Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

Knights of Columbus အသင်းဂိုဏ်းတည်ထောင်သူအား

သူတော်စင်တင်မြှောက်မည်

Knights of Columbus အဖွဲ့အစည်းတည်ထောင်သူ Fr. Michael McGivney အား သူတော်စင်တင်မြှောက်မည့်အကြောင်း ဇူလိုင်လ ၂၀-ရက်နေ့က ၎င်းအသင်းအဖွဲ့မှ ထုတ်ဖော်ကြေညာခဲ့သည်။ သေဆုံးလုနီးနောက်ဆုံးအခြေအနေရှိသောကလေးတစ်ဦးသည် Fr. Michael McGivney ၏ကြားဝင်ဆုတောင်းပေးမှုကြောင့်ပျောက်ကင်းသွားသည်မှာ တန်ခိုး လက္ခဏာမှန်ကန်သည်ဟု ဗာတီကန်မှ စစ်ဆေးပြီး အတည်ပြုကြောင်း ရဟန်းမင်းကြီးဖရန်စစ်မှ မေလ ၂၇-ရက်နေ့တွင်ကြေညာခဲ့ပြီးဖြစ်သည်။
Fr. Michael McGivney သည် ဤအဖွဲ့အစည်းကို ၁၈၈၂-ခုနှစ်၌ Connecticut တွင်စတင်တည်ထောင်ခဲ့သည်။
ဤအဖွဲ့အစည်းအား မုဆိုးမများနှင့်၎င်းတို့၏မိသားစုများကို အကူအညီပေးရန် ရည်ရွယ်၍ စတင်ဖွဲ့စည်းခဲ့ခြင်းသာဖြစ်သော်လည်း အသင်းအဖွဲ့မှာ တိုးပွါးကြီးမား လာသည့်နှင့် ယခုမူ အဖွဲ့ဝင် ၂-သန်းကျော်ရှိလာပြီဖြစ်သည်။ ကက်သလစ် အသင်းတော်ကြီး၏ ညီရင်းမောင်နှမစိတ်ဓါတ်ဖြင့် ကရုဏာရေးလုပ်ငန်းများ၊ ကယ်တင်ခြင်းသတင်းကောင်းဖြန့်ဝေခြင်းလုပ်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းလုံးတွင် လှုပ်ရှားနေသော အသင်းအဖွဲ့အဖြစ်ထင်ရှားလာရှိသည်။ The Knight of Columbus အသင်းအဖွဲ့သည် ၎င်းတို့ အဖွဲ့ဝင်များအတွက်လည်း အသက်အာမခံပေါ်လစီ ထားရှိပေးသည့် အဖွဲ့အစည်းဖြစ်သည်။
၂၀၁၈-ခုနှစ်အတွင်း၌ပင် ဒေါ်လာ ၁၈၅-သန်း ကို ကမ္ဘာ့ကရုဏာလုပ်ငန်းများအတွက် လှူဒါန်းခဲ့ကာ အဖွဲ့သားများကလည်း နာရီပေါင်း ၇၆-သန်းကျော် ကိုယ်တိုင်ကိုယ်ကျ ကရုဏာအလုပ်အမျိုးမျိုးတွင် လက်တွေ့ပါဝင်လုပ်အားပေးခြင်းဖြင့် ကူညီပေးခဲ့ကြ သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်များအတွင်း အသင်း၏အလှူငွေ 2-သန်းခန့်တိုးမြှင့်ကာ အီရတ်နိုင်ငံ Karamles မြို့တွင် ISIS အစွန်းရောက်သမားတို့၏ လူမျိုးတုန်း သတ်ဖြတ်မှုမှကျန်ရစ်သည့် ခရစ်ယာန်များကိုပြန်လည်အခြေချနိုင်ရန်ကူညီခြင်း၊ နေအိမ်များဆောက်လုပ်ပေးခြင်း၊အိမ်အသုံးအဆောင်၊ပရိဘောဂနှင့် အစားအစာများ စီစဉ်ပေးခြင်း၊ ရေရှည်အနာဂတ်အတွက်ဆက်လက်လည်ပတ်နိုင်ရန် စီမံကိန်းများ ဆောင်ရွက်ပေးခြင်းအတွက်သုံးစွဲခဲ့သည်။
