Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

"အမှောင်ထဲ ပြန်မသွားချင်ကြပါနဲ့၊ ရှေ့အလင်းဆီချီတက်ကြရအောင်"  ကာဒီနယ် ချားလ်စ်ဘို

    "ကျွန်ုပ်တို့ နိုင်ငံရေးကို ကြည့် မလား၊ တိုးတက်လာပြီ၊ လွတ်လပ်လာပြီ စစ်ပွဲတွေ ငြိမ်းလာပြီ၊ ပြန်ပြီးတော့ နှစ်ပေါင်း ၄၀၊ ၅၀ အချိန်ကာလကို ပြန်ပြီးတော့ မပြေးချင်ကြပါနဲ့။ ရှေ့အလင်းဆီကို ချီတက် ကြရအောင်။ ... ဒါတွေတွက် လက်နက်ကိုင် တွေ အကြားမှာ ညှိနှိုင်းမှု ပြုကြရမယ် ဖြစ်ပါတယ်။" ဟု ကာဒီနယ်က စိန်မေရီ ကာသီဒြယ်တွင်  ကျင်းပခဲ့သော သန်းခေါင် ယံ ခရစ္စမတ်ပွဲတော် မစ္ဆား သြဝါဒတွင် ထည့် သွင်း ဟောကြားခဲ့ခြင်းဖြစ်သည်။
    အမှောင်ထဲတွင် နေသားကျနေသူ များသည် အလင်းကို မခံနိုင်ကြကြောင်း အလင်းထံမှ ထွက်ပြေးလိုကြကြောင်း ဥပ မာ ခိုင်းနှိုင်းပြောပြခဲ့သည်။
    "ဒုတိယ ကမ္ဘာစစ်အပြီး နာဇီတွေ ရဲ့ အကျဉ်းစခန်းတွေ ဖွင့်ပြီး အကျဉ်းသား တွေကို လွှတ်လိုက်တဲ့အခါ အားလုံး ပျော် ပျော်ရွှင်ရွှင်နဲ့ အပြေးထွက်လာကြတယ်။ အဲ့ ဒီအချိန်မှာ အံ့အားသင့်စရာ တစ်ခု ဖြစ်ခဲ့ တယ်။ အပြင်ကို ရောက်လာတဲ့ အကျဉ်း သားတွေဟာ ချက်ခြင်းဆိုသလိုပဲ  ထောင် ထဲ  ပြန်ဝင်ပြေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ အမှောင်ခန်းထဲမှာ နှစ်နဲ့ ချီပြီး နေခဲ့ရတော့ အပြင်ထွက်လာတဲ့အခါ သူတို့ မျက်လုံးတွေက အလင်းရဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ မျက်စိစူးတော့ အမှောင်ထဲပဲ ပြန်ပြေးဝင်ခဲ့ကြတယ်။"
    ဆက်လက်ပြီး လူကို အမှောင် ထု ထဲရောက်စေသော အရာမှာ "ရလေ လိုလေ အိုတစ္ဆေဆိုသလိုပဲ၊ အာဏာနဲ့ တဏှာဟာ လူကို အမှောင်ထဲရောက်စေ ပါ တယ်။" ဟု သတိပေးခဲ့သည်။
    "သခင်ခရစ်တော်ကို အားကိုးပြီး အလင်းထဲမှာ နေကြရအောင်" အားပေး ဖိတ်ခေါ်ခဲ့သည်။
    ခရစ္စမတ်ပွဲတော်နေ့ ၂၅ ရက်နေ့ တွင် နံနက် ၁၀း၃၀ နာရီမှ နေ့လည် ၂း၀၀ နာရီအထိ ကာဒီနယ်၏ အိမ်တော် တွင် လူမျိုးမရွေး ဘာသာမရွေး လွတ်လွပ်စွာ ဝင်ရောက် သုံ ဆောင်နိုင်သည့်ဧည့်ခံကျွေး မွေးခြင်းကို ကာဒီနယ်ချားလ်စ်ဘိုနှင့် လက် ထောက်ဆရာတော် ဂျွန်ယောဟန်တို့ ကိုယ် တိုင် ဧည့်ခံကျွေးမွေးခဲ့သည်။
    ခရစ္စမတ်အတွက် ကျွေးမွေးဧည့် ခံခြင်းကို လမ်းပေါ်တွင် တမ်းရမ်းနေသူများ၊ ဆင်းရဲသားများအတွက် အဓိက ရည်ရွယ် သော်လည်း လူပေါင်းစုံ ဝင်ရောက် စား သောက်ခဲ့ကြသည်။
    ကာဒီနယ်က "ကျွန်ုပ်တို့ ဆန္ဒက လူတွေကို စားစရာ ပေးရုံတင်မကဘူး။ သူ တို့နဲ့အတူ ရှိနေချင်တာ။ ဒါကြောင့် ထမင်း ထုတ် ဝေတာ၊ စားစရာပေးတာထက် ဒီမှာ ထိုင်စားစေချင်တယ်။ သူတို့ကို ကိုယ်တိုင် ကိုယ်ကျ ဝေမျှ ကျွေးချင်တဲ့ ဆန္ဒကြောင့် ဒီလို စားပွဲပြုလုပ်တာပါ။"
"ပုံမှန်လုပ်နေကျက ခရစ္စမတ်ဆိုရင် အစိုးရ အဖွဲ့တွေ၊ မြို့ထဲက လူကြီးတွေကို ဖိတ် ခေါ်ပြီး စားသောက်ပွဲလုပ်ကြတာ။ ဒီနှစ်မှာ လူတိုင်းအတွက် အထူး သဖြင့် လမ်းဘေးမှာ နေရသူတွေ၊ ဘယ်သူမှ ဖိတ်ခေါ် ကျွေးမှာ မဟုတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီလို open house အိမ်တံခါးကို ဖွင့်ပြီး အား လုံးကို ကြိုဆိုလက်ခံပြီး တည်ခင်းပေး တာပါ။" ဟု ကာဒီနယ်က ပြောပြခဲ့သည်။
    လူဦးရေး ၅၀၀ ခန့်အတွက် ပြင် ဆင်ထားသော်လည်း ဧည့်ခံချိန်တွင် တစ် ထောင်နီးပါးရှိခဲ့သဖြင့် နီးစပ်ဆိုင်များမှ အ ပြေးအလွှား ဝယ်ခဲ့ကြရသည်ကို တွေ့ခဲ့ရ သည်။ ဆရာတော်ကြီးများကိုယ်တိုင် စားပွဲ ထိုးခဲ့သော ပုံများက ဆိုရှယ်မဒီယာတွင် လူ အများ စိတ်ဝင်စားခဲ့သည်။
CBCM-OSC

NEWS AND EVENTS