အရာဖြစ်ကြောင်း လှလှပပရေးသားခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဟာ Lဥဠန ဆိုတဲ့ စာလုံးလေးလုံးနဲ့ တည်ထောင်ထားတဲ့ဘာသာတရားဖြစ်ပါတယ်။ ရှင်ယောဟန်က ဘုရားသခင်အကြောင်းကို အခုလိုရေးသားခဲ့ပါတယ်။
]]ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာ လောကသားတို့ကို ချစ်တော်မူ၏။}} (ယော ၃း၁၆)
ဘုရားသခင်ရဲ့မေတ္တာတော်ဟာ အရူးအမူးချစ်တဲ့မေတ္တာတော်မျိုးဖြစ်ပါတယ်။ အာဗြာဟံဆို ရင် ကိုယ့်သားအရင်းကိုတောင် သတ်ပြီး ပူဇော်ဖို့ မနှောင့်နှေးခဲ့ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က အဲဒါကို အချိန်မီ ဟန့်တားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့သားတော်ကိုယ်တိုင်က ]]ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း}}လို့ ဟစ်အော်တဲ့အခါမှာ တော့ ဘုရားသခင်က သူ့ရဲ့သားတော်မသေဖို့ ဝင်ရောက်ဟန့်တားခြင်းမရှိခဲ့ပါဘူး။
ဒါကို ကြည့်ပြီး ဘုရားသခင်က သူ့ရဲ့တစ်ပါးတည်းသောသားတော်ကို ချစ်မြတ်နိုးခြင်းမရှိ ဘူးလို့ ဆိုလို့မရပါဘူး။ ကိုယ်တော်ရှင်ဟာ သင်နဲ့ ကျွန်ုပ်တို့လူသားတွေကို ပိုပြီးချစ်မြတ်နိုးတာပါ။ ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ရဲ့ဘ၀လမ်းကြောင်းကို ဖော်ဆောင်ပေးတယ်။ အံ့ဖွယ်ရာတွေပြုလုပ် ပေးတယ်။ ကျွန်ုပ်တို့မေ့လျော့နေတဲ့အချိန်မှာတောင်မှ ကိုယ်တော်ရှင်ဟာ ကျွန်ုပ်တို့ကောင်းကျိုး အတွက် မေတ္တာရှေ့ထားပြီး ဆက်လက်လုပ်ဆောင်တော်မူပါတယ်။ ကျွန်ုပ်တို့ရဲ့ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာတော်ရှင်ဖြစ်တယ်။ အဲဒီချစ်ခြင်းမေတ္တာဟာ သင်နဲ့ ကျွန်ုပ်တို့အကြား ဖွဲ့နှောင်ထား တဲ့ပဋိညာဉ်ဖြစ်ပါတယ်။ ]]သင်တို့အား ပညတ်သစ်ကို ငါပေး၏။ သင်တို့အား ငါချစ်သည့်အတိုင်း သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့}}လို့ ယေဇူးသခင်မိန့်တော်မူခဲ့ပါတယ်။
ယေဇူးဘုရားရှင်ဟာ ကျွန်ုပ်တို့ကို ဖာရီဇေဦးတွေရဲ့ပညတ်ဥပဒေအနှောင်အဖွဲ့ထဲကနေ ဖြေ လွှတ်ပေးခဲ့တဲ့အရှင်ဖြစ်တော်မူပါတယ်။ ရှင်ပေါလုက အဲဒီပညတ်ဥပဒေတွေဟာ လူတွေအတွက် အပြစ်ကိုပဲ ယူလာပေးခဲ့တဲ့အကြောင်း ပြောဆိုထားပါတယ်။ ချစ်ခြင်းမေတ္တာကတော့ ကျေးဇူးတော် တွေကို ဆောင်ကြဉ်းပေးပါတယ်။ မေတ္တာကို ကိုယ့်ရဲ့အပြုအမူနဲ့ ပြသရပါမယ်။ အပြုအမူမပါတဲ့ မေတ္တာဟာ အပေါ်ယံအမြင်ကောင်းရုံသာဖြစ်ပြီး အသက်မပါပါဘူး။
