Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်၏ ကမ္ဘာတစ်ဝှမ်းအတွက် ပါစကားပွဲတော် မင်္ဂလာ သတင်းစကား

    ကမ္ဘာ တဝှမ်းလုံး အတွက် ပေးပို့ သော ပါစကား မင်္ဂလာ သတင်းစကားတွင် ပုပ်ရဟန်းမင်းကြိး ဖရန်စစ်က ရှင်ပြန်ထ မြောက်တော်မူသော သခင်ခရစ်တော်၏ အလင်းရောင်သည် ကမ္ဘာတဝှမ်း မှ ပဠိပက္ခ ၏ အမှောင်ထုအတွင်း ထွန်းလင်းပါစေ ကြောင်း ဆုတောင်းခဲ့သည်။ အထူးသဖြင့် ဆီးရီးယား၊ ယီမင်၊ အစ္စရေးနှင့် ပါလက်စ တိုင်း၊ လစ်ဗျား၊ ဗာကီနာ ဖာဆို၊  မာလီ၊ နိုင်ဂျီးရီး ယား၊ နီဂါ၊  နီကာရာဂွာ၊ ကင်မရွန်း၊ ဆူဒန်၊ တောင် ဆူဒန်၊ ဗင်နီဇွဲးလား၊ အရှေပိုင်း ယူကရိန်း၊ နီကာရွာဂါ တို့အတွက် အထူး ဆုတောင်းခဲ့သည်။
    "ခရစ်တော်သည် အသက်ရှင် လျက် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ မျှော်လင့် ခြင်းဖြစ်တော်မူသည်။ နုပျိုလန်းဆန်းခြင်းကို ခရစ်တော် အရှင်သည် လောက ကမ္ဘာ အတွက် ဆန်းကြယ်စွာ ပေးတော်မူသည်။ ကိုယ်တော်ရှင် တို့ထိသမျှတို့သည် နုပျို လာကြသည်၊ အသစ်ဖြစ်လာသည်၊ ပြည့်ဝ သောအသက်ရှင်ခြင်း ဖြစ်လာသည်။"
ကမ္ဘာတဝှမ်းလုံးအတွက် ပေးသော ပါစကား သတင်း စကားတွင် စိန်ပီတာရင်ပြင်၌ စုရုံး နေကြသော လူအုပ်ကြီးရှေ့မောက်တွင် ပုပ် ရဟန်းမင်းကြီးက ပါစကား အာရုဏ်ဦးသည် ကက်သလစ် အသင်းတော် နှင့် လူသားထု ၏ ထာဝရ နုပျို ခြင်း၏ သက်သေဟု မိန့် ဆိုခဲ့သည်။
    ပါစကားပွဲတော်ဆိုသည်မှာ ကမ္ဘာ သစ်တစ်ခု စတင်ခြင်း၊ သေခြင်းနှင့် အပြစ်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ခြင်း၊ လော ကကမ္ဘာသည် အဆုံးတွင် ချစ်ခြင်း၊ ငြိမ်း ချမ်းနှင့် ညီအစ်ကိုစိတ်ထားတို့ ဖြင့် ပြည့်ဝ သော ဘုရားသခင်၏ နိုင်ငံတော်အား ဝင်ခွင့်ပြုခြင်းပင် ဖြစ်သည်။
    ခရစ်တော်သည် ဒုက္ခ အခက်အခဲ ကြုံနေရသူများ နှင့် ဝမ်းနည်း ကြေကွဲသူ များကို မည်သည့် အခါမျှ စွန့်ပစ် တော်မမူပါ။
    ဆက်လက်၍ ပုပ် ရဟန်းမင်းကြီး က ဆုတောင်းပေးရမည့် နိုင်ငံများကို ပြော ပြခဲ့သည်။
> အရှေ့အလယ်ပိုင်း ဒေသတွင် ဒုက္ခ များကြား ရုန်းကန်ရှင်သန်ပြီး မိမိ ယုံ ကြည်ခြင်းကို သက်သေခံနေကြရသော ခရစ်ယာန်များ ရှင်ပြန် ထမြောက်တော်မူ သော ခရစ်တော်၏ ဘုန်းတခိုးကျေးဇူး တော်များ ခံစားကြရစေဖို့၊
