Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကုလသမဂ္ဂကမ္ဘာ့သမုဒ္ဒရာရေရှည်တည်တံ့ရန်ထိန်းသိမ်း စောင့်ရှောက်ရေးနှိုးဆော်သံ

 

ကမ္ဘာ့သမုဒ္ဒရာကြီးက အပူချိန်၊ဓာတုဓါတ်သဘော၊ ရေ၊လေ၊ လျှပ်စီးကြောင်း စသဖြင့် လုပ်ဆောင် ပေးနေတာကြောင့် ကမ္ဘာမြေကိုလူသားတို့မှီတင်းနေထိုင် နိုင်စေမယ့် စံနစ်ကို ဖန်တီးပေးနေပါတယ်။ မိုးရေ၊သောက်သုံးရေ၊ရာသီဥတု၊ပင်လယ်ကမ်းရိုးတန်းများ၊အစားအစာအများစု၊ သက်မွေးဝမ်း ကျောင်းရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေးနဲ့ကျွန်ုပ်တို့ရှုရှိုက် နေတဲ့ လေထု စတာတွေကို ပင်လယ်က အခြေခံကျကျ၊စည်းချက်မှန်မှန် လုပ်ဆောင် ပေးနေ တာပါ ဒါကြောင့် ကုလသမဂ္ဂကနေ နိုင်ငံတကာအဖွဲ့အစည်းတွေကို နည်းလမ်းသစ် များရှာ၊သိပ္ပံနည်းပညာများသုံးပြီး သမုဒ္ဒရာအရေး ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ နှိုးဆော်လာခြင်းဖြစ်တယ်

ဒီအရေးမှာကျယ်ပြန့်စွာပါဝင်လှုပ်ရှားလာစေရန်ရည်ရွယ်ပြီး ကုလသမဂ္ဂမှ Rio de Janeiro, Brazil ဆိုသူဟာ ၁၉၉၂-ခုနှစ်ကတည်းက ကမ္ဘာ့သမုဒ္ဒရာနေ့(World Oceans Day ) သတ်မှတ်နိုင်ရေး ကမ္ဘာ့ခေါင်းဆောင်များဆီ တင်ပြဆွေးနွေး ခဲ့တဲ့ နောက် ၂၀၀၈-ခုနှစ်ရောက်မှဇွန်လ ၈ ရက်’ လို့ သတ်မှတ်ကြေညာနိုင်ခဲ့ပြီဖြစ်တယ်

ကုလသမဂ္ဂအတွင်းရေးမှူး Antonio Guterres ကကမ္ဘာ့သမုဒ္ဒရာနေ့ ဖြစ်တဲ့  ဇွန်လ ၈ ရက်နေ့က ပြောကြားတဲ့သူရဲ့ video သတင်းစကားမှာ  ယခုနှစ်ကို (သမုဒ္ဒရာကြီးအား နည်းလမ်းသစ်များ သုံးပြီး ထိန်းသိမ်းစောင့်ရှောက်ရန်) ဆိုတဲ့ ဆောင်ပုဒ်နဲ့အားစိုက်ဆောင်ရွက်သွားကြဖို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းကြီးကို တိုက်တွန်းနှိုးဆော်လိုပါတယ်။

လက်ရှိဖြစ်ပွါးနေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး က ကျွန်ုပ်တို့အချင်းချင်းကော၊ သဘာဝ ပတ်ဝန်းကျင်နဲ့ကော အပြန်အလှန်ဘယ်လောက်ဆက်နွယ်မှုရှိသလဲဆိုတာ ရှင်းရှင်းကိုပြသ၊ သတိပေးနေပါပြီ။  

ကျွန်ုပ်တို့ဟာ ဒီကပ်ရောဂါကြီးကိုအဆုံးသတ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ပြန် တည်ဆောက် ဖို့ကြိုးစားနေချိန်မှာ ပင်လယ်၊သမုဒ္ဒသရာအပါအဝင် သဘာဝလောက ကမ္ဘာကြီးနဲ့ နည်းမှန်လမ်းမှန် ဆက်နွယ်မှု ပြန်လည်လုပ်ကြဖို့ အခွင့်အရေးနဲ့တာဝန် ရလာတဲ့ လူမျိုးဆက် ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးအတွက်အစားအစာတွေ၊သက်မွေးဝမ်းကျောင်းရေး၊သွားလာရေး၊ကုန်သွယ် ရေး၊သက်ရှင်နေထိုင်ရေးတွေအတွက်သာမကဘဲ ကမ္ဘာဂြိုလ်အသက်ရှုဖို့ ပင်လယ်ဟာ အဆုတ်သဖွယ်ဖြစ်ပြီး ကြီးမားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုထည်အဆိပ်တွေကို စုပ်ယူပေးလိုက်တဲ့ နေရာဖြစ်လေတော့ သမုဒ္ဒရာတွေဟာ ကမ္ဘာ့ရာသီဥတုချိန်ညှိ ပေးတဲ့အရေးကြီးတာဝန်ကိုလုပ်ဆောင်ပေးနေတာပါ။

ကုလသမဂ္ဂစစ်တမ်းအရ ပင်လယ်ရေလုပ်ငန်းနဲ့ အသက်မွေး၊ဝမ်းကျောင်းတဲ့ လူဦးရေပေါင်း သန်း ၃ ထောင်လောက်ရှိပါတယ်။

