Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကျိုင်းတုံသာသနာ မိုင်းဖြတ် သာသနာအုပ်စုသို့ ဂိုဏ်းအုပ်ဆရာတော်ကြွရောက်

    ၂၀၁၉ ခု သြဂုတ်လ ၁၈ ရက်နေ့သည် မိုင်းဖြတ် ကက်သလစ်သာသနာအုပ်စုရှိ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော မယ်တော်သခင်မ၏ ဘုရားကျောင်း ပွဲဖြစ်သည်၊၊ ယင်းပွဲနေ့နှင့်အတူ  မိဘများပွဲနေ့၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်သူများအား ဂုဏ်ပြုခြင်းနှင့် မုခ်ဦးဖွင့်ပွဲ စသည်တို့နှင့် တွဲလျက် ကျင်းပရာတွင် ခရစ္စမားအားပေးခြင်းခံ ယူခြင်းပွဲလည်း ပါဝင်ခဲ့သည်၊၊
    မုခ်ဦးကို နံနက် ၇:၁၅ နာရီတွင် ဆရာတော်ပီတာလွီးစ်ကျာခူမှ ဆုတောင်းမေတ္တာ ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မစ္ဆားတရားတော်မြတ်ကို နံနက် ၈ နာရီတွင် အစပြုခဲ့သည်၊၊ မစ္ဆားတရားတော်မြတ်ကို ဆရာတော်ဘုရားမှ ဦးဆောင်ကာ ဘုန်းတော်ကြီး သုံးပါးနှင့်အတူ ဟောကြားပေးခဲ့သည်၊၊ ခရစ္စမားအားပေးခြင်း ခံယူသူပေါင်း ၁၆၀ ဦးရှိခဲ့သည်၊၊ မစ္ဆားတရား အပြီးတွင် ဆယ်တန်းအောင်သူများအားဂုဏ်ပြုခြင်းနှင့် သက်ကြီးရွယ်အိုတို့အား ကျေးဇူးတင် ဂုဏ်ပြုခြင်းကို ဆက်လက်ကျင်းပခဲ့သည်၊၊
Keng Tung - OSC


2019-09-11 01:35:33
NEWS AND EVENTS