Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

Christus Vivit စာချွန်တော်ကို အခြေပြုသော ဆလေးရှင်းလူငယ်များ တွေ့ဆုံမွမ်းမံသင်တန်း

    ဆလေးရှင်းလူငယ် လှုပ်ရှားမှု (SYM) သင်တန်းကို ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ဒွန်ဘော့စကို ရဟန်းဖြစ်သင် ကျောင်း၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြု လုပ်သွားခဲ့သည်။     ၎င်းသင်တန်းသည် တစ် နှစ် တစ်ကြိမ် ပြုလုပ်သော သင်တန်းဖြစ်ပြီး ယခုနှစ်မှာ တတိယကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်သည်။
    ဒွန်ဘော့စကို၏ ဆလေးရှင်း များ (SDB) ဦးစီးဖွင့်လှစ် လှုပ်ရှားနေသော ကျောင်းအသီးသီးမှ လူငယ်များကိုစုရုံးပြီး တစ်ပိုင်တစ်နိုင် သင်တန်း စီစဉ်ပေးခြင်း လည်း ဖြစ်သည်။
    အဆိုပါ သင်တန်းအတွင်း ၌ ပုပ်ရ ဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် နှင့် ဆရာတော်ကြီးများကနေ လူငယ်များ၏ ညီ လာခံတစ်ရပ်ကို ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ ပြီး ထွက်ရှိလာသောစာချွန်တော် ဖြစ်သည့် "လူငယ်များ၊ ယုံကြည်ခြင်းနှင့် ခေါ်တော်မူ ခြင်းဆိုင်ရာ ဆန်းစစ်ခြင်း" ကို သင်တန်း ပထမနေ့၌ လည်းကောင်း၊ ပုပ်ရဟန်းမင်း ကြီး၏ နောက်ဆုံးထွက်ရှိထားသည့် စာချွန် တော် (ChristusVivit) "ခရစ်တော်သည် အသက်ရှင်လျှက် ရှိသည်" ကို ဒုတိယနေ့၌ လည်းကောင်း၊ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာ့ လူငယ်များနေ့ မိန့်ခွန်းစကားနှင့် ဆလေး ရှင်း ဝိဉာဉ်ရေးကျင့်စဉ်ကို တတိယနေ့၌ လည်းကောင်း၊ ဆလေးရှင်းဖာသာရ်များ၊ ဆလေးရှင်းစစ္စတာရ်များမှ အသီးသီး ဝေမျှ ပို့ချခဲ့ကြသည်။
    အဓိကအားဖြင့် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်၏ လူငယ်များအရေးနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည်များကို လူ ငယ်များနှင့် အတူလေ့လာဖတ်ရှုပြီး ခရစ် တော်သည် လူငယ်များ၏ ဘဝအသက်တာ ၌လည်း သက်ဝင်လှုပ်ရှားလာစေရန် သင် တန်းပို့ချခဲ့ခြင်းဖြစ်သည်။
    ထိုသင်တန်း၌ ရန်ကုန် လှိုင်သာ ယာ၊ ကလေးမြို့၊ အနီးစခန်း၊ သီပေါ၊ မန် ပန်၊ စံလောင်း၊ ဒေသအသီးသီးမှ လူငယ် များ စုစုပေါင်း (၁၅၀) ခန့် တက် ရောက် ခဲ့ကြပြီး၊ ဘုန်းတော်ကြီးများနှင့် သီ လရှင် များ အပါး (၂၀) ခန့် တက်ရောက် ပါဝင်ခဲ့ ကြသည်။
သီကိုရှင်း


2019-11-05 04:18:05
NEWS AND EVENTS