Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘို၏ နှစ်သစ်စကားလက်ဆောင်

အားလုံး မင်္ဂလာအပါ….
မိတ်ဆွေအပေါင်း၊ ညီအစ်ကိုမောင်နှမများနဲ့ သားသမီးများ အားလုံးကို ၂၀၁၈ ခုနှစ် နှစ်ဟောင်းအဆုံးနဲ့ ၂၀၁၉ ခုနှစ် နှစ်သစ် အစမှာ နှုတ်ခွန်းဆက်စကား ပြောချင်တာကတော့ ကျွန်ုပ်တို့ နှစ်ဟောင်းအချိန်ကာလဟာ ကုန်လွန်ခဲ့ပြီဖြစ်ပါ တယ်။ ကုန်လွန်ခဲ့သည့်အတိုင်းပဲ အဟောင်းကို ကျွန်ုပ်တို့ဟာ စွန့်ခွာနိုင်ပြီးတော့ အသစ်ဆီကို ခြေလှမ်းဖို့ရန်အတွက် အထူး ပဲ အရေးကြီးပါတယ်။ အင်္ဂလိပ်လို အဆိုရှိပါတယ် "The one that clings to the past has no future" အတိတ်ကို အထူး သဖြင့် နာကြည်းမှုတွေ အဆင်မပြေမှုတွေကို စွဲလန်းနေမယ် ဆိုရင် အနာဂတ်မရှိဘူးတဲ့…။
အဲ့တော့ ကျွန်ုပ်တို့ ပြီးခဲ့တဲ့ ဒီနှစ်ကြီးမှာ အပြစ်ဟူသမျှ အား နည်းချက်ဟူသမျှ ဆိုးရွားခြင်း ဟူသမျှ အားလုံးကို မေ့ထားနိုင် ပြီးတဲ့နောက် ဘုရားရှင်ဆီကို နှစ်သစ်အချိန်မှာ ပြေးဖို့ရန် အရေးကြီးပါတယ်။ နှစ်ဟောင်းအတွင်းမှာ ကိုယ်ပြစ် မှားမိခဲ့တဲ့ အပြစ်တွေအားလုံးကို ဘုရားသခင်ဟာ ခွင့်လွှတ်ပြီး တဲ့နောက် နှစ်သစ်ကို ကူးဖို့ရန်အတွက်လည်းပဲ ဆန္ဒရှိပါတယ်။ ဤနည်း အတိုင်းပဲ နှစ်ဟောင်းမှာ အဆင်မပြေမှုတွေ ဒုက္ခအခက်ခဲ တွေ ကနေပြီးတော့ ကျော်လွှားလာခဲ့တာ ကျွန်ုပ်တို့ဟာ အား လုံးကို မေ့ပျောက်နိုင်ပြီး နှစ်သစ်ကို ကူးနိုင်ဖို့ အတွက် အရေး ကြီးပါတယ်။
အထူးသဖြင့် နှစ်သစ် ကိုကူးတဲ့အခါမှာ ဒီ ၂၀၁၉ ခုနှစ် သည် ငြိမ်းချမ်းသော နှစ်ဖြစ်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့ ဆုတောင်း ရန်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ် တိုင် ပေးခဲ့တဲ့ သတင်းကောင်းကို ကျွန်ုပ်တို့ လက်ခံဖို့ရန် အတွက် ဖြစ်ပါတယ်။ လေးလအတွင်း အပစ်အခတ်များ ရပ်စဲပြီးတဲ့နောက် ငြိမ်းချမ်းခြင်းခရီးလမ်းစဉ်ကို လျှောက်ကြဖို့ အတွက် သူ့ရဲ့ ဖိတ်ခေါ်တဲ့ စကားဖြစ်ပါတယ်။ အဲ့တော့ အစိုးရ အနေနဲ့သော်လည်းကောင်း တပ်မတော်အနေနဲ့ သော်လည်း ကောင်း လက်နက်ကိုင် တိုင်းရင်းသားများ အနေနဲ့သော် လည်းကောင်း ဝမ်းသာဝ မ်းမြှောက်ခြင်းနဲ့ ကျွန်ုပ်တို့ ကြိုဆိုပြီး တော့ နှစ်သစ်မှာ ခွန်အားအသစ်နဲ့ စိတ်ဓာတ်အသစ်နဲ့ ယုံ ကြည်မှုအသစ်နဲ့ ကျွန်ုပ်တို့ ဆက်လက်ပြီး ခရီးလျှောက်ဖို့ရန် အထူးကိုပဲ အရေးကြီးပါတယ်။ အောင်မြင်မယ်လို့လည်း ကျွန်ုပ်တို့ အထူးမေတ္တာပို့သလျှက် ယုံကြည်ကြပါတယ်။
အဲ့ဒီ အတွက်ကြောင့် ကျွန်ုပ်တို့ အားလုံးဟာ တရားမျှတမှု အပေါ်မှာ အခြေခံပြီးတော့ ငြိမ်းချမ်းခြင်းကို ရရှိနိုင်ဖို့ စားပွဲ ဝိုင်းမှာ ဆွေးနွေးနိုင်ဖို့ရန်အတွက် ယုံကြည်မှုနဲ့ ပါဝင်ကြ ဖို့ရန် အထူးပဲဖိတ်ခေါ်တယ်။ 
၂၀၁၉ ခုနှစ်သည် နှလုံးသားတိုင်းမှာ ငြိမ်သက်ခြင်း မိသားစု တိုင်းမှာ အေးချမ်းသာယာခြင်းနဲ့ တိုင်းပြည်မှာ အေးချမ်း သာယာ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုဖြစ်ပါစေလို့ ကျွန်ုပ်တို့အနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။ အားလုံးကို Happy New Year လို့နှုတ်ခွန်းဆက်ပါတယ်။ သာယာသော နှစ်သစ် ဖြစ် ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။


2019-01-22 03:33:40
NEWS AND EVENTS