Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စီဘီစီအမ် မိသားစု မိဘများပွဲနေ့ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သ လစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် မိဘများ ပွဲနေ့ အခမ်းအနားကို ဇူလိုင်လ (၂၉) ရက် တနင်္လာနေ့တွင် ၂၉၂ (က) ပြည်လမ်း စမ်းချောင်းရှိ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကက် သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်တွင် ကျင်းပ ခဲ့ပါသည်။
ပွဲတော်ကို ဆရာတော်ကြီးများ အ ဖွဲ့ချုပ် ကော်မရှင်များနှင့် ရုံးတော်များမှ တာ ဝန်ခံရဟန်းတော် များနှင့် ရုံးဝန်ထမ်းများ၊ ကရုဏာမြန်မာမှ ဝန်ထမ်းများနှင့် ကျောင်း ဝင်းအတွင်း တာဝန်ထမ်းဆောင် နေကြ သော ဘရာသာရ်၊ စစ္စတာများ နှင့် ကူညီ လုပ်ဆောင်နေကြသူများ အားလုံး တစ်ရာ ကျော်ခန့် စုပေါင်း ပါဝင်ခဲ့ကြသည်။
အခမ်းအနား၏ ဗဟိုဖြစ်သော မစ္ဆား တရားတော် မြတ်ကို ရန်ကုန်ဂိုဏ်းချုပ် သာသနာ၏ လက်ထောက် ဆရာတော် ဂျွန်စောယောဟန်မှ ဦးဆောင် ပူဇော်ခဲ့ပါ သည်။ ဆရာတော်နှင့်အတူ ဆရာတော် ကြီးများ အဖွဲ့ချုပ်လက်အောက်ရှိ ကော် မရှင် အသီးသီးမှ ဘုန်းတော်ကြီးများလည်း ပါဝင် ပူဇော်ခဲ့ကြပါသည်။
သြဝါဒတရားကို စီဘီစီအမ်၏ အ မှူဆောင်အတွင်းရေးမှူး ဖာသာရ် ပီတာ စိန်လှိုင်ဦးမှ ဟောကြားခဲ့ပါသည်။ ဖာသာရ် ပီတာမှ မိဘဟူသည် မိသားစုနှင့် ခွဲထား၍ မရကြောင်း မိသားစုကို အင်္ဂလိပ်စကားဖြင့် FAMILY ဖြစ်သည်။ ထိုစာလုံးကို အရှည် ရေးပါက Father And Mother I Love You! (ဖေဖေနှင့် မေမေ သင်တို့ကို ကျွန်ုပ် ချစ်ပါသည်)။ ဆက်လက်ပြီး မိသားစုတွင် မိဘတို့၏ အရေးပါမှုကို အကျယ်တဝင့် ဟောကြားပြီး ကျေးဇူးသိတတ်ကြရန် နှိုး ဆော်ခဲ့သည်။
မစ္ဆားတရားတော်မြတ် အပြီးတွင် ဂုဏ်ပြု နှုတ်ဆက်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင် ဒု ဥက္ကဌ ကိုမီနူးမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ကာ ဦးဆောင်ခဲ့ပါသည်။ အခမ်း အနားတွင် ဆရာတော် ဂျွန်စောယောဟန် နှင့် ဘုန်းတော်ကြီးများအား စီဘီစီအမ် ကော်မရှင် အသီးသီးမှ ဂုဏ်ပြု တေးသီချင်း များဖြင့် သီဆိုနှုတ်ဆက်ခြင်း၊ လက် ဆောင် ပစ္စည်း ပေးအပ်ခြင်းတို့ ပြုလုပ် ခဲ့ပါသည်။
ဆရာတော် ဂျွန် စောယောဟန်မှ ကောင်းကင်ဘုံ၌ မေတ္တာကို အခြေခံကာ ဆရာတော်ကြီးများ အဖွဲ့ချုပ်လက်အောက် ရှိ ရုံးတော်အသီးသီးတွင် တာဝန်ထမ်း ဆောင်နေကြရင်း ညီအစ်ကို မောင်နှမ စိတ် မွေးမြူကြရန်မှာကြားခဲ့သည်။ အန်ကယ် ဦး မြင့်မောင်မှ ယခုကဲ့သို့ အတူတကွ ပျော် ရွှင်စွာ ကျင်းပနိုင်သည်အတွက် စီစဉ်သူများ နှင့် တက်ရောက်လာသူများအား ကျေးဇူး တင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး အထူးပြင်ဆင် ထားသော နေ့လည်စာ သုံးဆောင်ကြရင်း တေးသီချင်းများကို မိသားစု အသွင် စိတ် ကြိုက် သီဆိုဖျော်ဖြေခြင်းဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါသည်။
CBCM-OSC


2019-07-31 19:59:47
NEWS AND EVENTS