Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

၂၀၁၄၊ ၂၀၁၅ ခုနှစ် ရဟန်းသိက္ခာခံယူကြသော ကက်သလစ်ဘုန်းတော်ကြီးများ Ongoing Formation သင်တန်းပြုလုပ်

    ၂၀၁၄၊ ၂၀၁၅ခုနှစ် ရဟန်းသိက္ခာ ခံယူသော ကက်သလစ် ဘုန်းတော်ကြီးများ Ongoing Formation Program ကို အောက်တိုဘာလ (၁၀) ရက်နေ့မှ (၁၇) နေ့ထိ ပုသိမ်၊ မရမ်းချောင်းတွင် ပြုလုပ်ခဲ့ သည်။
    ဤအစီအစဉ် သင်တန်းသည် မြန် မာနိုင်ငံလုံးဆိုင်ရာ၂၀၁၄၊ ၂၀၁၅ ရဟန်း သိက္ခာခံယူသော ကက်သလစ်ဘုန်းတော် ကြီးများစုစုပေါင်း (၁၈)ပါးတက်ရောက်ခဲ့ကြ သည်။ Ecclesiastical Commission for Clergy, ECC, Chairman Bishop Stephen (Bishop of Loikaw), Bishop John  နှင့် ECC members ဖြစ်ကြသော Fr. Henry Ei Klay, Fr. Cyprian Aung Win (Rector of Major Seminary, Yangon), Fr. HagyinusMyintSoe, Fr. Simon Tin Maung, Fr. Vinny (SJ), နှင့် Sr. Ada (SFX) တို့လာရောက်သင်ကြားပို့ချပေးကြသည်။
    သင်ကြားပို့ချခြင်းများတွင် အဓိက ဘာသာရပ်များသည် Psycho Spirituality, ဆုတောင်းခြင်း အသက်တာ၊ မိမိကိုယ်ကို ပြန်လည်စစ်ဆေးခြင်းနှင့် Spiritual Concealing များပါဝင်ပါသည်။
 ဤအစီအစဉ်၏ရည်ရွယ်ချက်သည် လေးငါးနှစ်အတွင်း ဝေးကွာခဲ့သော အတန်း ဖေါ် ရဟန်းသူငယ်ချင်းများနှင့် ပြန်လည် တွေ့ဆုံကာ မိမိတာဝန်ယူ ဆောင်ရွက်နေ သော သာသနာအမှု လယ်ကွင်းတွင်တွေ့ ကြုံခဲ့ရသော အတွေ့အကြုံများ အချင်းချင်း ပြန်လည်ဝေမျှခြင်းနှင့်အတူ ယခုမိမိ၏ရ ဟန်းအသက်တာပြန်လည်စစ်ဆေးပြီးလာမည့်အနာဂတ်ကိုခွန်အားယူခရီးဆက်သွားရန်ဖြစ်ပါသည်။
Mawlamyine – OSC.


2019-10-30 23:20:14
NEWS AND EVENTS