Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့် ကာဒီနယ်အသစ်များက

ရဟန်းမင်းကြီးဘေနဒစ် အရှင်သူမြတ် (ငြိမ်း) ထံ သွားရောက်လည်ပတ်ခြင်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့် ကာဒီနယ်အသစ်များက ဗာတီကန်ဘာစီလီကာမှ ထွက်ခွာပြီးနောက် ဗာတီကန်ဥယျာဉ်ရှိ ရဟန်းမင်းကြီးဘေနဒစ်အရှင်သူမြတ် (ငြိမ်း) သီတင်းသုံးတော်မူရာ “Mater Ecclesiae” ကျောင်းတော်သို့သွားရောက်လည်ပတ် ခဲ့ကြသည်။

ကာဒီနယ်အသစ် (၁၃)ပါးမှာ - ဆရာတော်ကြီးများအစည်းအဝေးဖြစ်မြောက်ရေး အထွေထွေအတွင်းရေးမှူး ဆရာတော်ကြီးမားရီယိုဂရက်ချ်၊ ရဟန္တာတင်မြှောက်ခြင်း ဆိုင်ရာရုံးတော်၏တာဝန်ခံ ဆရာတော်ကြီးမာချဲလိုဆီမီရားရို၊ ရဝန်ဒါနိုင်ငံမှ ကီဂါလီဂိုဏ်းချုပ်ဆရာတော်ကြီးအန်တွိုင်းကမ်ဘန်ဒါ၊ ဝါရှင်တန်ဂိုဏ်းချုပ်ဆရာတော်ကြီး ဝူလ်တန်ဂရေဂေါ်ရီ၊ ဖိလစ်ပိုင်နိုင်ငံမှ ကာပီးစ်ဂိုဏ်းချုပ်ဆရာတော်ကြီးဂျိုးစ်အာဒ်ဗင်းကူလာ၊ ချီလီနိုင်ငံမှ ဆန်တီအားဂိုဂိုဏ်းချုပ်ဆရာတော်ကြီး ဆယ်လက်စ်တီးနိုအာအိုးစ်ဘရာဂို၊ နူမီးဒီးယားနှင့် ကွာလာလမ်ပူရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်သော ဘရူနိုင်းနိုင်ငံမှ ဆရာတော်ကြီး ကော်နေလီဦးဆင်မ်၊ အီတလီနိုင်ငံမှ ဆီအက်နာဂိုဏ်းချုပ်ဆရာတော်ကြီး ဩဂုတ်စတိုပေါင်းလိုလိုယူဒီးချေ၊ အစီစီမြို့မှ စိန်ဖရန်စ္စကိုရသေ့ကျောင်းအုပ်ကြီး မောရိုဂမ်ဘက်တီ၊ မက္ကဆီကိုနိုင်ငံမှ စိန့်ခရစ္စတိုဘယ်ဒေလားစ်ကာဆာစ်ဆရာတော်ကြီး ဖယ်လစ်ပေအာရိဇ်မဲင်းဒီအက်စ်ဂွီးဗယ်လ် (ငြိမ်း)၊ အာဆိုးလိုဂိုဏ်းချုပ်ဆရာတော်ကြီး ဆီလ်ဗားနိုတိုမားဆီ၊ ရဟန်းမင်းကြီးရုံးတော်ရှိဝန်ထမ်းများ၏ဝိညာဉ်လမ်းညွှန်ဖြစ်သူ ကာပူချင်ဘုန်းတော်ကြီး ရာနီအဲရိုကန်တလာမဲဆာနှင့် ရောမမြို့အနီးရှိ ဘုရားချစ်ခြင်း၏ မယ်တော်ဘုရားကျောင်းတာဝန်ခံ မွန်ဆီညော်အဲင်ရီးကိုဖယ်ရိုးချီတို့ဖြစ်သည်။

ဘရူနိုင်းမှ ကာဒီနယ်ဆင်မ်နှင့်ဖိလစ်ပိုင်နိုင်ငံမှ ကာဒီနယ်အာဒ်ဗင်းကူလာတို့သည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသော COVID-19 ဖြစ်ပွားမှုကြောင့် ရောမမြို့၌ သွားရောက်မပါဝင်နိုင်ခဲ့ချေ

Source: Zenit.org

 


2020-11-30 21:08:11
NEWS AND EVENTS