Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မစ္ဆားပူဇော်ခြင်း ဝိနည်း စာအုပ်အသစ် အစားထိုးလိုက်ခြင်းနှင့် ပတ်သက်၍ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ကော်မရှင်၏ အတွင်းရေးမှူး ဘုန်းတော်ကြီး ဒေါမိနစ် ဂြိုလ်တု နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။    ။ဒီဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဒီစာအုပ်ကို ထုတ်နိုင် ဖို့ ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။ ဘယ်အခက်အ ခက်တွေရှိ ခဲ့ပါသလဲ။
ဖြေ။     ။ဒီစာအုပ်ကို ထုတ်နိုင်ဖို့ ကိုယ်ကိုတိုင် ကြိုးစားတာလို့ မဆိုလိုဘူးပေါ့နော်။ ရှေးဘိုးဘေး ဆရာတော်ကြီးတွေ လက်ထက်ကတည်းကိုက ဒီဘိုးဘေး ရဟန်းဘုန်းကြီး တွေက ဗမာလို စပြီးတော့ ဝတ်ပြုကိုးကွယ်လို့ရပြီ ဆိုတဲ့ အချိန်ကစပြီး ဘာသာတွေပြန်ခဲ့တွေ ပြန်ခဲ့တာပေါ့။ ဥပ မာ အောက်မြန်မာပြည် ဆိုရင်လည်း ဆရာတော် မန်းဂါဗြီ လက်ထက် အဘိုး ဖိလစ်၊ အဘိုလေး ဘရူးနိုးတို့၊ ဒီအ ထက် ဗမာပြည်မှာ ဆိုရင်လည်း မန္တလေးဂိုဏ်းချုပ်သာ သနာပိုင်ဆရာတော်ကြီး ဦးဝင်း၊ နောက်တစ်ခါ ဂိုဏ်း ချုပ်ဆရာတော်ကြီး ဦးသန်းအောင် လက်ထက်မှာ ဖာသာ ဂျွန်၊ ဖာသာ ရာဖာအဲ၊ ဖာသာ ဂျွန်သြဂုတ်စတင်းတို့၊ ဖာ သာ ပီတာမြအောင်တို့ အထက်ဘက်ကလည်း အထက် အဖွဲ့ ကြိုးစားပြီးတော့ revise ပြန်ပြန်လုပ်ပြီးတော့ ဘာ သာပြန်ဆိုပေးခဲ့ကြတာ မှတ်မိတယ်။ ပြောမယ်ဆို ရဟန်း ဖြစ်သင်ကျောင်းမှာနေခဲ့တာ (၈) နှစ်အတွင်းမှာ သူတို့ စာ အုပ်ပြောင်းတာ (၄)ကြိမ် ကြုံခဲ့ဖူးတယ်။ ဒါတောင် ကိုရင် ဖြစ်ပြီးမှ ဘုန်းကြီးဖြစ်ပြီးမှ ပြောင်းတာ အများကြီးပဲပေါ့ နော်။ သူတို့တွေ ဘိုးဘေးဆရာ တော်ကြီးတွေ၊ ဘိုးဘေး ရဟန်းတော်တွေ အကြိမ်ကြိမ်အလီလီ ကြိုးစားခဲ့ခြင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ကလည်း စနစ်တကျ ကော်မရှင်ဖွဲ့ပြီး ဒီလုပ်ငန်းကို ဆောင်ရွက်လိုက်တဲ့ အချိန်မှာ ကော်မရှင် ဦးဆောင်သူ လာရှိုး