Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စတုတ္ထအကြိမ် မူကြိုဆရာ/မများသင်တန်းပြုလုပ်ခြင်း

ဟားခါးသာသနာ၊ ကရုဏာ-ဟား ခါး(KMSS)၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းမှ ECCD (Early Childhood Care and Development) ဦးဆောင်မှုဖြင့်စတုတ္ထကြိမ် မူကြို ဆရာ/မများသင်တန်းကို ၂၀၁၉ ခုနှစ်၊ သြ ဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ဟားခါးသာသနာ ဆရာတော် ကျောင်းတိုက် အစည်းအဝေးခန်းမ၌ ပြုလုပ် လျက်ရှိပါသည်။
    ယခုနှစ် သင်တန်းသို့ ဟားခါးဇုံ၊ မတူပီဇုံ၊ ရေဇွာဇုံ၊ ဖလမ်းဇုံနှင့်ချောင်းခွဇုံတို့မှ မူကြိုဆရာ/မများ၊ မူကြို ကလေးများကို တာဝန်ယူသူသီလရှင်များစုစုပေါင်း(၄၀)ကျော် တက်ရောက်ကြပါသည်။ “ယခုအကြိမ်ဟာ စတုတ္ထ အကြိမ်မြောက် သင်တန်းပေးပြု လုပ်နိုင်ခြ င်းဖြစ်ပါတယ်။ မူကြိုကလေးများ အတွက်ဆိုရင် မိဘများအတွက် လိုအပ် သော ပို့ချမှုများကို ဦးစားပေးပြုလုပ်လျက်ရှိခဲ့ပါတယ်။ ယခုအပတ်တွင်မူ TOY MAKING လို့ခေါ်တဲ့ ကစားစရာပြုလုပ်နည်း ခေါင်းစဉ်နှင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်ပါသည် ကလေးတွေက ကစားတဲ့နေရာမှာ အသုံးပြု သော ပစ္စည်းကိရိယာများ ပြုလုပ်နည်းဖြစ် တာကြောင့် အလွန်အရေးကြီးပါတယ်” ဟု ECCD Project Officer Anthony Ngun Kung မှ OSC ကိုပြောပြပါသည်။
    ECCD သည် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်း မြို့နယ်နှင့် ကလေးမြို့နယ်များတွင် မူကြို ကျောင်း(၂၅)ကျောင်းကို ပံ့ပိုးနိုင်ခဲ့ပြီးအဆိုပါကျောင်းများမှ မူကြို ဆရာ/မများနှင့် တာဝန်ယူအုပ်ချုပ်သူ သီလရှင်များ အပါအ ဝင် စုစုပေါင်း(၄၀)ကျော်တို့အား သင်တန်း ပေးနေခြင်းဖြစ်ပါသည်။   
    ယခုအပတ် သင်တန်းအတွက် ရန်ကုန်မှ ပညာရှင်များဖြစ်သော Thet Yu Win နှင့် Kim Hau တို့ကိုလည်း သင်တန်းပို့ ချသူအဖြစ် ခေါ်ထားလျက်ရှိကြောင်း ထပ် လောင်း၍ပြောပြပါသည်။
သတင်းပေးသူ-
Norbert Ca Ling OSC


2019-10-20 21:48:17
NEWS AND EVENTS