Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပီရူးနိုင်ငံရှိ ကက်သလစ်သီလရှင်ကျောင်းကို ကိုဗစ်လူနာများအတွက် စောင့်ကြည့်လူနာဆောင်အဖြစ်အခမဲ့အသုံးပြုစေခြင်း

 

Bottom of Form

ပီရူးနိုင်ငံ La Tinguiña မြို့တွင်သီတင်းသုံးနေကြသော ဖရန်စစ်ကင်(Franciscan) သီလရှင်များသည် သူတို့၏ကုတင်၃၀-ပါဝင်သောကျောင်းဆောင်နှင့်တကွ ကျောင်း တွင်း အသုံးအဆောင်အားလုံးကိုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသောသူများအား စောင့်ကြည့်ခံစဉ်  နေထိုင်ရန် ယာယီအသုံးပြုခွင့်ပေးထားလိုက်ပြီဖြစ်သည်။

ကိုဗစ် ကူးစက်မှုနှုန်းမြင့်မား၍ ပိတ်ထားရသော La Tinguiña မြို့တွင်ရှိသည့် ဤ ကျောင်းအဆောင်အား ဇူလိုင် ၁၄ မှစတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဒေသမီဒီယာများပြောဆိုချက်အရ ထိုကျောင်း၏ အကြီးအကဲ Mother Rosa Fernández မှ သူတို့ကျောင်းဆောင်ကို လူနာများစိတ်ချရသည်အထိခိုနားခွင့်ပြု သွားမည်ဟုသိရသည်။

ရေချိုးခန်းတွဲရက်ပါသောအိပ်ခန်း၊ အသုံးအဆောင်နှင့် လက်သန့်ဆေးရည်မှအစ ထားရှိပေးသော ၎င်းစောင့်ကြည့်ဆောင်သည် ထိုနယ်တစ်ဝိုက်တွင်တော့ ပထမ တန်းစားဖြစ်နေသည်။

ဖွင့်လှစ်ခြင်းအခမ်းအနားလုပ်သည့်နေ့တွင် သီလရှင်အကြီးအကဲ Mother Rosa Fernández မှ ဤစောင့်ကြည့်ဆောင်ဖြစ်မြောက်လာရန်ပါဝင်ခဲ့သူအားလုံးအတွက်နှင့် ဤနေရာကို လာရောက်နားခိုအသုံးပြုသူတို့တစ်ဦးစီအပေါ်၌ ကျန်းမာခြင်းကျေးဇူး အမြန်ဆုံးရရှိ ကြရန်ဆန္ဒပြုလျက် ဘုရားသခင်ထံဆုတောင်းပေးခဲ့သည်။

ကျွန်မတို့ရဲ့ ဒီလိုအိမ်ကလေးက အသုံးတည့် အကျိုးရှိမယ်ဆိုရင်တော့သုံးပါ။ သုံးနိုင် ပါတယ် ဟု သူမကဆိုခဲ့သည်။

အစိုးရအရာရှိများနှင့်ကျန်းမာရေးဌါန၏တာဝန်ရှိသူများမှ ထိုအဆောင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်လှစ်ခြင်းအခမ်းအနားတွင် မြို့တော်ဝန် Juan Roque Hernández မှလည်း သီလရှင်များသည်သူတို့၏ကျောင်းဆောင်ကို အခမဲ့အသုံးပြုစေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ ယခုကဲ့သို့သော စံနှင့်ညီသည့် စောင့်ကြည့်ဆောင်များသည် ကပ်ရောဂါထိန်းချုပ်ရန် ကာကွယ်တားဆီးပေးသည့် စည်းရိုးကြီးများသဖွယ်ဖြစ် ကြောင်း၊ ထို့ကြောင့်ဤသို့ စောင့်ကြည့်ဆောင်များပေါ်ပေါက်လာရန်အရေးကြီးမှုကို နိုင်ငံသားများ ပိုမိုသိမြင် လာရန်လိုအပ်ကြောင်း မြို့တော်ဝန်က ပြောကြားသွားသည်။

မူရင်း-https://www.catholicnewsagency.com/news/religious-sisters-in-peru-offer-free-quarantine-housing-for-covid-carriers-83608?fbclid=IwAR3nEyI87jIKHvxxXW2Bc5p_-9nb3-PN-L5Jij6qos7_vNBSN3JM7t2PSJE

ဘာသာပြန် OSC-CBCM (Myanmar)

 


2020-07-18 21:13:05
NEWS AND EVENTS