ဆရာတော်ကြီး ဖိလစ်ဇဟောင်းနဲ့ အတွင်းရေးမှူး ဖာသာ ဆူစေး သူတို့တွေ ဆက်လက်ပြီး ဒီလုပ်ငန်းစဉ်ကို ထမ်းရွက်လာခဲ့တဲ့အတွက် ၂၀၀၇ ခုနှစ်မှာ ယခုအသုံးပြု နေတဲ့ စာအုပ်ထွက်ခဲ့တယ်။ ဟိုဘိုးဘေးတွေ ဆက်ပြီး အခက်အခဲအမျိုးမျိုးကို ကြိုးစာလာတဲ့အတွက် ဒီစာအုပ် က ဒီအခြေအနေရောက်လာတာ။
    စကားလုံးတွေ၊ စကားအသုံးအနှုန်းတွေ၊ အမျိုးမျိုး အခက် အခဲတွေ့ပါတယ်။ ဒါဟာလည်း ဗမာပြည်ရဲ့ အခြေအနေ က ကာလံဒေသံ လိုက်ပြီး စကားတွေက ကွဲတယ်။ ကွဲတယ်ဆိုတဲ့နေရာမှာ မြန်မာစကားကိုက ကွဲနေတာ ပြောမယ်ဆိုရင် ကယားက ပြောတော့ ကယား ဗမာ စကားပေါ့၊ ကရင်က ပြောရင် ကရင် ဗမာစကား၊ နောက် မန္တလေးဘက်မှာ မြန်မာလို့ခေါ်တဲ့ ကက်သလစ်တွေက ပြောပြန်တော့လည်း ဗရင်ဂျီ ဗမာစကားဖြစ် နေတယ်။ ဗမာစကား စစ်တာတွေလည်း ပါသလို မစစ်တဲ့ အချက် တွေလည်း အဲ့ထဲမှာ ဝင်ပါတာပေါ့နော်။ အဲ့တော့ ဗရင်ဂျီ ဗမာစကားက ဗရင်ဂျီ ကက်သလစ်တွေပဲ နားလည် တာ လေ။ ကယား ဗမာစကားက ကယားပဲ နားလည်တာ။ ကရင်ဗမာစကားက ကရင်တွေပဲ နားလည်တာ အဲ့တော့ အသုံးအနှုန်းတွေကတော့ တော်တော် အခက်အခဲတွေ့ တယ်။ နောက်ပိတ်ဆုံး တဖြေးဖြေးနဲ့ ဆရာတော် ဦးသန်း အောင် လက်ထက်မှာ မန္တလေး တက္ကသိုလ်က မြန်မာစာ ကထိကကြီးကို အကူအညီတောင်းခဲ့တယ် အဲ့မှာကိုက အများကြီး ကောက်ချက်တွေ ချပေးခဲ့တယ်။ သူတို့က တော့ မြန်မာစစ်စစ်တွေဆိုတော့ မြန်မာ နားလည်မှုနဲ့ သွားတယ်ဆို တာကိုတွေ့ရတာပေါ့နော်။
    ဘုန်းဘုန်းတို့လက်ထက် ရောက်တဲ့အချိန်မှာတော့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်ကနေ ဒီလုပ် ငန်းကို ဆက်လုပ်ရမယ်ဆိုပြီး တာဝန်ပေးတော့ ဘုရားပေး တာဝန်အနေနဲ့ လုပ်ကိုင်ခဲ့တယ်။ လက်ရှိကော်မရှင်ရဲ့ ဦးဆောင်သူကတော့ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး နိကော်လား မန်ထန်း ဘုန်းဘုန်းက အတွင်းရေးမှူးပေါ့။ ဒီမြန်မာစာအုပ်က ၂၀၀၇ခုနှစ်မှာ ထွက်တယ်။ English Translation တကယ့် Final ကို သာသနာက ထုတ်ပေး လိုက်တာက ၂၀၁၀ ကျမှ ထွက်တယ်ဆိုတော့ အများကြီး ပြင်ရတော့မယ်။ ဘာလို့လဲဆိုတော့ (၂၀၀၇) ထွက် မပါ တာ တွေ အများကြီးရှိလာတော့ ၂၀၁၄ ဇန်နဝါရီ အစည်း အဝေးမှာ ဒီမစ္ဆားတရားစာအုပ်တစ်ခုလုံးကို ပြင်ခဲ့ပါ၊ အ ဟောင်းနဲ့လည်း ပြန်တိုက် ပြီးတော့ အသုံးအနှုန်းတွေ လည်း ပြင်သင့်တယ်ထင်တဲ့အရာတွေ ပြင်ခဲ့ပါဆိုတော့ ဒီဟာကို ပြင်ရတာပေါ့။ အဲ့တော့ ကိုယ်တစ်ယောက်တည်း လည်း ပြင်လို့မရဘူး မန္တလေးက တစ်ချို့ ရဟန်းတော်တွေ အကူအညီတောင်းပြီးတော့ အထူးသဖြင့် ဖာသာရ် မာကု တင်ဝင်း လည်းပါမယ်။ နောက်ပြီးတော့ ပြင်ပြီးတော့ မြင်းမူ အောင်မြင့်သိန်းဆိုတဲ့ စာရေးဆရာကို မြန်မာ တစ် ယောက် အနေနဲ့ နားလည်လား ဖတ်ကြည့်ပါဆိုပြီး ပေး လိုက်တယ်။ သူဖတ်ပြီး တစ်လလောက် နေတဲ့ အချိန်မှာ မှတ်ချက်တွေနဲ့ ပြင်ပေးတယ်။ ပြင်ပြီးတော့ ဇန်နဝါရီ (၅)ရက် ၂၀၁၄ ခုနှစ် တင်ပြလိုက်တာ။ တင်တဲ့အချိန်မှာ တစ်ချို့ဘုန်းကြီးတွေက လည်း နှုတ်ကျိုးနေပြီ ဒီအတိုင်းပဲထားလိုက်ရအောင်ဆိုပြီး ပြောကြတယ်။ အဲ့မှာ ဘုန်းဘုန်း က ဘာတရားရလိုက်တာက နှုတ်ကျိုးလို့ မပြင်တော့ဘူး ဆိုတာတော့ မဟုတ်သေးဘူးထင် တယ်လို့။ သာသနာ ပြုဆိုတာက ကိုယ်က အချဉ်ကြိုက်လို့ ဆွယ်တဲ့တရား၊ သူက အချိုကြိုက်လို့ သူများကို အချိုကြိုက် အောင် ဆွယ်တဲ့တရား၊ ကိုယ်က အခါးကြိုက်လို့ အဖန် ကြိုက်လို့ သူများကြိုက်အောင် ဆွယ်တဲ့တရား မဖြစ်ရဘူး။ ကိုယ်က အမှန်တွေ့ထားလို့ အမှန်ကိုပဲ သူများရအောင် ဟောရမှာ အဲ့ဒါမှ သာသနာပြုဆိုပြီး တရားရတယ်။
မေး။    ။အခုပြင်လိုက်တဲ့စာအုပ်ရယ် အရင်စာအုပ်ရယ် ဘာ တွေကွဲပြားသွားလဲ။
ဖြေ။     ။ဒီစာအုပ်ရဲ့ပြောင်းလဲမှုဆိုရင် ဘုန်းဘုန်းက အတွင်း ရေးမှူးဆိုတော့ စ စချင်း မူကြမ်းလုပ်ပေးရတယ်။ ကိုယ် ၄ နှစ်ပြင်ထားတဲ့အရာကို ဒီကော်မရှင်မရှင်ရဲ့ ဦးဆောင်သူ ဖြစ်တဲ့ မန္တလေး ဂိုဏ်းချုပ်ဆရာတော်ကြီး နိကော်လား မန်ထန်းကနေ နိုင်ငံခြားမှ ပညာတော်သင်ခဲ့တဲ့  ဘွဲ့ရ ရဟန်းဘုန်းကြီးတွေ၊ ဆရာတော်ကြီး အားသိုက်ပါတယ်၊ ဆရာတော်ကြီး