Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

နှုတ်ကပတ်တော်ဆောင်သိက္ခာနှင့်ယဇ်ပလ္လင်အမှုဆောင်သိက္ခာငယ် ခံယူခြင်းမစ္ဆားတရား

    နှုတ်ကပတ်တော်ဆောင် သိက္ခာ နှင့် ယဇ်ပလ္လင်အမှုဆောင်သိက္ခာငယ် ခံယူ ခြင်းမစ္ဆားတရားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ်၊ ရန်ကုန်၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့ ညနေ (၅းဝဝ)နာရီက ကျင်းပခဲ့ပါသည်။
    မစ္ဆားတရားတော်အား ဘားအံ ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဂျက် စတင်းစောမင်းသိုက်မှ ဦးဆောင်ခဲ့ပါသည်။
      နှုတ်ကပတ်တော်ဆောင်သိက္ခာခံယူ သူ (၂၅) ပါး၊ ယဇ်ပလ္လင်အမှုဆောင်သိက္ခာခံ ယူသူ(၂၅)ပါးတို့အား ဆရာတော်ကြီး ဂျက် စတင်းစောမင်းသိုက်မှ သိက္ခာ အသီးသီး အားပေးအပ်ခဲ့ပါသည်။
  နှုတ်ကပတ်တော်ဆောင်သိက္ခာကို ခံယူခဲ့သည့် ကိုရင်များသည် ဝတ်ပြုကိုး ကွယ်ခြင်းအမှု၌ နှုတ်ကပတ်တော်ကျမ်းစာကိုဖတ်ကြားခြင်း၊ ဝမ်းမြောက်ဖွယ်ရာသ တင်းများကို ဟောကြားခြင်းနှင့် ယုံကြည် ခြင်း၌ သွန်သင်နှိုးဆော်ခြင်း စသည့်တာဝန် များကို ထမ်းဆောင်ကြရပါသည်။
        ယဇ်ပလ္လင်အမှုတော်ဆောင်သိက္ခာ ကို ခံယူကြသည့် ကိုရင်များသည် ဝတ်ပြု ကိုးကွယ်ခြင်း အခမ်းအနားများ၊ အထူးသ ဖြင့် မစ္ဆားယဇ်ပူဇော်ခြင်းအမှုတို့၌ ဦးပဥ္စင်း နှင့် ရဟန်းတို့အားကူညီပေးခြင်း၊ လိုအပ်သ လို ကို်ယ်တော်မြတ်ပေးဝေခြင်း၊ဘာသာတူများ ကိုယ်တော်မြတ်ကို ဖူးမျှော်နိုင်ရန် ကိုယ်တော်မြတ် ဗိမာန်တော်မှာ ပင့်ဆောင် ပေးခြင်းနှင့်ပြန်လည်ပို့ဆောင်ပေးခြင်း၊ဝတ် ပြုကိုးကွယ်ခြင်း အခမ်းအနားများအတွက် တရားထောက်များအား လေ့ကျင့်သင်ကြား ပေးခြင်းနှင့် ဆင်းရဲသားများ၊ မကျန်းမာ သော ဘာသာဝင်များအား ချစ်ခြင်းမေတ္တာ ဖြင့် စောင့်ရှောက်ပေးခြင်း၊ စသည့်တာဝန်များကိုဆောင်ရွက်ကြရပါသည်ဟု သိရှိရပါ သည်။
Photos & News- Pinky


2019-10-03 23:55:06
NEWS AND EVENTS