Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြောင်းမြ ကက်သလစ် ဓမ္မသင်တန်းကျောင်း အပတ်​စဉ်​ ၄၃ ဓမ္မဆရာ/မ သင်​တန်းဆင်းပွဲ

 ပုသိမ်​ ဂိုဏ်းအုပ်​သာသနာပိုင်​ ​မြောင်း မြသာသနာ၊ ​မြောင်းမြမြို့တွင်​ တည်​ရှိ​သော မြန်​မာနိုင်​ငံလုံး ဆိုင်​ရာ ကက်​သလစ်​ ဓမ္မ ဆရာ/မ​ သင်​တန်း​ကျောင်းဆင်းပွဲကို ၂၀၁၉ ခုနစ်​ မတ်​လ၁၆ ရက်​​နေ့တွင်​ ​ရွှေနှလုံး​တော်​ ဘုရား​ကျောင်း၌ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပခဲ့ပါသည်​။
    ဤသင်​တန်း ဆင်းပွဲတွင်​ အဖ ဆရာ​တော်​ ဂျွန်​မန်းဆိန်းဟှီ မှ  မတ်​လ ၁၆ ရက်​​နေ့ နံနက်​ ၆ နာရီတွင်​ မစ္ဆားတရားဖြင့်​ ဦး​ဆောင်​ပြီး သြဝါဒ အပြီးတွင်​ သင်​တန်း ဆင်း ဓမ္မဆရာ၊ ဆရာမများ ၄၃ ဦးကို သင်​တန်းဆင်းလက်​မှတ်​​ ပေးအပ်​ခဲ့ပါသည်​။
    သင်​တန်းဆင်းသွားကြ​သော ဓမ္မ ဆရာ၊မများ၄၃ ဦးသည်​ မြန်​မာနိုင်​ငံ သာသနာအသီးသီးမှ တိုင်းရင်းသားများဖြစ်​ပါသည်​။  ဓမ္မဆရာ၊မ များဖြစ်​လိုပါက ဤဓမ္မ သင်​တန်း​ကျောင်းတွင်​ ၂ နှစ်​တာ ဘာသာ​ရေးနှင့်​ဆိုင်​​သော ဘာသာရပ်​များကို ဆည်း ပူး ရပါသည်​။ ''ကမ္ဘာအရပ်​ရပ်​သို့ သွား၍ ဧဝံဂလိ တရား​တော်​ကို ​ဟော​ပြောကြ​လော့'' ဆိုသည့်​အတိုင်း သင်​တန်းဆင်း သွားကြ​သော ဤ ဓမ္မဆရာ၊ ဆရာမ များတို့သည်​ ခရစ်​​တော်​ရဲ့ သတင်း​ကောင်း ကို ​ကြေညာ​ဟော​ပြောဖို့ မိမိတို့၏ သာသ နာနယ်​အသီးသီးသို့ ပြန်​ကြကာ ခရစ်​​တော်​ရဲ့ သတင်း​ကောင်းကို ​ဟော​ပြော ကြမည်​ဖြစ်​ပါသည်​။  
    ဓမ္မ ဆရာ၊ ဆရာမများ၏ တာဝန်​မှာ ​မိမိတို့ ကျရာနယ်​မှ ​ကျောင်းထိုင်​ ရဟန်း များ၏ အလုပ်​များကို ဝိုင်းဝန်းကူညီ လုပ်​​ဆောင်​ပြီး ဘုရားစကား သင်​ကြားခြင်း အမှု ကိုလည်း ပြုလုပ်​ရမည့်​ တာဝန်​များဖြစ်​ပါ သည်​။ ဤ သင်​တန်းဆင်းပွဲတွင်​ ​မြောင်းမြဇုံ မှ ဘာသာသူ သားသမီးများနှင့်​အတူ ရ ဟန်း​တော်​များလည်း လာ​ရောက်​ ပါဝင်​ ဆု​တောင်း ​ပေးကြပါသည်​။
OSC Pathein


2019-04-02 01:40:59
NEWS AND EVENTS