Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
ရန်ကုန် ဂိုဏ်းချုပ်သာသနာ မိဘများပွဲနေ့အကြို ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ
    ရန်ကုန်ဂိုဏ်းချူပ်သာသနာ၊ သာ သနာပြုကလေးသူငယ်များ၏ မိဘများပွဲ နေ့ အကြို ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ဇူ လိုင်လ ၁၉ ရက်နေ့၌  စိန်ထရေဇား ဘုရား ကျောင်း (အလုံ) တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
    ပန်းချီနှင့်စာစီ စာကုံးပြိုင်ပွဲကို ပ ထမဦးစွာ ကျောင်းထိုင် ဘုန်းတော်ကြီး Fr. David Thakhu ၏ အဖွင့် ဆုတောင်း ခြင်းဖြင့် စတင်ခဲ့သည်။ ပြိုင်ပွဲကို သာသနာ ၂၂ ခုမှ  ကလေးသူငယ် ၅၉ ဦးပါဝင်ယှဉ် ပြိုင်ခဲ့သည်။
    ၎င်း (၅၅) ဦးတွင် ပန်းချီ (၁၇) ဦးနှင့် စာစီစာကုံး ၄၂ ဦးတို့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် တွင် ဖြေဆိုခြင်းများ ခေတ္တရပ်နား၍ Fr. David Thakhu မှဦးဆောင်၍ ကျဆုံးလေ ပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား အလေးပြုခြင်းနှင့် မြန်မာပြည်ငြိမ်း ချမ်း ရေးအတွက် ဆုတောင်းပေးခဲ့သည်။
    ပြိုင်ပွဲဆုရရှိသူများ စာရင်းကို ဇူ လိုင်လ (၂၆) ရက်နေ့ ည (၁၂)နာရီအချိန် တွင် ကြေငြာပေးခဲ့ပါသည်။ ပြိုင်ပွဲတွင် စာစီ စာကုံးအထက်တန်းဆင့် ဆုရရှိသူများမှာ Rose ခိုင်မြဲသူ (သန့်ရှင်းသောအိမ်ထောင်စု ဘုရားကျောင်း၊ဖိုးကံပေး) မှ ပထမ၊ Phiolomina အိသဇင်သွယ် (မင်းပညာရှိသုံးပါး ဘုရား ကျောင်း၊ ခဝဲခြံ) မှ ဒုတိယ နှင့် Veronica မြတ်ဖူးပွင့်ထူး (စိန်မေရီကသီဒြယ်)မှ တတိယဆု အသီးသီး ရရှိခဲ့သည်။
    စာစီစာ ကုံးပြိုင်ပွဲ အလယ်တန်း အဆင့် ဆုရရှိသူများမှာ Faustina ခိုင်စုဝေ (စိန်ဂေးဗြဲလ် ဘုရားကျောင်း၊ မြောက်ဥက္က လာ)မှ ပထမဆု၊ Maria ရည်မွန်အေး (ဖာ တီမာဘုရားကျောင်း၊ မြေနီကုန်း)မှ ဒုတိယ နှင့် ခရစ္စတီးနားစမ်းသော်တာငြိမ်း (မင်္ဂ လာဒုံ) မှ တတိယဆု တို့ရရှိခဲ့သည်။
    ဆက်လက်ပြီး မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုကို ဂျွန်တူးတူး (စိန်ဂေးဗြဲလ် ဘုရားကျောင်း၊ မြောက်ဥက္က လာ)၊ ဒုတိယဆုကို ပီတာမင်းချစ်အောင် (စိန်ပီတာနှင့် စိန်ပေါလ်ဘုရားကျောင်း (အင်းစိန်)နှင့် တတိယဆုကို ချမ်းမြေ့နေ ခြည် (သန့်ရှင်းသော ကလေးသူငယ်များ ဘုရားကျောင်း (တောင်ဒဂုံ) တို့မှ ရရှိခဲ့ပါ သည်။
Pyone Pyone Aung
2019-08-19 03:21:07
NEWS AND EVENTS