Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဆရာတော်ကြီး အာဗြံဟမ်သန်း ၏ ၉၂ ပြည့် မွေးနေ့

    ကျိုင်းတုံကက်သလစ်သာသနာ ဆရာတော် (ငြိမ်း) အေသန်း၏ သက်တော် ၉၂ နှစ်ပြည့် (၉၃ ကြိမ်မြောက်) မွေးနေ့၊ ရဟန်းဝါတော် ၆၂ ဝါနှင့် ဆရာတော်ဘိသိဂ် မင်္ဂလာ နှစ် (၅၀) ပြည့် ရွှေရတုဂျူဘီလီပွဲ တော်ကို စက်တင်ဘာလ ၂၁ ရက်နေ့ နံ နက် ၆:၃၀ အချိန်တွင် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းခြင်း မစ္ဆားတရာတော် မြတ်ကို ဆရာတော် အေသန်းနှင့်အတူ ရ ဟန်းတော်များ၊ ဘာသာတူများမှ ပါဝင်ပူ ဇော် ဆုတောင်းပေးခဲ့ကြသည်၊၊
    ဆရာတော်ကြီးသည် ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မွေးဖွါးခဲ့ သည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ပြီး ဒီဇင် ဘာလ ၁၉ ရက် ၁၉၆၈ ခုနှစ်တွင် ကျိုင်းတုံ သာသနာ၏ လက်ထောက် ဆရာတော် အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၆၉ ခု မေလ ၁၁ ရက်နေ့တွင် ဆရာ တော်သိက္ခာခံယူခဲ့သည်။   ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ တွင် ကျိုင်းတုံသာသနာ၏ ဂိုဏ်းအုပ် ဆရာ တော်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်၊ သက်တော် ရ၄ နှစ်တွင် ကျိုင်းတုံသာသနာ၏ ဂိုဏ်း အုပ် ဆရာတော် အဖြစ်မှ အနားယူခဲ့သည်။
    ဆရာတော်ကြီးသည် ကာဒီနယ် ချားလ်စ်ဘို အပါအဝင် မြန်မာနိုင်ငံ ရှိ ဆရာ တော် ရ ပါးအား တွဲဖက် သိက္ခာတင် ပေး ခဲ့သည့် ဆရာတော်ဖြစ်သည်။
    ကျေးဇူးရှင် အဖ ဆရာတော်ဘုရား သက်တော်ရာကျော် ရှည်ပါစေ၊၊
KTG & CBCM - OSC


2019-10-04 00:21:17
NEWS AND EVENTS