ခရစ်ယာန်ဘာသာဟာ မိမိရဲ့အပြုအမူအားဖြင့် မေတ္တာပြသတဲ့ဘာသာတရားဖြစ်ပါတယ်။ ဘုရားသခင်ကို ချစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့အစမူလဖြစ်ပြီး ကျွန်ုပ် တို့သွားရမယ့်နောက်ဆုံးပန်းတိုင်လည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အယ်လ်ဖာနဲ့ အိုမီဂါဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ်တော်ရှင်ထံမှ လာပြီးတော့ ကိုယ်တော်ရှင်ထံကိုပဲ ပြန်သွားရပါမယ်။ လူသား တွေတည်ရှိနေခြင်းဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာသက်သေပါပဲ။
လူအတော်များများက ]]ဘုရားသခင်ကို ချစ်ပါ}}ဆိုတဲ့ပညတ်တော်ကို လိုက်နာရတာ အခက် အခဲမရှိကြပါဘူး။ ဒါပေမဲ့ ရှင်ယောဟန်က ]]တစ်စုံတစ်ယောက်က ငါသည် ဘုရားသခင်ကို ချစ် သည်ဟုဆိုပြီး မိမိ၏ညီအစ်ကိုကို မုန်းတီးလျှင် ထိုသူသည် လိမ်ညာသူဖြစ်၏။ အဘယ်ကြောင့်ဆို သော် မိမိမြင်ဖူးသည့် ညီအစ်ကိုကို မချစ်သောသူသည် မမြင်ဖူးသောဘုရားသခင်ကို မည်သို့ချစ် နိုင်မည်နည်း}}လို့ မေးထားပါတယ်။ ချစ်ခြင်းမေတ္တာမရှိသူဟာ တကယ်ပဲ ဘုရားမဲ့ တရားမဲ့ဝါဒီဖြစ် ပြီး အမုန်းမီးလျှံရဲ့ဝါးမျိုခြင်းကို ခံရပါလိမ့်မယ်။ မိမိကိုယ်ကို ခရစ်ယာန်ဆိုပြီးတော့ နေ့စဉ်ဘ၀မှာ မေတ္တာမပြတဲ့သူတွေဟာ  ဘုရားကို မယုံကြည်သော်လည်း လူသားကောင်းကျိုးလုပ်ဆောင်နေတဲ့ သူတွေထက် ပိုဆိုးပါတယ်။
ကိုဗစ်ကပ်ရောဂါဟာ ကျွန်ုပ်တို့ဘယ်လောက်စာနာစိတ်ရှိသလဲဆိုတာ ဖော်ပြပေးတဲ့အရာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုခဲ့ပါတယ်။ ရောဂါကူးစက်ခံရသူတွေအတွက်၊ ရောဂါ ကြောင့် မိသားစုဝင်ဆုံးရှုံးသူတွေအတွက် ကျွန်ုပ်တို့ဝမ်းနည်းခဲ့ပါသလား။ အလုပ်အကိုင်ဆုံးရှုံးပြီး စားဝတ်နေရေးခက်ခဲနေသူတွေအတွက် ကျွန်ုပ်တို့စေတနာနဲ့ အကူအညီပေးခဲ့ပါသလား။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရတဲ့အချိန်၊ ပြုံးမပြနိုင်တဲ့အချိန်၊ ချစ်ခင်သူတွေနဲ့ လက်ဆွဲနှုတ်မဆက်နိုင်၊ ပွေ့ ဖက်ခြင်းမပြုနိုင်တဲ့အချိန်မှာ မေတ္တာပြသဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ ဒီကာလဟာ မိသားစုတွေ၊ နီးစပ်တဲ့သူတွေအတွက် ကျွန်ုပ်တို့ရဲ့နှလုံးသားတွေကို ဖွင့်ထားရမယ့်အချိန်ဖြစ်ပါ တယ်။ ချစ်ခြင်းမေတ္တာမှာ Lသခိုသတည မရှိပါဘူး။
မြန်မာပြည်က ကက်သလစ်ဘာသာဝင်အနေနဲ့ ကိုယ်နဲ့မသိတဲ့သူတွေ၊ မုဆိုးမတွေ၊ မိဘမဲ့ ကလေးတွေ၊ ဆင်းရဲခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုကြီးစိုးနေတဲ့သူတွေအပေါ် မေတ္တာပြပြီး သက်သေခံဖို့ လိုပါတယ်။ ဘုရားသခင်ကို အမှန်တကယ်ချစ်ကြောင်း ပြသဖို့အတွက် အတိဒုက္ခရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် မေတ္တာပြသပြီး သူတို့ကို ကူညီပေးဖို့ လိုပါတယ်။
