Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
စက်တင်ဘာလ ၂၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်လာသော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည်  ကမ်းရိုးတန်း ဒေသတွင် နေထိုင်ကြသည့် လူနေတိရစ္ဆာန်များနှင့် ရေချိုစနစ်များအတွက် အဓိက စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာသည်။ ကမ်းရိုးတန်း ဒေသ၌ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်းသည် နေအိမ်များ၊ အဆောက်အအုံများ၊ ရေချိုရင်းမြစ်များ၊ တံငါ ငါးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ခြိမ်းခြောက်လာနေသည်။

ထောက်ရှုရန် မေးခွန်း

ရာသီဥတု ပုံမှန်မဟုတ်သည့် ပြောင်းလဲခြင်း ဆိုင်ရာ အကြပ်အတည်း၏ လေးနက်မှုကို သင် သဘောပေါက်ပါ၏လော။ ကာဗွန်ဒိုင် အောက်ဆ်ိုဒ် ထုတ်လွှတ်မှုအား လျော့ချစေရန် ကျွန်ုပ်တို့ ဘာလုပ်နိုင်ပါသနည်း။

လက်တွေ့လုပ်ဆောင်ရန်

အဖွဲ့ တစ်ခု ဖွဲ့စည်း၍ သင့် တိုင်းဒေသကြီး ပြည်နယ် သို့မဟုတ် သင့် နိုင်ငံ၌ ရာသီဥတု ပြောင်းလဲရေးအား တုံ့ပြန် ဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်း အစီအစဉ် တစ်ခုအား ရေးဆွဲအကောင်အထည် ဖော်ရန် ရွေးကောက်ခံ အစိုးရ ကိုယ်စားလှယ်များအား တွေ့ဆုံတိုက်တွန်းပါ။ စိမ့်မြေအရပ်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရေးပါလှသော နယ်မြေဧရိယာတို့အား ကာကွယ်ပေးသည့် မူဝါဒများ ချမှတ်ရန် စွမ်းစွမ်းတမံ တိုက်တွန်းအရေးဆိုပါ။
မိမိ ဒေသ သို့မဟုတ် နိုင်ငံအတွက် အရေးပါလှသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ နယ်မြေဧရိယာ တစ်ခုခု ပျက်စီးခြင်းမှ ကာကွယ်ရန် လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုအား အစပြု လုပ်ဆောင်ပါ သို့မဟုတ် ပါဝင် ပံ့ပိုးပေးပါ။

အပိတ်ဆုတောင်း
အိုသခင်၊ ကမ်းရိုးတန်း ဒေသတွင် နေထိုင်သူများ အားလုံးအတွက် ဆုတောင်းပေးပါသည်။ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ အကြပ်အတည်းသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းနှင့် အိုးအိ်မ် ခြံဝန်း အပေါ် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်ပါသလို သဘာဝဘေးကြောင့် ရွှေ့ပြောင်းထွက်ပြေးကြသူများ ဖြစ်စေနိုင်ပါသည်။ အကြောက်တရားနှင့် မသေချာ မရေရာမှုများ ကြီးမားသည့် အချိန်နေရာတွင် ကိုယ်တော်ရှင် ၎င်းတို့အား ကောင်းချီးပေးသနားတော်မူပါ၊ ၎င်းတို့အား လမ်းပြတော်မူပါ၊ ဘေးကင်းရန်ကွာရန် ကာကွယ် စောင့်ရှောက်တော်မူပါမည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song


2020-09-27 08:07:22
NEWS AND EVENTS