Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ် လွီစ်အန်တိုနီရိုတာဂ်လေ၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိ

ကာသိုလိပ်သာသနာတော်၏ သာသနာတော်ပြန့်ပွားရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ကာဒီနယ် လွီစ်အန်တိုနီရိုတာဂ်လေ၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိရကြောင်း ဗာတီကန် ပြန်ကြားရေးဌာန ဌာနမူး မာတီအိုဘရူးနီ မှ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အတည်ပြုပြောကြားခဲ့ပါသည်။ မနေ့က မနီလာသို့ ဆိုက်ရောက်စဥ် လည်ပင်းစွပ် (swab) ယူ စစ်ဆေးခဲ့ရာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းမှ ပြောကြားခဲ့သည်။ ကာဒီနယ်တာဂ်လေ၌ ရောဂါလက္ခဏာမတွေ့ရှိရကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့က ရောမမြို့၌ဆေးစစ်ခဲ့ရာ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း၊ ကာဒီနယ် နှင့် တွေ့ဆုံမှုရှိခဲ့သူတို့အားလိုအပ်သောစစ်ဆေးမှုများ သေချာစွာပြုလုပ်နေကြောင်း ဘရူးနီမှ ဆက်၍ပြောကြားခဲ့သည်။ ကာဒီနယ် တာဂ်လေသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်နှင့် သြဂုတ်လ ၂၉ ရက်နေ့က နောက်ဆုံးတွေ့ဆုံမှုရှိခဲ့ပါသည်။
Source: ZENIT. ORG

2020-09-11 08:20:37
NEWS AND EVENTS