> ခရစ်တော်၏ ရှင်ပြန်ခြင်းကို မျှော်လင့် နေကြသော အရှေ့အလယ်ပိုင်းမှ ခရစ် ယာန်များ အထူးသဖြင့် ဆီးရီးယားတွင် အဆက် မပြတ် ဖြစ်နေသော ပဠိပက္ခများ ကြောင့် အတိဒုက္ခ ရောက်နေသူများ၊ ဂျော် ဒန် နှင့် လစ်ဘနွန် နိုင်ငံများ တွင် ခို လှုံနေကြသော ဒုက္ခသည်များ နေရပ် ပြန် နိုင်ရေး၊ လူအများ မျှော်လင့်နေသော လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှ တခြင်း ဖေါ်ဆောင်ရေး နိုင်ငံရေး ပြဿ နားများအား နိုင်ငံရေး ဖြင့်သာ ဖြေရှင်း နိုင်ရေးတို့ကို ဆော်သြရင်း နိုင်ငံ ခေါင်း ဆောင်များ အတူးသဖြင့် အစ္စရေးနှင့်ပါ လက်စတိုင်း တို့အတွက် ဆုတောင်းပေး ခဲ့သည်။
> အာဖရိကတိုက် တွင်းရှိ နိုင်ငံများ အတွက် ဆက်လက် ဆုတောင်းပေး ခဲ့ သည်။ လစ်ဗျား၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆီု၊တောင်ဆူဒန်၊ ဆူဒန် နိုင်ငံများတွင် မတူညီမှုများကို အင် အားသုံး ဖြေရှင်းသည်ထက် ဆွေးနွေးခြင်း ဖြင့် အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။
> အရှေ့ယူကရိန်း ဒေသတွင် ရေရှည် တည်သော ငြိမ်းချမ်းရေးကို ဖေါ်ဆောင် ကြရန် ဆုဆောင်းပေးခဲ့သည်။
> အမေရိကတိုက် နိုင်ငံများအတွက် ဆုတောင်းရာတွင်  နိုင်ငံရေး၊ စီးပွါးရေး အခက် ကြုံနေရသော သူများအား အထူး သတိရ ခဲ့သည်။ ဗင်နီဇွဲးလား နှင့် နီကာ ရာဂွာ နိုင်ငံတို့ အတွက် အထူး ဆုတောင်း ခဲ့သည်။
> စစ်လက်နက်များ ရောင်းဝယ်ခြင်းများ၊ အပြိုင်အဆိုင် လက်နက် တပ်ဆင်ခြင်း များကိုရပ်တန့်ကြပြီး ကျွန်ုပ်တို့အားပေါင်း ကူး တံတား တည်ဆောက်သူများသာ ဖြစ်စေလျက် တံတိုင်း ဆောက်သူများ မဖြစ်ပါစေနှင့်ဟု ဆုတောင်းခဲ့သည်။
    ရှင်ပြန်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားများအား အခွင့်အ ရေးကင်းမဲ့သူများ၊ အားငယ်သူများ၊ ဆင်း ရဲသားများ၊ အလုပ်အကိုင်မရှိသူများ၊ အ ပယ်ခံများနှင့် အစားအစာအတွက်သော် လည်းကောင်း၊ ခိုလှုံရာအတွက် လည်း ကောင်း၊ လူ့ဂုဏ်သိက္ခာအတွက် လည်း ကောင်း ကျွန်ုပ်တို့၏ တံခါးများအား လာ ရောက်ခေါက်သူများ တို့အတွက် ကျွန်ုပ် တို့ နှလုံးသားတံခါးကို ဖွင့်ပေးတော်မူ ပါစေ။
    ခရစ်တော်သည် အသက်ရှင်တော်မူ သည်။ ကိုယ်တော်၌ ကျွန်ုပ်တိုသည် အသစ် ပြုပြင်ခြင်း ခံရပါစေသော်။
    "ပျော်ရွှင်ဘွယ်ရာ အီစတာ ဖြစ်ပါစေ"
Ref: Vatican News


2019-05-06 03:24:59
NEWS AND EVENTS