ယခုနှစ်ဖေဖော်ဝါရီလတွင် အသင်း၏အကြီးအကဲဖြစ်သူ Carl Anderson အား ရဟန်းမင်းကြီး ဖရန်စစ်မှလက်ခံတွေ့ဆုံစဉ် ရဟန်းမင်းကြီးက Knights of Columbus အဖွဲ့အစည်းသည် လူ့အသက်၊လူ့ဂုဏ်သိက္ခာအား အလေးထားမှုကိုဒေသတွင်း သာ မက နိုင်ငံတကာတွင် ထင်ထင်ရှားရှားလက်တွေ့လုပ်ဆောင်ပြသခြင်းဖြင့် မိမိတို့၏ ယုံကြည်ခြင်းကို အထူးသက်သေခံနေသောအဖွဲ့အစည်းဖြစ်ကြောင်း၊စစ်ပွဲ၊ဆင်းရဲခြင်း၊ အကြမ်းဖက်မှုစသည့်ဒဏ်ကိုအလူးအလဲခံစားရသော အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒေသမှ ခရစ်ယာန်များကိုလည်း ကာယဆိုင်ရာသာမက ဝိညာဉ်ရေးဆိုင်ရာ အကူအညီဖြည့်ဆည်းပေးနိုင်ရန် အင်တိုက်အားတိုက်လုပ်ဆောင်နေသော အသင်း အဖွဲ့ဖြစ်ကြောင်း ချီးမွမ်းစကားပြောလျက်၊ ကွဲပြားခွဲခြားမှု၊မညီမျှမှုတံဆိပ်ကပ်ခံ နေရသည့် ကျွန်ုပ်တို့ကမ္ဘာကြီးထဲတွင် လိုအပ်နေသူများ၊အားနည်းသူများအတွက် ရက်ရောစွာ အစေခံနေသည့် ၎င်းတို့အသင်းအဖွဲ့သည် မျိုးဆက်သစ်လူငယ်များအား ဖာသိဖာသာမနေထိုင်ဘဲ ပို၍ကောင်းမွန်တရားမျှတသော လူမှုအသိုင်းအဝိုင်းကို ပါဝင် တည်ဆောက်လာစေရန် အရေးကြီးသောအသိတရားရအောင် နှိုးဆော်ပေးရာရောက် မည်ဖြစ်သည်ဟုလည်းရဟန်းမင်းကြီးက ထပ်လောင်းပြောဆိုခဲ့သည်။
ကက်သလစ်အသင်းတော်၏အစဉ်အလာဥပဒေအရ သူတောင်စင်တင်အဖြစ် ကြေညာ တင်မြှောက်ခြင်းသည်ရဟန္တာတင်မြှောက်နိုင်ရန်နောက်ဆုံးအဆင့်ဖြစ်ပေသည်။
Fr. Michael McGivney သည် အမေရိကန်နိုင်ငံဖွားထဲမှ ၄-ပါးမြောက် သူတော်စင် တင်မြှောက်ခံရသူဖြစ်သည်။
သူ့အားသူတော်စင်တင်မြှောက်သည့် မစ္ဆားတရားတော်ကို သူ၏ဇာတိ Connecticut တွင်ပင်ပြုလုပ်သွားရန်မျှော်လင့်ကြသည်။
လက်ရှိတွင်မူကိုရိုနာကပ်ရောဂါအချိန်ဖြစ်၍ သူတော်စင်တင်မြှောက်သည့် အခမ်း အနားကို နောက်ဆုတ်ထားကြောင်း၊ အောက်တိုဘာလလောက်မှကျင်းပပြုလုပ် နိုင်မည်ဟု ရာထားကြောင်း ဗာတီကန်မှကြေညာထားသည်။
ဘာသာပြန် OSC-CBCM (Myanmar)
Portrait of Father Michael J. McGivney by John Tierney. Credit: Knights of Columbus Multimedia Archives

2020-07-28 21:37:12
NEWS AND EVENTS