(၁၅၁) နှစ်ပြည့် ဂေဘားအမျိုးသားနေ့ နှင့် TOT သင်တန်း
ဂေဘားလူမျိုးစုတို့ ၏ဖခင် ဦးစော် ကဲ ဒဲလစ် သည် ၁၈၆၈ ခု မတ်လ ၂၃ ရက် နေ့တွင် ဂေဘားလူမျိုးတို့အတွက် စတင် တည်ထောင်ခဲ့၍ ယခု ၂၀၁၉ ခု မတ်လ ၂၃ ရက်နေ့တွင် နှစ် (၁၅၁)နှစ်ပြည့် ဒုတိယအ ကြိမ် ဂေဘားအမျိုးသားနေ့ အထိမ်းအမှတ် နှင့်အတူ ဂေဘားစာပေ သင်ကြားပေးသူ ဆရာ၊ ဆရာမများအတွက် TOTသင်တန်း ကို ၂၀၁၉ ခု မတ်လ ၂၃-၂၉ အထိ လွိုင် ကော်မြို့၊ဒေါဥခူရပ်ကွက်၊ကက်သလစ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအမျိုးသားနေ့တွင် ရဟန်း၊သီ လရှင်များ၊ ဗမာ တိုင်းရင်းသားရေးရာဝန် ကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦး စီးမှူး၊ ကယားစာပေနှင့် ယဉ်ကျေးမှုကော် မတီ၊ ကယောစာပေယဉ်ကျေးမှုကော်မတီ၊ ကယန်းစာပေယဉ်ကျေးမှုကော်မတီ၊ မနုမ နောစာပေယဉ်ကျေးမှုကော်မတီ၊ ယင်းတ လဲစာပေယဉ်ကျေးမှု ကော်မတီ၊ လိပ်သိုမှကိုယ်စားလှယ်(၁၀၀)ကျော်၊ရိုရာအကပဒေသာအဖွဲ့ စုစုပေါင်းလူဦးရေ (၆၀၀) ဦး ပါဝင် ခဲ့ ကြပါသည်။
ထိုအခမ်းအနားတွင် တက္ကသိုလ် ဝင် စာမေးပွဲ အောင်မြင်သော ဂေဘား လူ ငယ် (၂၁) ဦးအား ဂုဏ်ပြုခြင်းမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ရိုးရာအကပဒေသာများ တင်ဆက်ခြင်း၊ စာပေ၊ ရိုးရာဝတ်စုံများခင်းကျင်းပြသခြင်းရှိပါသည်။ TOTသင်တန်းကို ဂေဘားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဂေဘား လူငယ်တို့မှ ပူးပေါင်းပြုလုပ်ကာ သင်တန်း ကြီးကြပ်သူများ ဆရာဦးရိုမားနို၊ ဆရာဦး ဂျော့ဂျော်၊ ဆရာဦးလိုးလို၊ ဆရာမဒေါ်ဘက် နက်ဒက်တာ၊ ဆရာမဒေါ်နီးနီ၊ ဆရာမဒေါ် နုနု၊ ဆရာမဒေါ်ခစ္စတီးနာပေးပေ တို့ဖြစ်ပြီး နည်းပြဆရာ၊ ဆရာမများမှာဆရာမဒေါ်ခစ္စ တီးနာချစ်၊ ဆရာဦးသိန်းဖေ၊ ဆရာဦးဘာ ပွန်း၊ ဆရာမဒေါ်မြတ်ဝင်းလှိုင်၊ ဆရာမဒေါ် မိုးမိုး၊ အထွေထွေ-ဆရာမဒေါ်နှင်းနုထွေး နှင့် ဆရာမဒေါ်အေးကြည်အောင်တို့ ပါဝင် ဦးဆောင်ပေးခဲ့ကြပါသည်။ သင်တန်းတွင် ဆရာ၊ ဆရာမ (၄၄) ဦး ပါဝင်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
ဒက်ဇူးမယ်(I.S.R.)
2019-05-21 02:11:06


.jpeg)









.jpg)


















