Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပင်လယ်အဏ္ဏဝါ ရေကြောင်း ညစ်ညမ်းခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၇ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

- ပလက်စတစ် အမှိုက်များ မျောနေခြင်းနှင့် မြစ်ပင်လယ်ရေ ကြမ်းပြင်နှင့် ရေသတ္တဝါတို့ အစားအစာအတွင်း၌ ပလက်စတစ် အမှုန်အမွှားများ ရှိနေခြင်း၊ (သင်္ဘောများ၊ သဘာဝ ဓာတ်ငွေ့တူးဖော်သည့် မျှော်စင်များနှင့် အခြားသော သတ္တုတွင်းတူးသည့် စက်ရုံများကြောင့် ဖြစ်လာသည့်) သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အမျိုးမျိုး၊ စက်မှုဇုံ လုပ်ငန်းများနှင့် ရေနှုတ်ဆိုးမြောင်းများမှ စွန့်ထုတ်လိုက်သော အညစ်အကြေးများနှင့် လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ စသည်တို့ကြောင့် ပင်လယ်ရေမျက်နှာပြင် ညစ်ညမ်းခြင်းနှင့် အဏ္ဏဝါ ရေပြင် အခြေအနေ ပိုမို ဆိုးရွားလာပါသည်။
- ရေအဏ္ဏဝါပြင်၌ ရေနေမျိုးကွဲ သတ္တဝါများ နည်းပါးလာခြင်း၊ ရေနေသတ္တဝါများ မျိုးသုဉ်းမှုနှုန်း များပြားလာခြင်း၊ သန္တာကျောက်တန်း၊ ဒီရေတော၊ ပင်လယ်ရေမှော်ပင်များနှင့် အခြား ရေနှင့် ဆက်စပ်သော အပင်များ ပျက်စီးနည်းပါးလာခြင်းသည် ပင်လယ်ကမ်းရိုးတန်းရှိ စီးပွားရေး လုပ်ငန်းများ၊ တံငါရေလုပ်ငန်းများ နှင့် အလုပ်အကိုင်များ လျော့ပါးပျက်စီးခြင်းသို့ ဦးတည်သွားပါသည်။

ထောက်ရှုရန် မေးခွန်း

ရေအဏ္ဏဝါ ညစ်ညမ်းလာခြင်းသည် ငါးနှင့် ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေရုံမျှမက ကျွန်ုပ်တို့ လူသားတို့ကိုလည်း တိုက်ရိုက် ထိခိုက်မှုရှိလာပါသည်။
အဘယ်ကြောင့် ထိုသို့ ထိခိုက်မှုမျိုး ရှိလာသနည်း။
ပင်လယ်ရေ အဏ္ဏဝါ ညစ်ညမ်းခြင်း လျော့ပါးစေရန် သင်တို့ ဘာလုပ်နိုင်ပါသနည်း။

လက်တွေ့လုပ်ဆောင်ရန်

ပလက်စတစ် အိတ်များနှင့် တစ်ခါသုံး ပန်းကန်၊ ရေခွက်၊ ဇွန်း စသည့် တခါသုံး ပစ္စည်းများ အသုံးပြုခြင်းကို လုံးဝ ရပ်တန့်လိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ပစ္စည်းများသည် မြစ်ချောင်းများနှင့် ပင်လယ်ပြင်များတွင် အဆုံးသတ်သောကြောင့် ဖြစ်ပါသည်။  

အပိတ်ဆုတောင်း

အိုသခင်၊ ပလက်စတစ် စွန့်ပစ်ပစ္စည်းများနှင့် မသန့်စင်တော့သည့် ပင်လယ်စာများအား စားသုံးမိသည့် အတွက်ကြောင့် အတိဒုက္ခရောက်နေကြသူများအား ကူညီစောင်မတော်မူပါ။ ၎င်းတို့၏ နာကျင်မှု ဝေဒနာများမှ ဖယ်ရှားပေးတော်မူပါ၊ ၎င်းတို့အား ကျန်းမာခြင်း ကျေးဇူးတော်ကို ပေးသနားတော်မူပါမည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။

Translated by Lawrence Jangma Mung Song


2020-09-26 07:50:08
NEWS AND EVENTS