ဦးပြုံးချို လည်းတက်တယ်။ နောက် တစ်ပါးက ဆရာတော်ကြီး ဂျက်စတင်း ဒီအစည်းအဝေးမှာ ဒီစာအုပ်ကို ဝေဖန်ကြတာ။ သူတို့ရဲ့ ဆုံးဖြတ်ထားချက် အတိုင်းပဲ ဒါထွက်လာတာ။ အဲ့ဒီ ရဟန်းတော်တွေ ဆရာ တော်တွေ အများရဲ့ဆုံးဖြတ်ချက်က အခုထွက်လာတဲ့ လက်တင်းနဲ့ လုံးဝတူတဲ့ အတိအကျ တူတဲ့ ဒီအင်္ဂလိပ် ဘာသာ ပြန်အတိုင်းပဲ ပြန်ပါတော့။ မပြင်တော့ပါနဲ့။ တကယ်လို့ အဲ့ဒီတိုင်း မသွားဘူးဆိုရင် နောက် သာသနာ ပိုင်ချုပ် ပုပ်ရဟန်းမင်းကြီးကနေ ပြင်ပါလို့ ပြောရင် အလုပ် တစ်ခုပြန်ရှုပ် မယ်တဲ့။ ဒါကြောင့်မို့ အတိအကျသာ ပြန် တော့ဆိုတော့။ ဘုရားသခင်သည် သင်တို့နှင့် ရှိပါစေ ဆိုရင် အရင်က ကိုယ်တော်နှင့်လည်းရှိပါစေ။ မဟုတ်ဘူး အင်္ဂလိပ်လိုဆိုရင် with your spirit ကိုယ်တော်၏ ဝိ ညာဉ်နှင့်လည်းရှိပါစေ အဲ့ဒီအတိုင်းပဲ ပြန်ခိုင်းတော့တယ်။ ပြီးတော့ ဒီ ၂၀၁၀ Edition အတိုင်း ပြောင်းတာတွေ ဖြည့် တာတွေနဲ့ စကားလုံး အသုံးအနှုန်းပြောင်းတာတွေနဲ့ ဖြည့်လိုက်တယ်။ နောက် ဆုံး စာအုပ် စက်ပေါ်မတင်ခင်မှာ ဟားခါးသာသနာက ကာနွန်ဥပဒေဒေါက်တာဘွဲ့ရ ဖာသာ ဂျိုးဇက် ကီးခွေအောင် ကနေ စာမျက်နှာ တစ်ထောင့်တစ်ရာနှစ်ဆယ့်ရှစ်မျက်နှာရှိတာကို အကုန် revise လုပ်တာ ဒီက ဘယ်လိုအသုံးအနှုန်း ရှိတယ်၊ ဒါက ဘယ်လိုသုံးတယ် တစ်ခါတစ်လေ ကိုယ်လည်း မမြင်တာတွေရှိတယ်။ ကျန် တဲ့ အပိုင်းတွေ လည်းရှိအုံးမှာပဲ ဒါပေမယ့် အဲ့ဒါတော့ ဘုန်းဘုန်း က တောင်းခံချင်တာတော့ နောင်လာ နောင် သားတွေက ကောင်းသထက်ကောင်းအောင် လုပ်သွား စေချင်တယ်။ မှန်သထက်မှန်အောင် လုပ်သွား စေချင် တာပဲ။ ဟို ငါမကြိုက်လို့ ငါကြိုက်လို့ ကိုယ့်အကြိုက် တရားတွေ ကိုယ့်အကြိုက်တွေကို သုံးဖို့ မဟုတ်ဘူး ဘယ်ဟာမှန်သလဲဆိုတာကိုပဲ ရွေးပြီးတော့ သုံးစေချင် တယ်။ ဒီမစ္ဆားစာအုပ်ကတော့ ပြောမယ်ဆို တစ် နိုင်ငံလုံး ပညာရှင်တွေနဲ့ ဒီဝတ်ပြုကိုးကိုယ်ခြင်း ကိုယ်စားလှယ် တွေ ကနေ ပြင်ထားတဲ့အတိုင်းပေါ့။
CBCM-OSC


2018-11-20 01:30:35
NEWS AND EVENTS