Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်သည် အမိမယ်တော်လစ်တာနီတွင်

နောက်ထပ် ၃-ခုထပ်မံထည့်သွင်းခွင့်ပြုလိုက်ခြင်း

551wk

Top of Form

Bottom of Form

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် မယ်တော့်လစ်တာနီတွင် ယခုအချက်များ ထည့်သွင်း လိုသော အများလူထု၏ ဆန္ဒကို လက်ခံပေးခဲ့ခြင်းဖြစ်ပေသည်။

လက်ရှိရွတ်ဆိုနေသော မယ်တော့်လစ်တာနီများကို ၁၆-ရာစုနှောင်းပိုင်းက အသင်းတော်မှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်၊ဝတ်ပြုကိုးကွယ်မှုနှင့်စက္ကရမင်တူးများ စည်းမျဉ်း ဥပဒေဆိုင်ရာတာဝန်ခံလည်းဖြစ်သူ ကာဒီနယ် Robert Sarah သည် မယ်တော်သခင်မလစ်တာနီတွင် “Mother of mercy” “Mother of hope” “Comfort of migrants” ၊စသဖြင့် ၃-ခုကို ထပ်မံထည့်သွင်းရန် ရဟန်းမင်းကြီးဖရန်စစ်မှ ခွင့်ပြုပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ ဇွန်လ ၂၀-ရက်စွဲဖြင့် မယ်တော့်သန့်ရှင်းသောနှလုံးတော်ပွဲနေ့တွင် ဆရာတော်များအဖွဲ့ချုပ်သို့ စာရေးသား ပေးပို့ခဲ့သည်။

"သနားခြင်း၏မယ်တော်" (“Mater misericordiae,” “Mother of Mercy) ကို ခရစ္ဆတူး၏မယ်တော် နှင့် အမိသာသနာတော်၏မယ်တော် အပြီး၌လည်းကောင်း၊ "မျှော်လင့်ခြင်း၏မယ်တော်" (“Mater spei,” “Mother of hope”) ကို ဂုဏ်ကျေးဇူးအပေါင်းတို့၏မယ်တော် အပြီး၌လည်းကောင်း၊ "နေရပ်ရွှေ့ပြောင်းနေထိုင်ရသူတို့၏နှစ်သိမ့်ရာ" (“Solacium migrantium,” “Comfort of migrants”) ကို အပြစ်ရှိသောသူတို့၏မှီခိုရာ အပြီး၌လည်းကောင်း ထည့်သွင်းရွက်ဆိုဆုတောင်းရန်ဖြစ်ပါသည်။

ကာဒီနယ် Robert Sarah စာကို အကျဉ်းချုံ့ဖော်ပြရမည်ဆိုပါက  “ကက်သလစ်အသင်းတော်ကြီးသည် ရာစုနှစ်များတစ်လျှောက် မယ်တော်သခင်မအား ဘွဲ့အမည် အမျိုးအမျိုးဖြင့် ရွတ်ဆိုဂုဏ်ပြု၊  သဒ္ဓါကြည်ညိုလျက် သားတော်ယေဇူး ဘုရားထံ သူမ၏ ကြားဝင်ဆုတောင်းပေးမှုကို အားကိုးလာခဲ့ ကြရာတွင် မရေမတွက် နိုင်သော ဆုကျေးဇူးများ ကိုလည်း ခံယူရရှိခဲ့ကြပေသည်။

လက်ရှိကာလ၏ မသေချာမရေရာမှုများ၊တုန်လှုပ်ခြောက်ခြားစရာများခံစားနေကြ ရသည့်ကြားမှ မေတ္တာကရုဏာကြီးမား၍ယုံကြည်စိတ်ချနိုင်သော သူမထံ ချဉ်းကပ် ကြရာတွင် ဘုရားရှင်၏ သား၊သမီးများတို့သည် နက်ရှိုင်းသည့်ခံစားချက်ကို ရရှိကြ လေပြီ။

ကောင်းကင်ဂျေရုဆလင်မြို့တော်သို့ ဘုရားဖူးခရီးနှင်နေသည့် အသင်းတော်ကြီး၏ သမိုင်းလမ်းတစ်လျှောက်တွင် ခရစ်တော်ဘုရားနှင့်လက်တွဲမဖြုတ်စတမ်းလျှောက် လှမ်းလာခဲ့သည့်အပြင် နှုတ်ကပတ်တော်ကိုပိုင်ဆိုင်သူဖြစ်သည့်အမိမယ်တော်၏ ကူညီစောင်မမှုကိုလည်း ခံယူလျှက် ရှိပေသည်။

ခရစ်တော်၏တပည့်တော်များသည် မယ်တော်နှင့်ပတ်သက်၍ ‘မိန်းမတကာတို့တွင် မင်္ဂလာရှိသူ’ ဟု အစကနဦးကတည်းကပင် ချီးမွမ်းဂုဏ်ပြုခဲ့ကြောင်း ကျမ်းစာအားဖြင့် ကျွန်ုပ်တို့သိရကြပြီး သူမ၏ မိခင်သဖွယ်ကူညီစောင်မမှုနှင့်ကြားဝင်ဆုတောင်း ပေးမှု များကို ယုံကြည်စိတ်ချအားကိုးကြပေသည်” ဟူ၍ပါရှိသည်။

မူရင်း-https://www.catholicnewsagency.com/news/pope-francis-adds-three-titles-to-catholic-litany-of-the-blessed-virgin-mary-23190?fbclid=IwAR0vPOlM-VuqCpaeJ2kBG2rTiidt3Q_Yz98Y0LrwHaXoSpIRx7f158A7fdM

ဘာသာပြန် OSC-CBCM (Myanmar)

 

 


2020-06-29 22:22:56
NEWS AND EVENTS