Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ
ထုတ်ပြန်ချက် (အပိုင်း ၁)

    ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သ လစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၊ လူငယ်ကော်မရှင်မှ ကြီးမှူးကျင်းပသော စတုတ္ထ အကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်များညီလာခံကို  “သင်တို့၏ ငယ်ရွယ် နုပျိုခြင်းကို ချစ်မြတ်နိုးပါ” ခေါင်းစဉ်ဖြင့် ရန်ကုန် ဂိုဏ်းချုပ် သာသနာ၊ သန်လျင်မြို့ရှိ စိန့်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    ညီလာခံသို့ မြန်မာနိုင်ငံ ကက်သလစ် သာသနာ (၁၆) ခုမှ လူငယ် ကိုယ်စားလှယ် (၁၆၄)  ဦး၊ လေ့လာသူ (၆) ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ဆရာတော် ၄ ပါး၊ သာသနာ အသီးသီးမှ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး များ အပါအဝင် ဘုန်းတော်ကြီး (၂၄) ပါး၊ စစ္စတာ (၇) ပါး၊ အစီအစဉ်များအတွက် အားဖြည့်ကူညီသူ (၂၈) ဦး နှင့် လုပ်အားပေး (၃၀) ဦး တို့လည်း ပါဝင်ခဲ့ကြပါသည်။
    ညီလာခံအတွင်း လူငယ်များသည် အတူတကွ ဝတ်ပြုဆုတောင်းခြင်း၊  အလင်းပေး လမ်းပြ ပို့ချချက်များအား နာယူသုံးသပ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတွေ့အကြုံ ဝေမျှ ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ညီလာခံ၏ ပထမရက်တွင် “အသင်းတော်အတွက် လူငယ်၊ လူငယ်အတွက် အသင်းတော်” ၊ ဒုတိယရက်တွင် “လူငယ်များ၏ အခြေအနေကို ခွဲခြမ်း စိတ်ဖြာခြင်း” ၊ တတိယရက်တွင် “ကက်သလစ် လူငယ်မောင်မယ်များ၏ အသံများ” စသည့် ဆောင်ပုဒ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။


2019-12-02 05:40:13
NEWS AND EVENTS