Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မန္တလေး ဂိုဏ်းချုပ်သာသနာအတွက် ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း အား
ဂိုဏ်းချုပ်ဆရာတော် အဖြစ်ရွေးချယ် ခန့်အပ်

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် မြန်မာနိုင်ငံ မန္တလေး ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ် ဆရာတော် နီကောလပ် မန်ထန်း၏ သက်ပြည့်အနားယူခွင့် လျှောက်ထားခြင်းကို လက်ခံကာ အနားယူခွင့် ပြုခဲ့ပြီး မန္တလေး ဂိုဏ်းချုပ် သာသနာ၏ ဘုန်းတော်ကြီးများထဲမှ ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း အား မန္တလေး ဂိုဏ်းချုပ်ဆရာတော်အဖြစ် ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက် ကြာသာပတေးနေ့တွင် ခန့်အပ်ခဲ့ပါသည်။
ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း သည် ရွေဘိုမြို့နယ် မုံလှ ကျေးရွာ၌ ၁၉၆၀ ခုနှစ်တွင်မွေးဖွားခဲ့သည်။ ရဟန်းဖြစ်သင်တန်းနှင့် ဓမ္မသင်္ဂြုံလ် ပညာရပ်များကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ကက်သလစ် ဓမ္မတက္ကသိုလ်တွင် ဆည်းပူးခဲ့သည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့ပြီး၊ ရောမမြို့ Urbaniana ဓမ္မတက္ကသိုလ်မှ ဒသာနိကဗေဒ ဘာသာရပ်တွင် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
ဘုန်းတော်ကြီး မားရ်ကို တင်ဝင်း ထမ်းဆောင်ခဲ့သော တာဝန်များမှာ -
- ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ မန်းလေးသာသနာ၏ စိန်အလွိုက်ရှစ် အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
- ၁၉၉၀ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပြင်ဦးလွင်မြို့ရှိ နိုင်ငံလုံးဆိုင်ရာ စိန့်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ်တွင် စာချ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ Ubaniana တက္ကသိုလ် (အီတလီနိုင်ငံ) တွင် ဒဿနိကဗေဒ ဘာ သာရပ်ကို လေ့လာဆည်းပူးခဲ့ပြီး ပါရဂူ ဘွဲ့ရရှိခဲ့သည်။
- ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဘာသာတရား အချင်းချင်း ဆွေးနွေးဖလှယ်ခြင်း (Inter-religious dialogue) လုပ်ငန်းအတွက် မန္တလေးသာသနာဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မန္တလေးမြို့ရှိ စိန်သောမတ်စ် အကြိုရဟန်းဖြစ်တက္ကသိုလ်တွင် ကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မန္တလေးသာသနာ၏ ဘဏ္ဍာထိန်းတာဝန် (Treasurer) ထမ်းဆောင်ခဲ့သည်။
- ၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ ခရစ်ယာန်တို့အား မှိုင်းမတော်မူသော သခင်မဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်း တော်ကြီးအဖြစ် တ၀န်ထမ်းဆောင်ခဲ့သည်။
- ၂၀၁၀ ခုနှစ် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ရုံး (CBCM) ၏ အမှုဆောင် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။
- ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆရာတော်ကြီးကျောင်းထိုင်ဘုရားကျာင်း (Cathedral) ၏ သိုးထိန်းတာဝန်ခံ (Rector) အဖြစ် ထမ်းဆောင်ခဲ့သည်။
- ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိတွင်မူ မန္တလေးသာသနာ၏ ဆရာတော်ကိုယ်စားလှယ် (Vicar General)၊ St. Joseph ရဟန်းဖြစ်တက္ကသိုလ် (ပြင်ဦးလွင်) ၏ စာချပုဂ္ဂိုလ်နှင့် ခရစ်ယာန် ကမ္မဌါန်း စင်တာ (Christian Meditation Center) ၏ တာဝန်ခံ စသည့်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
Ref: Vatican Media; Henry Brang Mai Lazing, FB


2019-05-06 03:22:31
NEWS AND EVENTS