နောက်တစ်ခုက ကမ္ဘာ့ရာသီဥတုကမောက်ကမဖြစ်လာတာကြောင့် ပင်လယ် ရေမျက်နှာပြင်ဟာ ပိုပိုမြင့်တက်လာနေပြီဖြစ်လို့ နိမ့်တဲ့နိုင်ငံတွေ၊ ပင်လယ် ကမ်းရိုးတန်းတိုင်းပြည်တွေဟာ ခြိမ်းခြောက်ခံနေရပြီဖြစ်တယ်။

ပင်လယ်ရေတွေမှာ အက်စစ်ဓါတ်တွေပိုများလာတာကြောင့်ရေသတ္တဝါနဲ့အပင်တွေရဲ့ အစာကွင်းဆက်စနစ်ကိုအန္တရယ်ပေးနေပြီး ပလပ်စတစ်ညစ်ညမ်းမှုကတော့ ပင်လယ် တစ်ပြင်လုံး ပျံ့နေပါပြီ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ တင်ပြချက်အရ တစ်ကမ္ဘာလုံးမှာ စွန့်ပစ် ပလပ်စတစ်တန်ချိန်ပေါင်း နှစ်စဉ် သန်း ၃၀၀ လောက်ရှိနေတာကြောင့် ကမ္ဘာ့လူဦးရေအားလုံးရဲ့ အလေးချိန်ထက်ပိုများနေတဲ့ ပမာဏဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘သမုဒ္ဒရာကြီးအား နည်းလမ်းသစ်များသုံးပြီး ထိန်းသိမ်း စောင့်ရှောက်ရန်’ အဆိုဟာ ကုလသမဂ္ဂရဲ့ (၂၀၂၁၀-၂၀၃၀) အထိ ရာထားတဲ့ ၁၀-နှစ် စီမံကိန်းကိုလိုက်ဖက်စွာ ဦးဆောင်ဆွဲခေါ်နေပါတယ်။ ဒီ ၁၀-နှစ်အတွင်းမှာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၊ သုတေသန ပညာရှင်များ၊ နည်းပညာရှင်များနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ပင်လယ်သမုဒ္ဒရာအရေးကို ကယ်ဆယ် ထိန်းသိမ်းသွားကြဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

စီမံရာထား ၁၀-နှစ်အတောအတွင်းမှာ လက်တွေ့ကျကျအကျိုးဖြစ်ထွန်း အကောင်အထည်ဖော်နိုင်ဖို့ ဆိုင်ရာတာဝန်ယူထားသူများ၊ သက်ဆိုင်ရာကဏ္ဌတွေမှာ စိတ်အားထက်သန်စွာပူးပေါင်း အားထုတ် ကြဖို့ကိုလည်း ကုလ-အတွင်းရေးမှူး Guterres က တိုက်တွန်းလိုက်ရင်း ဒီနှိုးဆော်ချက်ကို ကုလသမဂ္ဂဆိုင်ရာ ပညာရေးဌါနကဒါရိုက်တာချုပ် Audrey Azoulay နဲ့ UNESCO တို့ဆီကိုလည်း သီးသန့်ပေးပို့ထားပါတယ်။

ကုလ-အတွင်းရေးမှူး က ‘သမုဒ္ဒရာနဲ့ပတ်သက်ပြီးမသိသေးတာတွေ တပုံကြီးရှိနေ ပါသေးတယ်။ သူ့အထဲမှာ အများကြီးလေ့လာရအုံးမယ့်လျို့ဝှက်ချက်တွေနဲ့ ပြည့်နေ တာပါ။ စက်မှုနည်းပညာတိုးတက်မှုက အရာရာတိုင်းကိုမဖြေရှင်းနိုင်သလို သမုဒ္ဒရာရဲ့ လျှို့ဝှက်နက်နဲတဲ့ အလှတရားတွေ၊ ခြိမ်းခြောက်ခံနေရတဲ့အနေအထားတွေကိုလည်း ခံစားနားလည်စေမှာမဟုတ်ဘူး ဆိုတာကို လူသားမျိုးနွယ်တို့လက်ခံရပါမယ်။ လူသားတွေရဲ့စိတ်ကူးစိတ်သန်း၊ဆန်းသစ်ပြောင်းလဲလုပ်ဆောင်နိုင်တာတွေ၊ သဘာဝကို မြတ်နိုးထိန်းသိမ်းလိုတဲ့ဆန္ဒတွေအားဖြင့် ပင်လယ်သမုဒ္ဒရာ ရေပြင်ကြီးကို စိုးရိမ်ဖွယ်အခြေအနေထဲက ကယ်ဆယ်ကြဖို့လိုနေပြီ’ လို့လည်းပြောကြားခဲ့ပါတယ်။

Vatican News

မူရင်း- https://www.vaticannews.va/en/world/news/2020-06/world-oceans-day-united-nations-conserve-sustainable.html?fbclid=IwAR3izwA39khsMBFZrl_yvPLb7IPcXmO2_uaIgu7aGkiSMgGfK7O-yIXS8lo

ဘာသာပြန် OSC-CBCM (Myanmar) 

 


2020-06-12 21:15:43
NEWS AND EVENTS