Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး  အစည်း အဝေးပြုလုပ်ခြင်း

    ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး လာရှိုး မြစ်ကြီးနား ဗန်းမော် ဆရာတော် တိုက်နယ် ၃ တိုက်မှ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါသည်။
    ငြိမ်းချမ်းသာယာသော မြန်မာနိုင် ငံတည်ဆောက်ရေးနဲ့ ပက်သက်ပြီး လားရှိုး မြစ်ကြီးနား ဗန်းမော် ဆရာတော်တိုက်နယ် ၃ တိုက်မှ ဆရာတော်များနဲ့ တာဝန် ပေးအပ် ထားသော ဘုန်းတော်ကြီးများနှင့် အထူး ဖိတ်ကြားထားသော ဆရာတော်တိုက်နယ် များမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ လ ၂၇ -၂၈ ရက်တို့တွင် လားရှိုး ဆရာတော်တိုက်နယ် လားရှိုးရက်ကွက်ကြီး ရှိ သခင်ယေဇူးရွှေနှလုံးတော် ကတ်သလစ် ဘုရားကျောင်းဝင်းအတွင်းတွင် ပြုလုပ်ကျင်း ပခဲ့ခြင်းဖြစ်ပါသည်။
    ဆွေးနွေးပွဲတွင် တက်ရောက်လာ ကြသော တာဝန်ရှိသူများသည် ဖေဖေါ်ဝါရီ ၂၆ ရက် အင်္ဂါနေ့ညနေပိုင်းတွင် ရောက်ရှိခဲ့ ကြပြီး ၂၇ ရက် နံနက် (၈) နာရီတွင် ဆရာ တော် ပေါလ်ဂရောင် မှ မစ္ဆားတရားတော်မြတ် ကိုပူဇော် ပေးခဲ့ပြီး အစည်းအဝေးကိုစတင် ခဲ့ပါသည်။
    ၎င်းအစည်းအဝေးကို မနက်(၉)နာရီ အချိန်တွင်စတင်ခဲ့ပြီး ဆရာတော် တိုက်နယ် ၃ ခု မှ ဆွေးနွေးပြီးချိန်တွင် နည်း လမ်း ၆ ခုပါသော အစီစဉ်ကို တိုက်နယ် ၃ ခုတွင် လက်တွေ့အကောင်အထည် ဖော် ဆောင်သွားရန် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
    ၂၈ ရက်နေ့တွင် ဂျက်စွိ ဘုန်းတော် ကြီး ဖာသာရ် အမားမှ ဦးဆောင်ပြီး ငြိမ်း ချမ်းသာယာသော မြန်မာ ကတ်သလစ်သာ သနာနဲ့တာဝန် ခေါင်းစဉ်နဲ့ ပက်သက်ပြီး ဆက်လက် သင်ကြားပို့ချခဲ့ပါသည်။
    မတ်လ ၁ ရက်နေ့တွင် ရဟန်းဝါ တော် (၄၆) ဝါပြည့်နှင့် ဆရာတော်ဝါတော် (၂၅) နှစ်ပြည့် ဂျူဘီလီနေ့ကျရောက်သော အိမ်ရှင်ဆရာတော် ဖိးလ်းလစ် ဇယ်ဟောင်း မှ မစ္ဆားတရားတော်မြတ်ကို ပူဇော်ပေးပြီး အစည်းအဝေး အခမ်းအနားကို အဆုံးသတ် ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင်  တိုက်နယ် တစ်ခုစီမှ တာဝန်ရှိသူ ၂၅ ယောက် တက် ရောက်ရန် သတ်မှတ်ခဲ့သော်လည်း လက် တွေ့လူဦးရေမှာ ၆၀ ကျော်မျှသာရှိခဲ့ပါသည်။
 Banmaw Diocese,Osc FB Page


2019-04-01 22:44:36
NEWS AND EVENTS