Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာကော်မရှင် NCYC နှင့်
ရန်ကုန်ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာ ပူးပေါင်း၍ ဝတ်စောင့်

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သ လစ်လူငယ်ရေးရာကော်မရှင် NCYC နှင့် ရန်ကုန်ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာ ကော်မရှင်တို့ပူး ပေါင်း ကျင်းပပြုလုပ်ခဲ့သော လစဉ်လူငယ် ဝတ်စောင့်ခြင်း (Monthly Youth Recollection) အစီအစဉ်ကို သြဂုတ်လ ၂၅ရက် စနေနေ့တွင် ရန်ကုန်မြို့ St. Gabriel's Catholic Church တွင် ကျင်းပခဲ့ပါသည်။
    ဝတ်စောင့်ခြင်းတွင် ရန်ကုန်ဂိုဏ်း ချုပ်သာသနာ သာသနာစီရင်စု ၁၇ ခုမှ လူငယ် ၁၃၁ ဦး သာသနာ အသီးသီးမှ ရန်ကုန်မြို့တွင် ရောက်ရှိနေကြသော လူ ငယ် ၃၂ ဦး စုစုပေါင်းလူငယ် ၁၆၃ ဦး တက်ရောက်ခဲ့ပါသည်။
                     ဝတ်စောင့်ခြင်းအစီအစဉ် ဖြစ်မြောက်စေ ရေးအတွက် နေ့လည်စာ၊ အဆာပြေနှင့် အခြားသော လိုအပ်သည့်အရာများ ပံ့ပိုး ကူညီပေးခဲ့သော St. Gabriel's Catholic Church ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Matthias Aung Kyaw နှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဝတ်စောင့် ခြင်းကိုဦးဆောင်ပေးပါသော ဘားအံဂိုဏ်း အုပ်သာသနာ လူငယ်တာဝန်ခံဘုန်းတော် ကြီး Fr. Anselm Nay Zaw Oo၊ St. Gabriel သာသနာလူငယ်အဖွဲ့နှင့် ဝတ်စောင့်ခြင်း သို့လာရောက်ကြသော လူငယ်များအား လုံးကို ဘုရားသခင်၏ ကျေးဇူးတော်သက် ရောက်ပါစေကြောင်း ရန်ကုန်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေး ရာ ကော်မရှင်က ကျေးဇူးတင်စကား ပြော ကြားခဲ့သည်။
            YACYC


2018-11-12 03:36:23
NEWS AND EVENTS