လိပ်သိုတိုက်နယ် မိခင်အားနာအသင်း၏ (၆) လပတ်အစည်းအဝေး
တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်လုံးဆိုင်ရာ မိခင်အားနာအသင်း ၏ (၆)လပတ်အစည်းအဝေးကို ဒီဇင်ဘာလ (၉) ရက် တနင်္ဂနွေနေ့တွင် ကက်သလစ် ဓမ္မာ ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ပါဝင်သူ (၆၅)ဦးရှိခဲ့သည်။
၎င်းအစည်းအဝေးတွင် လိပ်သိုတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Daniel အာခိုး မှ အဖွင့်အားပေး အမှာစကားမြွက်ကြားပြီး တာဝန်ခံ Sr. ဘက်နက်ဒက် မြတ်နှင်းနွယ်မှ မိတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုက်နယ်ဥက္ကဌ ဒေါ်မေနွယ်စိုးမှ အစီအစဉ်များပြောကြားကာ၊ အတွင်းရေးမူးဒေါ်လူစီအားဝေမိုးမှ ၂၀၁၈ နှစ် ပတ်လည်အစည်းအဝေး မှတ်တမ်းပြန်လည်ဖတ်ကြားပြီးလုပ်ငန်းတာဝန်ခွဲဝေပေးခဲ့သည်။
ဘဏ္ဍာရေးမှူး ဒေါ်အီစဘဲလာမိုးမှ ငွေစာရင်းရှင်းပြပြီးကျေးရွာ အသီးသီးရှိ ဥက္ကဌ များမှ လိုအပ်ချက်များ၊အကြံပြုချက်များ တင်သွင်းဆွေးနွေးပေးခဲ့ကြပြီး နောက်လာမည့် နှစ်ပတ်လည် အစည်းအဝေးနှင့် ဝတ်စောင့်ပွဲကို ကျောင်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းအတည်ပြုခဲ့ကြသည်။
ဒက်ဇူးမယ် (I.S.R.)
2019-01-22 03:24:20












.jpg)


