အဲဒီမေတ္တာရဲ့နောက်မှာ အပြုအမူက လိုက်ပါရပါလိမ့်မယ်။ ယေဇူးသခင်လိုပဲ ကျွန်ုပ်တို့ ဟာလည်း ကျွန်ုပ်တို့ရဲ့စေတနာသဒ္ဓါတရားကို အဆပေါင်းများစွာတိုးပွားအောင် လုပ်ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတွေက ကိုယ့်ရဲ့သာသနာအုပ်စုထဲက အကူအညီလို အပ်နေတဲ့ အိမ်ထောင်စု အနည်းဆုံး (၅၀)ကို ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ဂိုဏ်းချုပ် ဂိုဏ်းအုပ်သာသနာ(၁၆)ခုမှာ သာသနာအုပ်စု(၂၀)လောက်ရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် သာသနာ အုပ်စုပေါင်း(၃၂၀)ရှိလာမှာဖြစ်ပြီး အုပ်စုတစ်ခုစီက အိမ်ထောင်စု(၅၀)ကို ကူညီထောက်ပံ့ရင် အိမ် ထောင်စုပေါင်း (၁၆၂၀၀)ကို အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ဃဃြM နဲ့ KMSS  က နောက် ထပ်အိမ်ထောင်စုပေါင်း (၅၀၀၀)ကို ထောက်ပံ့ပေးဖို့ လုပ်နေပါတယ်။ အဲဒါဆိုရင် ကျွန်ုပ်တို့ကူညီ ထောက်ပံ့ပေးတဲ့အိမ်ထောင်စုပေါင်း (၂၀၀၀၀)ကျော်သွားမှာဖြစ်ပါတယ်။ ဒါဟာ ]]ငါသည် ဆာ လောင်သောအချိန်၌ သင်တို့သည် ငါ့အား စားစရာပေးကြ၏}}ဆိုတဲ့ ယေဇူးသခင်ရဲ့ရည်မှန်းချက် ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။
ဒီနေ့ ဧဝံဂေလိကျမ်းဟာ ပညတ်ချက်နှစ်ခုအပေါ် မှီခိုနေတဲ့ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းကို ပြန်လည်သတိရစေပါတယ်။ အဲဒါကတော့ ဘုရားသခင်ကို ချစ်ဖို့နဲ့ တစ်ပါးသူကိုလည်း ချစ်ဖို့ပဲဖြစ် ပါတယ်။ ဘုရားကျောင်းတံခါးတွေပိတ်ထားရပေမဲ့ ကျွန်ုပ်တို့ရဲ့နှလုံးသားတံခါးတွေကိုတော့ ပိတ်လို့ မရပါဘူး။ ကျွန်ုပ်တို့ရဲ့နှလုံးသားကို ပိတ်စည်းထားနိုင်တဲ့ Mask လည်းမရှိပါဘူး။ ကျွန်ုပ်တို့ရဲ့ မေတ္တာတရားကို ဆေးကြောဖယ်ရှားပစ်နိုင်မယ့် လက်သန့်ဆေးရည်လည်းမရှိပါဘူး။ ကျွန်ုပ်တို့ရဲ့ မေတ္တာကို ဝေးကွာအောင်လည်း လုပ်လို့မရပါဘူး။ ဘုရားကျောင်းထဲမှာ ဝတ်ပြုဆုတောင်းရတာကို ကန့်သတ်ထားနိုင်ပေမဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာနဲ့ ကရုဏာလုပ်ငန်းတွေကို ကန့်သတ်ထားလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးသောကာလမှာ မေတ္တာပညတ်ချက်ကိုပဲ အခြေခံပြီး ကျွန်ုပ်တို့ကို စီရင်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ပါရမီသုံးပါးမှာ ထာ၀ရတည်တဲ့ပါရမီကတော့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင်ရဲ့ကောင်းချီးတော်ခံစားကြရပါစေ။


2020-10-24 02:39:30
NEWS AND EVENTS