Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ၏ ပညာရေးကော်မရှင်မှ နှစ်ပတ်လည် ပညာရေး အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သ လစ်ဆရာတော်ကြီးများ၏ ပညာရေးနှစ် ပတ်လည် အစည်းအဝေးကျင်းပပြုလုပ်ခြင်း ကိုရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော် ကျောင်းတိုက် အမှတ် (၂၈၉)၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ် ရန်ကုန်တွင် ၂၀၁၉ ခု နှစ် သြဂုတ်လ (၂၈) ရက်မှ (၂၉)ရက်နေ့ အထိ (၂)ရက်တာ အစည်းအဝေးကို ပြုလုပ် ခဲ့ပါသည်။
    အစည်းအဝေးတွင် ဖိတ်ကြားထား သော သာသနာအသီးသီးမှ ပညာရေး တာဝန်ခံ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ် ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားသည့် သာသနာအချို့မှ ကိုယ်စားလှယ် တော်များနှင့် မိတ်ဖက်အဖွဲ့အစည်း တာဝန် ခံများ တက်ရောက်ခဲ့ကြပါသည်။
    ထို (၂)ရက်တာ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ သာသနာ အသီးသီးမှ ကက်သလစ်ပညာ ရေးလုပ်ငန်းများ အ ကောင်အထည်ဖော် ဆောင်ရွက်နေခြင်းမှ ကြုံတွေ့ရင်ဆိုင်နေရသော အခက်ခဲများ၊ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် အခွင့် အလမ်းများကို တင်ပြခြင်းအပြင် အစည်း အဝေး တက်ရောက်သူများမှ အချင်းချင်း မိမိတို့၏ အတွေ့အကြုံများ၊ စိတ်ကူး အကြံ ဉာဏ်များကို အပြန်အလှန်ဝေငှ ပြောဆို ခြင်းဖြင့် အစည်းအဝေးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပါသည်။
    ၎င်း အစည်းအဝေးတွင် ပညာရေး နှင့် ပတ်သက်ပြီး ရှေ့ဆက် လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များကိုလုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ ကြပါသည်။


2019-10-20 21:31:57
NEWS AND EVENTS